မြိတ်ခရိုင်အတွင်းရှိ စာသင်ကျောင်းများသို့ ဖြန့်ချိမည့် ကျောင်းသုံးပုံနှိပ်စာအုပ်များအား PDF အကြမ်းဖက်သမားများက မီးရှို့ဖျက်ဆီး

 

မေလ ၂၄ ရက်တွင် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်အတွင်းရှိ စာသင်ကျောင်းများသို့ ဖြန့်ချိမည့် ကျောင်းသုံးပုံနှိပ်စာအုပ်များ သယ်ဆောင်လာသည့် ၁၂ ဘီး ယာဉ် ၂ စီးသည် သရက်ချောင်းမြို့နယ်၊ အောက်သရက်ချောင်းကျေးရွာ၏ ထားဝယ်-မြိတ် ပြည်ထောင်စုလမ်းမကြီးပေါ်သို့ရောက်ရှိစဉ်  PDF အကြမ်းဖက်သမားများက တားဆီးရပ်တန့်၍ ကျောင်းသုံးပုံနှိပ်စာအုပ်များထည့်ထားသည့် စုစုပေါင်းဆာလာအိတ် ၁,၅၉၇ အိတ်အနက်မှ ဆာလာအိတ် ၄၈ ထုပ်အား ကားလမ်းဘေးသို့ချပြီး မီးရှို့ဖျက်ဆီးခဲ့ပါသည်။

မြန်မာနိုင်ငံတစ်ဝန်း၌ အကြမ်းဖက်မှုကိုလိုလားပြီး အဖျက်အမှောက်လုပ်ရပ်များကို နည်းလမ်းမျိုးစုံဖြင့် လုပ်ဆောင်နေသည့် NUGPDF အကြမ်းဖက်အဖွဲ့များက ဆရာ၊ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများအပေါ် ခြိမ်းခြောက်အကြပ်ကိုင်ခြင်း၊ စာသင်ကျောင်းများအား မီးရှို့ဖျက်ဆီးခြင်း၊ မိုင်းထောင်ဖောက်ခွဲခြင်း၊ ကန့်ကွက်စာများ ရေးသားခြင်းများအပြင် ကျောင်းသား၊ ကျောင်းသူများ၏ ပညာရည်မြင့်မားရေးအတွက် အစိုးရ၏ဆောင်ရွက်ချက်များကို ဖျက်လိုဖျက်ဆီးစိတ်ဓာတ်ဖြင့် ကျောင်းသုံးပုံနှိပ် စာအုပ်များကို မီးရှို့ဖျက်ဆီးခြင်း၊ ဖြန့်ဝေမှုကို တားဆီးနှောင့်ယှက်ခြင်းများ လုပ်ဆောင်လျက်ရှိပါသည်။                 

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ပါဝင်ပတ်သက်သူများအား အမြန်ဆုံးဖော်ထုတ် ဖမ်းဆီးရမိနိုင်ရေး ဆက်လက်စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သိရှိရပါသည်။

  • မြိတ်ခရိုင်အတွင်းရှိ စာသင်ကျောင်းများသို့ ဖြန့်ချိမည့် ကျောင်းသုံးပုံနှိပ်စာအုပ်များအား PDF အကြမ်းဖက်သမားများက စုစုပေါင်းဆာလာအိတ် ၁,၅၉၇ အိတ်အနက်မှ ဆာလာ အိတ် ၄၈ ထုပ်အား ကားလမ်းဘေးသို့ချပြီး မီးရှို့ဖျက်ဆီးခဲ့။
  • PDF အကြမ်းဖက်သမားများက ကျောင်းသား၊ ကျောင်းသူများ၏ ပညာရည်မြင့်မားရေး အတွက် အစိုးရ၏ဆောင်ရွက်ချက်များကို ဖျက်လိုဖျက်ဆီးစိတ်ဓာတ်ဖြင့် လုပ်ဆောင်လျက်ရှိ။

Add new comment