နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဆဋ္ဌသင်္ဂါယနာတင် မဟာပါသာဏလိုဏ်ဂူသိမ်တော်ကြီး အကြီးစားပြင်ဆင်မွမ်းမံခြင်းလုပ်ငန်းများဆောင်ရွက်နေမှုအခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေး

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ခရီးစဉ်တွင်လိုက်ပါလာသည့်အဖွဲ့ဝင်များ၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ မြို့တော်ဝန်နှင့်တာဝန်ရှိသူများလိုက်ပါ၍ မေလ ၂၇ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး၊ သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေရှိ ဆဋ္ဌသင်္ဂါယနာတင် မဟာပါသာဏလိုဏ်ဂူသိမ်တော်ကြီး အကြီးစားပြင်ဆင်မွမ်းမံခြင်း လုပ်ငန်းများဆောင်ရွက်နေမှုအခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ရာ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှုများအား ရှင်းလင်းတင်ပြကြပါသည်။

ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်က-

  • မဟာပါသာဏလှိုဏ်ဂူသည် သမိုင်းဝင်သာသနာ့အဆောက်အဦဖြစ်သဖြင့် လှိုဏ်ဂူတော်ပြင်ဆင်ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် စနစ်တကျပြင်ဆင်ထိန်းသိမ်းရန်လိုအပ်ပြီး ရေအသုံးချနိုင်မှုနှင့်မီးစနစ်များ စနစ်တကျရှိရန်လိုကြောင်း။

  • ဟံသာသီရိကုန်းမြေရှိသာသနိက အဆောက်အဦကျောင်းဆောင်များအား ပြုပြင်မွမ်းမံခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် ရေရှည်တည်တံ့စေရေး စနစ်တကျဆောင်ရွက်ရန်နှင့် ဆရာတော်ကြီးများ စိတ်အေးချမ်းသာစွာဖြင့် သီတင်းသုံးနိုင်ရန်လိုကြောင်း။

  • အဆောက်အဦများပြင်ဆင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးချိန်မှသာလျင် လမ်းများအဆင့်မြှင့်တင်ခြင်းလုပ်ငန်းကိုဆောင်ရွက်ရန်လိုပြီး ရေစီးရေလာကောင်းမွန်ရန်နှင့် လမ်းပုခုံးများကို စနစ်တကျဆောင်ရွက်ထားရှိမှသာ လမ်း၏ကြံ့ခိုင်မှုကို ရေရှည်ထိန်းသိမ်းနိုင်မည်ဖြစ်ကြောင်းဖြင့် မှာကြားခဲ့ပါသည်။

 

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် လိုဏ်ဂူတော်ကြီး အကြီးစားပြင်ဆင်မွမ်းမံခြင်းလုပ်ငန်းဆောင်ရွက်ထားရှိမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏တင်ပြချက်များအပေါ် လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ပါသည်။

၁၉၅၄ ခုနှစ်၊ မေလ ၁၀ ရက်တွင် တည်ဆောက်ပြီးစီးခဲ့သော ဆဋ္ဌသင်္ဂါယနာတင် မဟာပါသာဏလိုဏ်ဂူသိမ်တော်ကြီးသည် ယခုအခါ ၆၈ နှစ် ရှိပြီဖြစ်ပြီး ယိုယွင်းပျက်စီး မှုများဖြစ်ပေါ်လာသဖြင့် ၂၀၂၁ ခုနှစ်၊ အောက်တိုဘာ ၈ ရက်၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် လာရောက်စစ်ဆေးစဉ် အကြီးစားပြင်ဆင်မွမ်းမံခြင်းများ ဆောင်ရွက်ရန် လိုအပ်လျက်ရှိကြောင်း သိရှိရသဖြင့် အကြီးစားပြင်ဆင်မွမ်းမံခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ရာ ယခုအခါ ၇၅ ရာခိုင်နှုန်းခန့် ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း သိရှိရပါသည်။

  • နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မေလ ၂၇ ရက်တွင် ဆဋ္ဌသင်္ဂါယနာတင် မဟာပါသာဏလိုဏ်ဂူသိမ်တော်ကြီး အကြီးစားပြင်ဆင်မွမ်းမံခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့။

  • ၁၉၅၄ ခုနှစ်၊ မေလ ၁၀ ရက်တွင် တည်ဆောက်ပြီးစီးခဲ့သော ဆဋ္ဌသင်္ဂါယနာတင် မဟာပါသာဏလိုဏ်ဂူသိမ်တော်ကြီးသည် ယခုအခါ ၆၈ နှစ် ရှိပြီဖြစ်ပြီး ယိုယွင်းပျက်စီးမှုများဖြစ်ပေါ်လာသဖြင့် ၂၀၂၁ ခုနှစ်၊ အောက်တိုဘာ ၈ ရက်၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် လာရောက်စစ်ဆေးစဉ် အကြီးစားပြင်ဆင်မွမ်းမံခြင်းများ ဆောင်ရွက်ရန် လိုအပ်လျက်ရှိကြောင်း သိရှိရသဖြင့် အကြီးစားပြင်ဆင်မွမ်းမံခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ရာ ယခုအခါ ၇၅ ရာခိုင်နှုန်းခန့် ဆောင်ရွက်ပြီးစီးပြီဖြစ်။

Add new comment