နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း အမျိုးသားခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီ အစည်းအဝေး (၁/၂၀၂၂) သို့ တက်ရောက်အမှာစကားပြောကြား

 

အမျိုးသားခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီအစည်းအဝေး (၁/၂၀၂၂)ကို မေလ ၂၇ ရက်တွင် နေပြည်တော်ရှိ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ကျောက်စိမ်းခန်းမ၌ကျင်းပခဲ့ရာ အမျိုးသားခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း တက်ရောက်အမှာစကားပြောကြားခဲ့ပါသည်။

  • ကိုဗစ်-၁၉ ရောဂါကို ကမ္ဘာ့ကပ်ရောဂါအဖြစ်ကြေညာခဲ့သည့် နောက်ပိုင်းတွင် ခရီးသွားလုပ်ငန်းအားလုံးနီးပါး ရပ်တန့်ခဲ့သည့်အတွက် ၂၀၂၀ ပြည့်နှစ်တွင် မြန်မာနိုင်ငံသို့ ခရီးသည် ၀ ဒသမ ၉ သန်းသာဝင်ရောက်ခဲ့ပြီး ၂၀၁၉ ခုနှစ်နှင့် နှိုင်းယှဉ်ပါက ၇၉ ရာခိုင်နှုန်း လျော့နည်းခဲ့ ကြောင်းနှင့် ၂၀၂၁ ခုနှစ်တွင်လည်း မြန်မာနိုင်ငံသို့ ခရီးသည် ၀ ဒသမ ၁၃ သန်းသာ ဝင်ရောက်ခဲ့ကြောင်း။
  • ယခုအခါတွင် ကမ္ဘာ့နိုင်ငံအသီးသီးသည် ရောဂါကူးစက်မှုများကို ထိန်းချုပ်လာနိုင်သည်နှင့်အမျှ ခရီးသွားလုပ်ငန်းများ ပြန်လည်စတင်ဆောင်ရွက်နေကြပြီဖြစ်ကြောင်း။
  • မြန်မာနိုင်ငံအနေဖြင့် နိုင်ငံတကာပုံမှန်လေကြောင်းခရီးစဉ်များကို ဧပြီလ ၁၇ ရက်တွင် စတင်ပျံသန်း ပြေးဆွဲခွင့်ပြုခဲ့သည့်အတွက် မေလ ၂၅ ရက်ထိ နိုင်ငံတကာပုံမှန်လေကြောင်းလိုင်းများဖြင့် ပြည်တွင်းခရီးသည် ၂၀,၆၅၇ ဦးနှင့် နိုင်ငံခြားသား ခရီးသည် ၅,၅၆၁ ဦး ဝင်ရောက်ခဲ့ပြီး တစ်ရက်လျှင် ပျမ်းမျှလေကြောင်းလိုင်း ၉ လိုင်း၊ လေယာဉ်ခရီးစဉ် ၂၈၂ ခေါက် ဆင်းသက်ပျံသန်းလျက်ရှိကြောင်း။
  • ခရီးသွားလုပ်ငန်ဆိုင်ရာများနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံတွင် ခရီးသွားဧည့်သည်များကို ဆွဲဆောင်နိုင်မည့် နေရာဒေသများစွာရှိသောကြောင့် ထိုသို့ရှိပြီးသော စိတ်ဝင်စားဖွယ်ဆွဲဆောင်မှုအရာများကို နေရာဒေသအလိုက် အမိအရဖမ်းဆုပ်နိုင်ရန်လိုကြောင်း။
  • မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ကာကွယ်ဆေး ထိုးနှံမှုများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ မေလ ၂၅ ရက်ထိ လူဦးရေ စုစုပေါင်း ၃၃ ဒသမ ၃ သန်းကျော် ကာကွယ်ဆေးထိုးနှံပြီးဖြစ်ကြောင်း။
  • ကာကွယ်ဆေးအပြည့်အဝထိုးနှံပြီးစီးမှု တိုးတက်လာသည်နှင့်အမျှ ရောဂါကူးစက်မှုနှုန်းများ လျော့ကျလာပြီး ခရီးသွားကန့်သတ်ချက်များ ဖြေလျှော့ကာ ခရီးသွားလာမှုများ၊ ခရီးသွားနှင့်ဆက်စပ်လုပ်ငန်းများ အမြန်ဆုံးပြန်လည်စတင် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း။
  • နိုင်ငံတကာခရီးသွားဧည့်သည်များသည် မြန်မာနိုင်ငံသို့ နယ်စပ်ဝင်ပေါက်များမှတစ်ဆင့် လာရောက်လည်ပတ်ကြသည့်အတွက် နယ်စပ်ဝင်ပေါက်များ ပြန်လည်ဖွင့်လှစ်သွားနိုင်ရန် စဉ်းစားဆောင်ရွက်သွားရမည်ဖြစ်ကြောင်း။
  • ကိုဗစ်ကာလအလွန်တွင် နိုင်ငံတကာခရီးသွားများသည် လူနေထူထပ်သည့် မြို့ကြီးပြကြီးများကို သွားလာလည်ပတ်ခြင်းထက် လေကောင်းလေသန့်ရသည့်  ကျေးလက်ဒေသများကို ပိုမိုနှစ်သက်လာကြောင်း။
  • မိမိတို့ခရီးစဉ်ဒေသသည် COVID Safe Destination ဖြစ်ခြင်းနှင့် သတ်မှတ်ထားသည့် Health & Safety Protocol များအတိုင်း ဆောင်ရွက်ထားခြင်းစသည့် အချက်များသည် မိမိတို့ခရီးစဉ်ဒေသကို မြှင့်တင်ကြော်ငြာဆွဲဆောင်ရာတွင် အထိရောက်ဆုံး Marketing နှင့် Promotion Tools များဖြစ်လာမည်ဖြစ်ကြောင်း။
  • ကပ်ရောဂါကာလအတွင်း ခရီးသွားများသည် Online နှင့် Digital Platform ကို ယခင်ကထက် ပိုမိုကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလာကြမည်ဖြစ်သည့်အတွက် ပြောင်းလဲတိုးတက်လာသည့် နည်းပညာကို အကောင်းဆုံး အသုံးချကြရမည်ဖြစ်ကြောင်း။
  • မြန်မာနိုင်ငံ၏မတူကွဲပြားသည့် ရိုးရာယဉ်ကျေးမှုနှင့် ဓလေ့ထုံးစံများ၊ ကိုးကွယ် ယုံကြည်မှု၊ ဘာသာရေးဆိုင်ရာ ပွဲတော်အခမ်းအနားများနှင့် တောတောင်ရေမြေ သဘာဝအလှအပများသည် ခရီးသွားလုပ်ငန်းအမျိုးမျိုးကို ဖော်ဆောင်နိုင်သည့် တန်ဖိုးမဖြတ်နိုင်သည့် အရင်းမြစ်ကောင်းများဖြစ်ကြောင်း။
  • ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းကဏ္ဍတွင် နိုင်ငံတော်သို့ ပေးသွင်းရမည့် အခွန်အခများ ကိုလည်း လုပ်ငန်းရှင်များအနေဖြင့် မပျက်မကွက်ပေးသွင်းနိုင်ရေး ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီများက ဦးဆောင်ကြပ်မတ်သွားကြရမည်ဖြစ်ကြောင်း။
  • မြန်မာနိုင်ငံအနေဖြင့် ခရီးစဉ်ဒေသများတွင် မသန်စွမ်းခရီးသွားများ အလွယ်တကူ သွားလာနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရန် လိုအပ်သကဲ့သို့ မသန်စွမ်းများအတွက် ခရီးသွားလုပ်ငန်းဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများကို ဖန်တီးပေးနိုင်ရန် စဉ်းစားကြရ မည်ဖြစ်ကြောင်း။
  • သို့မှသာ မြန်မာနိုင်ငံသည် ခရီးသွားဧည့်သည်အားလုံးကို လက်ခံနိုင်သည့် ခရီးစဉ်ဒေသတစ်ခုဖြစ်သည်သာမက အားလုံးပါဝင်ပြီး၊ တာဝန်ယူမှုရှိသော၊ ရေရှည်တည်တံ့သော ခရီးသွားလုပ်ငန်းကို ဦးတည်ဖော်ဆောင်သွားနိုင်မည် ဖြစ်ကြောင်းဖြင့် ပြောကြားခဲ့ပါသည်။

အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့်ပြည်နယ် ဝန်ကြီးချုပ်များ၊ ခရီးသွားလုပ်ငန်းဆိုင်ရာ တတ်သိပညာရှင်များ၊ အသင်းအဖွဲ့များနှင့် တာဝန်ရှိသူများက ဗီဒီယိုကွန့်ဖရင့်စနစ်ဖြင့် တက်ရောက်ခဲ့ကြပါသည်။

  • ကိုဗစ်-၁၉ ရောဂါကို ကမ္ဘာ့ကပ်ရောဂါအဖြစ်ကြေညာခဲ့သည့် နောက်ပိုင်းတွင် ခရီးသွားလုပ်ငန်းအားလုံးနီးပါး ရပ်တန့်ခဲ့သည့်အတွက် ၂၀၂၀ ပြည့်နှစ်တွင် မြန်မာနိုင်ငံသို့ ခရီးသည် ၀ ဒသမ ၉ သန်းသာဝင်ရောက်ခဲ့ပြီး ၂၀၁၉ ခုနှစ်နှင့် နှိုင်းယှဉ်ပါက ၇၉ ရာခိုင်နှုန်း လျော့နည်းခဲ့ ကြောင်းနှင့် ၂၀၂၁ ခုနှစ်တွင်လည်း မြန်မာနိုင်ငံသို့ခရီးသည် ၀ ဒသမ ၁၃ သန်းသာ ဝင်ရောက်ခဲ့။
  • မြန်မာနိုင်ငံအနေဖြင့် နိုင်ငံတကာပုံမှန်လေကြောင်းခရီးစဉ်များကို ဧပြီလ ၁၇ ရက်တွင် စတင်ပျံသန်း ပြေးဆွဲခွင့်ပြုခဲ့သည့်အတွက် မေလ ၂၅ ရက်ထိ နိုင်ငံတကာပုံမှန်လေကြောင်းလိုင်းများဖြင့် ပြည်တွင်းခရီးသည် ၂၀,၆၅၇ ဦးနှင့် နိုင်ငံခြားသား ခရီးသည် ၅,၅၆၁ ဦး ဝင်ရောက် ခဲ့ပြီး တစ်ရက်လျှင် ပျမ်းမျှလေကြောင်းလိုင်း ၉ လိုင်း၊ လေယာဉ်ခရီးစဉ် ၂၈၂ ခေါက် ဆင်းသက်ပျံသန်းလျက်ရှိ။
  • ခရီးသွားလုပ်ငန်ဆိုင်ရာများနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံတွင် ခရီးသွားဧည့်သည်များကို ဆွဲဆောင်နိုင်မည့် နေရာဒေသများစွာရှိသောကြောင့် ထိုသို့ရှိပြီးသော စိတ်ဝင်စားဖွယ်ဆွဲဆောင်မှုအရာများကို နေရာဒေသအလိုက် အမိအရဖမ်းဆုပ်နိုင်ရန်လို။
  • နိုင်ငံတကာခရီးသွားဧည့်သည်များသည် မြန်မာနိုင်ငံသို့ နယ်စပ်ဝင်ပေါက်များမှတစ်ဆင့် လာရောက်လည်ပတ်ကြသည့်အတွက် နယ်စပ်ဝင်ပေါက်များ ပြန်လည်ဖွင့်လှစ်သွားနိုင်ရန် စဉ်းစားဆောင်ရွက်သွားရမည်ဖြစ်။
  • ကပ်ရောဂါကာလအတွင်း ခရီးသွားများသည် Online နှင့် Digital Platform ကို ယခင်ကထက် ပိုမိုကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလာကြမည်ဖြစ်သည့်အတွက် ပြောင်းလဲတိုးတက်လာသည့် နည်းပညာကို အကောင်းဆုံးအသုံးချကြရမည်ဖြစ်။
  • မြန်မာနိုင်ငံ၏မတူကွဲပြားသည့် ရိုးရာယဉ်ကျေးမှုနှင့် ဓလေ့ထုံးစံများ၊ ကိုးကွယ်ယုံကြည်မှု၊ ဘာသာရေးဆိုင်ရာပွဲတော်အခမ်းအနားများနှင့် တောတောင်ရေမြေ သဘာဝအလှအပများသည် ခရီးသွားလုပ်ငန်းအမျိုးမျိုးကို ဖော်ဆောင်နိုင်သည့် တန်ဖိုးမဖြတ်နိုင်သည့် အရင်းမြစ် ကောင်းများဖြစ်။

 

Add new comment