တရုတ်-မြန်မာနယ်စပ်ကုန်သွယ်ရေးဂိတ် ပြန်လည်ဖွင့်လှစ်

 

ရှမ်းပြည်နယ်(မြောက်ပိုင်း)ရှိ မူဆယ်နယ်စပ်ကုန်သွယ်ရေးတစ်ခုဖြစ်သည့် ကျင်စန်းကျော့ဂိတ်မှတစ်ဆင့်  တစ်ရက်လျှင် ကုန်တင်ယာဉ်အစီးရေ   ၈၀  ခန့်ဖြင့် မြန်မာ-တရုတ် နှစ်နိုင်ငံကြား အပြန်အလှန်ကုန်သွယ်မှုပြုလုပ်လျက်ရှိပါသည်။

ထိုသို့ကုန်သွယ်မှုပြုလုပ်ရာတွင်-

  • မေလ ၁၆ ရက်မှ စတင်ကာ မြန်မာနိုင်ငံမှ ကုန်တင်ယာဉ်များ ကုန်အပြည့်တင်ဆောင်၍ တရုတ်နိုင်ငံသို့ ဝင်ရောက်ရာတွင် အစားထိုးယာဉ်မောင်းစနစ်ဖြင့် တိုက်ရိုက် ဝင်ထွက်ခွင့်ပြုခဲ့ခြင်းဖြစ်ပြီး ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်သည့် စည်းကမ်းချက်များအပါအဝင် ဆက်လက် ဖြေလျှော့မှုများ ပြုလုပ်ပေးလျက်ရှိ။
  • လတ်တလောတွင်   တရုတ်နိုင်ငံသို့ ကျင်စန်းကျော့ဂိတ်မှတစ်ဆင့် မြန်မာနိုင်ငံမှ ထွက်ရှိသည့် လယ်ယာထွက်ကုန်များတင်ပို့နေပြီး တရုတ်နိုင်ငံမှ ဆေးဝါးများ၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများနှင့် ဓာတ်မြေသြဇာ စသည့်ထုတ်ကုန်များကို တင်သွင်းလျက်ရှိ။

လက်ရှိတွင် ရှမ်းပြည်နယ်အတွင်းရှိ မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်ရေးတွင် ကျင်စန်းကျော့ဂိတ် တစ်ခုတည်းသာ ဖွင့်လှစ်ထားပြီး  ကျယ်ဂေါင်ဂိတ်၊ ဆင်ဖြူဂိတ်၊ မန့်ဝိန်းဂိတ်၊ ချင်းရွှေဟော်ဂိတ်နှင့် နန်းတော်ဂိတ်တို့ကို ဖွင့်လှစ်ထားခြင်း မရှိသေးကြောင်း သိရှိရပါသည်။    

 

  • မူဆယ်နယ်စပ်ကုန်သွယ်ရေးတစ်ခုဖြစ်သည့် ကျင်စန်းကျော့ဂိတ်မှတစ်ဆင့် တစ်ရက်လျှင် ကုန်တင်ယာဉ်အစီးရေ  ၈၀  ခန့်ဖြင့် မြန်မာ-တရုတ် နှစ်နိုင်ငံကြား အပြန်အလှန် ကုန်သွယ်မှုပြုလုပ်လျက်ရှိ။
  • တရုတ်နိုင်ငံသို့ ကျင်စန်းကျော့ဂိတ်မှတစ်ဆင့် မြန်မာနိုင်ငံမှ ထွက်ရှိသည့်လယ်ယာထွက်ကုန်များ တင်ပို့နေပြီး တရုတ်နိုင်ငံမှ ဆေးဝါးများ၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများနှင့် ဓာတ်မြေသြဇာစသည့် ထုတ်ကုန်များကို တင်သွင်းလျက်ရှိ။

Add new comment