မြန်မာနိုင်ငံမှာ ပြည်သူလူထု အမှန်တကယ်လိုလားတောင့်တနေတဲ့ ပါတီစုံဒီမို ကရေစီစနစ် ပေါ်ထွန်းလာစေဖို့ တပ်မတော်က ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲခဲ့ပြီး နဝတ၊ နယက အစိုးရကနေ ပါတီစုံဒီမိုကရေစီစနစ် ဦးဆောင်ပြောင်းလဲ ပေးခဲ့တာ အားလုံးအသိဘဲ ဖြစ်ပါတယ်။
အဲ့သလို ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲကာ ပါတီစုံဒီမိုကရေစီစနစ်သို့ ပြောင်းလဲပေးခဲ့ပြီးနောက် ရွေးကောက်ခံအစိုးရ ၂ ရပ် ၁၀ နှစ်ကြာ အုပ်ချုပ်ခဲ့ကြရာမှာ ဒုတိယသက်တမ်း NLD ပါတီ အစိုးရလက်ထက်မှာတော့ တစ်ပါတီအာဏာရှင်ဆန်ဆန် ဖြစ်ခဲ့ပြီး သူ့ပါတီ၊ သူ့အစိုးရအာဏာလက်မလွတ်ရစေရေးအတွက် ပြီးခဲ့တဲ့ ရွေးကောက် ပွဲမှာ မဲမသမာမှုအကြီးအကျယ်ပြုလုပ်ပြီး နိုင်ငံတော်အာဏာကို အတင်းအဓမ္မနည်းနဲ့ ရယူဖို့ လုပ်ဆောင်ခဲ့တဲ့အတွက် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ တပ်မတော်က မလွှဲမရှောင်သာ အာဏာထိန်းခဲ့ရတာ အားလုံးအသိဖြစ်ပါတယ်။ အဲ့သလို တပ်မတော်က အာဏာထိန်းခဲ့တာကို အာဏာသိမ်းတဲ့စစ်အစိုးရအဖြစ် ရှုမြင်စေရန် NLD ပါတီဝင်များနဲ့ ၎င်းပါတီအပေါ် ဝန်းရံသူများအချို့က လှုံ့ဆော်လုပ်ဆောင်ခဲ့တဲ့အတွက် နိုင်ငံတစ်ဝန်း ဆန္ဒပြမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။
ဆန္ဒပြမှုတွေကို လေ့လာကြည့်ရင် ပထမအဆင့်အနေဖြင့် ဖေဖော်ဝါရီလ ပထမ နှင့် ဒုတိယသီတင်းပတ်အတွင်းမှာ အာဏာထိန်းတာကို မကြိုက်ကြတဲ့၊ တစ်နည်းအား ဖြင့် စစ်တပ်အုပ်ချုပ်မှုကို မလိုလားတဲ့ ပြည်သူအများအပြားက မိမိတို့ရဲ့သဘောထား များကို ထုတ်ဖော်ပြသတဲ့ ငြိမ်းချမ်းစွာဆန္ဒပြမှု (Peaceful Protest) ပြုလုပ်ခဲ့ကြ ပါတယ်။ ဒီအဆင့်မှာ စစ်အုပ်ချုပ်ရေးကို မလိုလားတဲ့ ပြည်သူလူထု လူတန်းစား ပေါင်းစုံ ဆန္ဒဖော်ထုတ်ခဲ့ကြတာဖြစ်ပါတယ်။ အုပ်ချုပ်သူနဲ့ ပြည်သူများအကြား အဓိက ကွဲပြားချက်ကတော့ တပ်မတော်က နိုင်ငံတော်အာဏာကို ဖွဲ့စည်းပုံအခြေခံဥပဒေ အရ ထိန်းသိမ်းခြင်းဖြစ်ကြောင်း တရားဝင်ရှင်းလင်းပြောကြားခဲ့ပေမယ့် ပြည်သူအချို့ ကတော့ အာဏာသိမ်းတဲ့ဖြစ်ရပ်လို့သာ သဘောပေါက်နားလည်ပြီး စစ်တပ်ရဲ့အုပ်ချုပ် မှုကို မလိုလားကြောင်း နိုင်ငံတစ်ဝန်း ဆန္ဒဖော်ထုတ်မှုများ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။
ဒါပေမယ့်လဲ ဖေဖော်ဝါရီလ တတိယသီတင်းပတ်မှစတင်ပြီး ယခင်ငြိမ်းချမ်းစွာ ဆန္ဒပြမှုတွေဟာ CDM လှုပ်ရှားမှုများ၊ CRPH အဖွဲ့ရဲ့ သွေးထိုးလှုံ့ဆော်မှုများ၊ ပြည်တွင်း/ပြည်ပဘေးပယောဂတွေကြောင့် လူစုလူဝေးနဲ့ဆူပူဆန္ဒပြမှု (Riot) အသွင် ဒုတိယအဆင့်ကို ကူးပြောင်းခဲ့ပါတယ်။ ဒီအဆင့်မှာတော့ NLD ပါတီဝင်များနဲ့ NLD ပါတီကို ဝန်းရံထောက်ခံအားပေးသူများဟာ စစ်တပ်အာဏာထိန်းမှုကို နားလည်လက်ခံ ခြင်းမပြုဘဲ အာဏာသိမ်းတဲ့အသွင် ပုံဖော်လှုံ့ဆော်ခဲ့ပြီး ၎င်းတို့ရဲ့ သွေးထိုးလှုံ့ဆော် မှုတွေအရ COVID-19 ကပ်ရောဂါရဲ့ ကာလရှည်ကြာဖိစီးနှိပ်စက်မှုကြောင့် စိတ်ပင်ပန်း နွမ်းနယ်လျက်ရှိတဲ့ ပြည်သူလူထု၏ စိတ်ခံစားချက်ကို မြင့်တက်အောင်လုပ်ဆောင်ပြီး လူစုလူဝေးနဲ့ ဆူပူဆန္ဒပြမှုတွေ အရှိန်အဟုန်မြင့်တက်စေရန် ဖန်တီးလုပ်ဆောင်ခဲ့ ကြပါတယ်။ ဒီလိုလုပ်ဆောင်ရာမှာ လုံခြုံရေးတပ်ဖွဲ့ဝင်များနဲ့ ပြည်သူများအကြား အဓိကကွဲလွဲချက်ကတော့ လုံခြုံရေးတပ်ဖွဲ့ဝင်များက စိတ်ရှည်သည်းခံစွာဖြင့် အနိမ့်ဆုံး အဆင့်၊ အနည်းဆုံးအင်အားဖြင့် ထိခိုက်မှုအနည်းဆုံးဖြစ်စေရန် ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ခဲ့တာကို တွေ့ရမှာဖြစ်ပြီး ဆန္ဒဖော်ထုတ်သူတွေကတော့ ငြိမ်းချမ်းစွာဆန္ဒပြမှု များမှတစ်ဆင့် လူစုလူဝေးဖြင့် ဆူပူဆန္ဒပြမှုများတွေ လုပ်ဆောင်ခဲ့ကြတာဖြစ်ပါတယ်။ နောက်ကွယ်မှ ကြိုးကိုင်လှုပ်ရှားသူတွေက Gen Z လို့ခေါ်တဲ့ လူငယ်တွေကို ဆန္ဒပြမှု များ၌ ရှေ့တန်းမှာပါဝင်စေရေး အသုံးချလှုံ့ဆော်လုပ်ဆောင်လာခဲ့ကြတာ အားလုံးအသိ ဘဲဖြစ်ပါတယ်။
ဖေဖော်ဝါရီလ စတုတ္ထသီတင်းပတ်အတွင်းမှာတော့ ဆန္ဒပြမှုတွေဟာ CDM လှုပ် ရှားမှုတွေနဲ့ပေါင်းစပ်ပြီး အစိုးရအုပ်ချုပ်ရေးယန္တရား ရပ်ဆိုင်းစေရေး ရည်ရွယ်ချက်နဲ့ အရှိန်မြှင့်လုပ်ဆောင်ခဲ့ရာမှ လူစုလူဝေးနဲ့ဆူပူဆန္ဒပြမှုအဆင့် (Riot) အသွင်မှ မင်းမဲ့ စရိုက်ပုံစံ လူစုလူဝေးနဲ့ဆူပူအကြမ်းဖက်ဆန္ဒပြမှု (Anarchy Mob) အသွင် စတုတ္ထ အဆင့်သို့ ပြောင်းလဲလာခဲ့ပါတယ်။ ဒီအဆင့်မှာ ငြိမ်းချမ်းစွာဆန္ဒပြလိုသူများ မပါဝင် တော့ဘဲ NLD ပါတီဝင်များနှင့် NLD ပါတီဝန်းရံထောက်ခံသူအစွန်းရောက်များက “ငါနှင့်မတူငါ့ရန်သူ” ဟု သဘောထားပြီး ဆူပူဆန္ဒပြမှုများကို မထောက်ခံသူတွေကို လူစုလူဝေးနဲ့ ဖမ်းဆီးအကြမ်းဖက်သတ်ဖြတ်ခြင်းအထိ လုပ်ဆောင်လာခဲ့ကြပါတယ်။ ကြေးစားလူမိုက်လူရမ်းကားတွေ၊ စိတ်ခံစားမှုမြင့်တက်လွယ်သည့် လူငယ်တွေကို သွေးထိုးမြှောက်ပင့်၍ လုံခြုံရေးတပ်ဖွဲ့ဝင်တွေအပေါ် တုံ့ပြန်ရန်ပြုတိုက်ခိုက်မှုများ လုပ် ဆောင်ခဲ့ကြပါတယ်။
လုံခြုံရေးတပ်ဖွဲ့ဝင်များအနေနဲ့ ဆူပူအကြမ်းဖက်သူများရဲ့ ရန်ပြုတိုက်ခိုက်လာ မှုတွေကို မလွှဲမရှောင်သာ တားဆီးဖြိုခွင်းခဲ့ရာမှာ ထိခိုက်သေဆုံးမှုတစ်ချို့ ရှိလာခဲ့ပြီး အဲ့သလို ထိခိုက်သေဆုံးမှုတွေကို အကြောင်းပြုပြီးတော့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက အပြစ်မဲ့ပြည်သူတွေကို အကြောင်းမဲ့ ဖိနှိပ်သတ်ဖြတ်နေတယ်ဆိုတဲ့ ဝါဒဖြန့်မှုတွေ ထွက်ပေါ်လာခဲ့ပါတယ်။ အဲ့ဒီဝါဒဖြန့်မှုတွေကို CRPH နဲ့ အခြားမြေပေါ်မြေအောက်အဖွဲ့ အစည်းတွေ၊ တရားဝင်/တရားမဝင် မီဒီယာတွေနဲ့ လူမှုကွန်ရက်တွေက ဟန်ချက်ညီညီ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်လာခဲ့ကြလို့ မသိမနားလည်တဲ့ ပြည်သူအချို့က ဝါဒဖြန့် မှုတွေကို ယုံကြည်ခဲ့ကြပါတယ်။ ဒါ့အပြင် လုံခြုံရေးတပ်ဖွဲ့တွေရဲ့ အကြောင်းမဲ့နှိပ်စက် သတ်ဖြတ်ခံနေရတဲ့ပြည်သူတွေကို ပြည်ပနိုင်ငံတွေက ဝင်ရောက်ကယ်တင်တော့မယ် ဆိုတဲ့ လုပ်ကြံဖန်တီးထားတဲ့ စိတ်ကူးယဉ်ဇာတ်လမ်းတွေကြောင့် ပြည်သူများအကြား R2P မျှော်ကိုးမှုများ မြင့်တက်ခဲ့ပါသေးသည်။
R2P မျှော်လင့်ချက်နဲ့ အသုံးချခံနေရပြီး နိုင်ငံရေးအရောင်အသွေးမရှိတဲ့ Gen Z တွေ ထိခိုက်သေဆုံးမှုများ များပြားလာချိန်မှာ NLD အစွန်းရောက်တွေရဲ့ ကြိုးကိုင် ခြယ်လှယ်မှု၊ နောက်ကွယ်မှ ထောက်ပံ့မှုတွေနဲ့ အကြမ်းဖက်ဆူပူဆန္ဒပြမှုများ အရှိန်မြှင့် တက်လာခဲ့ပြီး Anarchy Mob မှတစ်ဆင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား ရရာလက်နက် များနဲ့ တုံ့ပြန်တိုက်ခိုက်တဲ့ Insurrection အဆင့်သို့ ကူးပြောင်းရောက်ရှိခဲ့ပါတယ်။ ဒီအဆင့်မှာ ပါဝင်လှုပ်ရှားသူတွေကတော့ NLD အစွန်းရောက်များ၊ အခကြေးငွေယူပြီး ဆောင်ရွက်တဲ့ ကြေးစားအကြမ်းဖက်သမားများ၊ မြို့ရွာအသီးသီးရှိ လူရမ်းကားများ ဖြစ်ပြီး ရရာလက်နက်စွဲကိုင်ကာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေအပေါ် တုံ့ပြန်တိုက်ခိုက်မှုတွေ၊ စက်ရုံ/အလုပ်ရုံများ မီးရှို့ဖျက်ဆီးလုယက်မှုတွေ ပြုလုပ်ခဲ့ကြပါသည်။ R2P မျှော်လင့်ချက် မှေးမှိန်လာတဲ့အချိန်မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဆီ ထွက်ပြေးပြီး ဖက်ဒရယ် အာမီကြွေးကြော်သံနဲ့ စိတ်ကူးပုံဖော်ခဲ့ကြပါသေးတယ်။ အဓိကရည်မှန်းချက်ကတော့ အစိုးရရဲ့ အုပ်ချုပ်မှုယန္တရား ရပ်ဆိုင်းစေရေးအတွက် ဆူပူအကြမ်းဖက် ဆန္ဒပြမှုတွေကို လက်နက်ကိုင်ပုန်ကန်ထကြွမှုအသွင် အဆင်အခြင်မဲ့ လုပ်ဆောင်ခဲ့ကြတာဖြစ်ပါတယ်။
ဆူပူဆန္ဒပြသူများဟာ မတ်လ ၂၇ ရက် ဖက်ဆစ်တော်လှန်ရေးနေ့ဟု သတ်မှတ်ပြီး တစ်နိုင်ငံလုံးအနှံ့ ရဲစခန်းများအား လက်လုပ်သေနတ်များ၊ လက်လုပ်ဗုံးနှင့် လက်ပစ်ဗုံးများ အသုံးပြုတိုက်ခိုက်ခဲ့ကြပြီး ဧပြီလ လဆန်းမှစတင်ကာ အုပ်ချုပ်ရေးမှူးရုံးများ၊ စာသင် ကျောင်းများ၊ မော်တော်ယာဉ်လိုင်းများ၊ တပ်မတော်ပိုင်စီးပွားရေးလုပ်ငန်းများကို မီးရှို့ ဖျက်ဆီးခြင်းစတဲ့ အကြမ်းဖက်လုပ်ရပ်တွေ လုပ်ဆောင်လာခဲ့ကြပါတယ်။ ဒီအဆင့်မှာတော့ NLD အစွန်းရောက်များရဲ့ ဦးဆောင်ပါဝင်မှု၊ သွေးထိုးမြှောက်ပင့်ပေးမှုဖြင့် Insurrection အဆင့်မှ Terrorism အဆင့်သို့ ကူးပြောင်းလုပ်ဆောင်လာလျက်ရှိတာ တွေ့မြင်ရပါတယ်။
ဒါကြောင့် ဒီမိုကရေစီအရေး ငြိမ်းချမ်းစွာဆန္ဒပြမှုများတွေဟာ နိုင်ငံတော်အစိုးရ ယန္တရားဖျက်ဆီးလိုသူ ပြည်တွင်း/ပြည်ပသစ္စာဖောက်များ၏လုပ်ရပ်ကြောင့် Insurrection အဆင့်မှ Terrorism အဆင့်သို့ ရောက်ရှိလာခဲ့ပြီး တည်ငြိမ်အေးချမ်းစွာ နေထိုင်လိုတဲ့ ပြည်သူတွေကို စိုးရိမ်ထိတ်လန့်မှုများ ဖြစ်စေလျက်ရှိတာ တွေ့မြင်ရပါတယ်။
ဖြစ်ပေါ်ခဲ့သည့် ဆူပူမှုအဆင့်များကို လေ့လာကြည့်မယ်ဆိုရင် အောက်ပါဇယား အတိုင်း အဆင့်ဆင့်အသွင်ပြောင်းလဲလာတာ တွေ့ရမှာဖြစ်ပါတယ်-
အဆင့် |
လှုပ်ရှားမှု |
ရည်ရွယ်ချက် |
ပါဝင်သူ |
ပထမအဆင့် |
ငြိမ်းချမ်းစွာဆန္ဒဖော်ထုတ်မှု (Peaceful Protest) |
စစ်အာဏာသိမ်းမှုမလိုလား |
လူတန်းစားပေါင်းစုံ |
ဒုတိယအဆင့် |
လူစုလူဝေးဆူပူဆန္ဒပြမှု (Riot) |
NLD အာဏာပြန်ရရေး |
NLD ထောက်ခံသူများ၊ နိုင်ငံရေးသမားများ၏ အသုံးချခံလူငယ်များ၊ CDM ဝန်ထမ်းများ။ |
တတိယအဆင့် |
လူစုလူဝေးဖြင့်ဆူပူအကြမ်းဖက်ဆန္ဒပြမှု (Anarchy Mob) |
အစိုးရယန္တရားရပ်ဆိုင်းရေး |
NLD ထောက်ခံသူများ၊ အသုံးချခံလူငယ်များ၊ အခကြေးငွေဖြင့် လုပ်ဆောင် သူများ။ |
စတုတ္ထအဆင့် |
ရရာလက်နက်ဖြင့်တိုက်ခိုက်ခြင်း (Insurrection) |
တရားဥပဒေအရအရေးယူမခံရရေး၊ အစိုးရအုပ်ချုပ်မှုယန္တရားပျက်စီးရေး
|
NLD အစွန်းရောက်များ၊ ကြေးစားလူဆိုးလူမိုက် လူရမ်းကားများ၊ ဝရမ်းပြေးများ။ |
ပဉ္စမအဆင့် |
အကြမ်းဖက်တိုက်ခိုက်ခြင်း (Terrorism) |
အလုံးစုံပျက်သုဉ်းရေး |
NLD အစွန်းရောက်များ၊ ကြေးစားလူဆိုးလူမိုက် လူရမ်းကားများ၊ ဝရမ်းပြေးများ။ |
ဒီလှုပ်ရှားမှုအဆင့်တွေကို ကြည့်မယ်ဆိုရင် တတိယအဆင့် Anarchy Mob မှ စတင်ပြီး တည်ငြိမ်အေးချမ်းစွာနေထိုင်လိုတဲ့ ပြည်သူတွေက ဆန္ဒပြမှုများမှာ ပါဝင်ခြင်း မရှိတော့သလို ခြိမ်းခြောက်အကြပ်ကိုင်မှုကြောင့် လိုက်ပါလုပ်ဆောင်မှုတွေလဲ မရှိတော့ တဲ့အတွက် ဆန္ဒပြသူအင်အားများ လျော့နည်းခဲ့ပါတယ်။ ဒါပေမယ့် အစိုးရယန္တရား ပျက်ပြားစေရေးနှင့် ဥပဒေကြောင်းအရ ရင်မဆိုင်ရဲသူ ဝရမ်းပြေးများရဲ့ နောက်ကွယ်မှ ကြိုးကိုင်လှုပ်ရှားတွေကြောင့် အကြမ်းဖက်အဖျက်လုပ်ရပ်များ လက်နက်ကိုင်အကြမ်း ဖက်အုံကြွပုန်ကန်မှုများ၊ အကြမ်းဖက်လုပ်ရပ်များ ပိုမိုဖြစ်ပွားလာတာကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။
အဓိကလားရာကတော့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (နစက) ပြုတ်ကျပြီး တိုင်းပြည်တည်ငြိမ်မှုကင်းမဲ့ကာ နိုင်ငံတော်အုပ်ချုပ်မှုယန္တရားပျက်စီးတဲ့အတွက် နိုင်ငံ တကာမှ ဝင်ရောက်ထိန်းသိမ်းပေးရန် တောင်းဆိုတဲ့ ၎င်းတို့ရဲ့ ကျွန်သဘောက် စိတ်ဓာတ်လုပ်ရပ်များကို ရှုမြင်နိုင်ပါတယ်။
အဓိကဇာတ်ကောင်တွေကတော့ CRPH ဝရမ်းပြေးများ၊ ဒေါ်အောင်ဆန်းစုကြည် အပေါ် ပုဂ္ဂိုလ်ရေးကိုးကွယ်မှု အလွန်အမင်း ချစ်ခင်စိတ်ရှိနေသော သာမန်ပြည်သူအချို့၊ NLD အာဏာပြန်လည်ရရှိရေးလိုလားသော NLD အစွန်းရောက်ပါတီဝင်များနှင့် ဝန်းရံ သူများဖြစ်ကြောင်း ၎င်းတို့၏လုပ်ရပ်တွေအရ သက်သေခံလျက်ရှိနေပါတယ်။
ဒီမိုကရေစီအရေးမှသည် အာဏာထိန်းအစိုးရလက်မခံရေး၊ ၎င်းမှတစ်ဆင့် NLD ပါတီအာဏာပြန်လည်ရရှိရေး၊ ထိုမှတစ်ဆင့် အစိုးရအုပ်ချုပ်မှုယန္တရားရပ်ဆိုင်းရေး၊ ၎င်း မှတစ်ဆင့် နိုင်ငံတော်အလုံးစုံပျက်စီးရေးဆိုတဲ့ လားရာသို့ ဦးတည်နေတဲ့ လုပ်ရပ်များဟာ လက်ရှိဆန္ဒပြမှုတွေရဲ့ ဖုံးကွယ်လို့မရတဲ့ နောက်ကွယ်မှှ အမှန်တရားတစ်ခုအဖြစ် တွေ့မြင်နိုင်ပါတယ်။
တည်ငြိမ်အေးချမ်းပြီး စည်းလုံးညီညွတ်တဲ့ နိုင်ငံတော်တည်ဆောက်ဖို့ဆိုရင် အဆိုပါပြည်တွင်း/ပြည်ပ အဖျက်သမားတွေရဲ့ ရန်စွယ်ကို စုပေါင်းတွန်းလှန် ကာကွယ် ကြရမှာ မလွဲဧကန်ဖြစ်ပါတယ်။ ပြည်သူတွေလိုလားတဲ့ ပါတီစုံဒီမိုကရေစီစနစ် ရှင်သန်စေရေး၊ ရိုးသားတဲ့နိုင်ငံရေးပါတီများ အားကောင်းပြီး အရည်အချင်းရှိတဲ့ အစိုးရပေါ်ထွန်းစေရေးတို့အတွက် ပွင့်လင်းမြင်သာတဲ့ ရွေးကောက်ပွဲတစ်ရပ် မဖြစ်မနေ ပြန်လည်ကျင်းပပေးရမှာဖြစ်ပါတယ်။ ပွင့်လင်းမြင်သာတဲ့ရွေးကောက်ပွဲတစ်ရပ် ပြန်လည် ကျင်းပပေးမယ်လို့လဲ အာဏာထိန်းထားတဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက အခိုင် အမာ ကတိပြုထားပြီး အများသိကြေညာထားပြီး ဖြစ်ပါတယ်။
ရွေးကောက်တင်မြှောက်တဲ့ အစိုးရတစ်ရပ်ပေါ်ပေါက်ရေးသည်သာလျှင် လက်ရှိ နိုင်ငံရေး အကျပ်အတည်းရဲ့ထွက်ပေါက်တစ်ခုဘဲ ဖြစ်ပါတယ်။ အဲ့သလိုမဟုတ်ဘဲ မိမိပါတီအာဏာပြန်လည်ရရှိရေးအတွက် အစွန်းရောက်ပါတီဝင်တွေကို သွေးထိုး မြှောက်ပင့်ပြီး တိုင်းပြည်ကိုအလုံးစုံပျက်သုဉ်းစေမယ့် အကြမ်းဖက်အဖျက်လုပ်ရပ်တွေကို လက်ရှိနိုင်ငံရေးအကျပ်အတည်းရဲ့ ထွက်ပေါက်အဖြစ် လုပ်ဆောင်နေခြင်းဟာ ပြည်သူ လူထုအတွက် ထိခိုက်နစ်နာဆုံးရှုံးမှုများစွာ ခံစားနေရတယ်ဆိုတာ သတိပြုသင့်ပါ တယ်။
လက်ရှိအစိုးရ (နစက) အုပ်ချုပ်လို့မရအောင် သာမန်ရိုးသားတဲ့ပြည်သူတွေ၊ နိုင်ငံ ရေးအရောင်အသွေးမရှိတဲ့ လူငယ်တွေကိုအသုံးချပြီး သူပုန်ထ၊ အဖျက်သမားများ ဖြစ်အောင်လုပ်ဆောင်နေခြင်းဟာဆိုရင် တိုင်းပြည်ရဲ့အနာဂတ်အတွက် လွန်စွာအန္တရာယ် ရှိတဲ့ လုပ်ရပ်တွေဘဲဖြစ်ပါတယ်။
ဒါကြောင့် ပြည်သူတွေအနေနဲ့ လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအခြေအနေများရဲ့ နောက်ကွယ်မှ အမှန်တရားများကို မှန်ကန်စွာရှုမြင်ပြီး နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး နဲ့တရားဥပဒေစိုးမိုးရေးအတွက် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားကြဖို့ တိုက်တွန်းလို ပါတယ်။ လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေးမုန်တိုင်းအကြား ပြည်သူများအနေနဲ့ အမှန်၊ အမှားခွဲခြားသိမြင်ပြီး တည်ငြိမ်အေးချမ်းတဲ့ လူမှုဘဝပတ်ဝန်းကျင်ကောင်းများ ဖန်တီး နိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ရပါတယ်။
မင်းခန့်