မေလ ၂၆ ရက်တွင် တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၊ နတ်အိမ်တောင်ကျေးရွာရှိ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ၏ နေအိမ် ၃ လုံးအား အကြမ်းဖက်သမားများက လာရောက်မီးရှို့သွားခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ပြည်သူ့စစ်တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က အဆိုပါနေရာသို့ နယ်မြေ လုံခြုံရေးလုပ်ငန်းများဆောင်ရွက်ရန် သွားရောက်ခဲ့ရာ နတ်အိမ်တောင်ကျေးရွာ၏ အနောက်တောင်ဘက် ပုလောကုန်းကျေးရွာအနီးသို့အရောက်၌ အကြမ်းဖက်သမားများက လက်နက်ကြီး/လက်နက်ငယ်များဖြင့် စတင်ပစ်ခတ်တိုက်ခိုက်သဖြင့် ပူးပေါင်းအဖွဲ့က ပြန်လည်ပစ်ခတ်ခဲ့ရာ အကြမ်းဖက် သမားများသည် ဖရိုဖရဲဖြင့် ဆုတ်ခွာထွက်ပြေးသွားခဲ့ကြောင်း သိရှိရပါ သည်။
မြန်မာနိုင်ငံတစ်ဝန်း၌ အကြမ်းဖက်မှုကိုလိုလားပြီး အဖျက်အမှောက်လုပ်ရပ်များကို နည်းလမ်းမျိုးစုံဖြင့် လုပ်ဆောင်နေသည့် အကြမ်းဖက်အဖွဲ့များသည် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် တိုက်ပွဲဖြစ်ပွားစဉ် ကျေးရွာများအတွင်း ပြည်သူလူထုနှင့် နေအိမ်များအား အကာအကွယ်အဖြစ်အသုံးချပြီး ဆုတ်ခွာထွက်ပြေးစဉ် ဒလန်၊ တပ်ထောက်ခံ၊ ပျူစောထီးနှင့် စစ်မှုထမ်းဟောင်း/ပြည်သူ့စစ်စသည်ဖြင့် ခေါင်းစဉ်အမျိုးမျိုးပြ၍ စွပ်စွဲပြီး ကျေးရွာအတွင်းမီးရှို့ဖျက်ဆီးခဲ့သည့် စုစုပေါင်းအကြိမ်အရေအတွက် ၈၃ ကြိမ် ရှိပြီဖြစ်ပါသည်။
အဆိုပါ နေအိမ်များအား မီးရှို့ဖျက်ဆီးခဲ့သည့် အကြမ်းဖက်သမားများ ဆုတ်ခွာထွက်ပြေးသွားသည့် နေရာများသို့ ပူးပေါင်းအဖွဲ့က လိုက်လံ၍ အကြမ်းဖက်နှိမ်နင်းရေးနှင့် လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။
- အကြမ်းဖက်သမားများက ပုလောမြို့နယ်၊ နတ်အိမ်တောင်ကျေးရွာရှိ ပြည်သူ့စစ် တပ်ဖွဲ့ဝင်များ၏ နေအိမ်များအား မီးရှို့ဖျက်ဆီးခဲ့။
- ယခုဖြစ်စဉ်အပါ ခေါင်းစဉ်အမျိုးမျိုးပြ၍ စွပ်စွဲပြီး ကျေးရွာအတွင်းမီးရှို့ဖျက်ဆီးခဲ့သည့် ဖြစ်စဉ်စုစုပေါင်း အကြိမ်အရေအတွက် ၈၃ ကြိမ် ရှိပြီဖြစ်။
Add new comment