ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီမှ အမေရိကန်ဒေါ်လာ ၃ ဒသမ၂၃၅ သန်းတန်ဖိုးရှိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ခွင့်ပြု

 

ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၅/၂၀၂၂) ကြိမ်မြောက် အစည်းအဝေးကို မေလ ၂၅ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီရုံး၌ ကျင်းပခဲ့ရာ အမေရိကန်ဒေါ်လာ ၃ ဒသမ ၂၃၅ သန်းတန်ဖိုးရှိ CMP စနစ်ဖြင့် ဦးထုပ်အမျိုးမျိုး ချုပ်လုပ်ခြင်းလုပ်ငန်းဖြစ်သည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတစ်ခု ခွင့်ပြုပေးခဲ့ပြီး အဆိုပါလုပ်ငန်းမှ ပြည်တွင်းရှိ အလုပ်သမား ၈၀၀ ဦးအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်မည်ဖြစ်ပါသည်။

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု CMP စနစ်ဖြင့် ဆောင်ရွက်မည့် အလုပ်ခွင်လုံခြုံရေးသုံး အဝတ်အထည်ထုတ်လုပ်ခြင်းလုပ်ငန်း၊ အိမ်မွေးတိရစ္ဆာန်အသုံးအဆောင်နှင့် အဝတ်အထည် အမျိုးမျိုးချုပ်လုပ်ခြင်းလုပ်ငန်း၊ စက်မှုလုံခြုံရေးသုံးနှင့် အားကစားသုံး လက်အိတ်အမျိုးမျိုး ထုတ်လုပ်ခြင်းလုပ်ငန်း၊ ဖိနပ်အမျိုးမျိုးထုတ်လုပ်ခြင်းလုပ်ငန်းနှင့် အားကစားသုံးပစ္စည်း အမျိုးမျိုးချုပ်လုပ်ခြင်းလုပ်ငန်းများအပါအဝင် အထွေထွေကိစ္စရပ်များ တင်ပြလာသည့် ကုမ္ပဏီ ၁၂ ခု၏ တင်ပြချက်များကို ဆွေးနွေးဆုံးဖြတ်ခဲ့ကြောင်း သိရှိရပါသည်။

  • အမေရိကန်ဒေါ်လာ ၃ ဒသမ ၂၃၅ သန်းတန်ဖိုးရှိ CMP စနစ်ဖြင့် ဦးထုပ်အမျိုးမျိုးချုပ်လုပ်ခြင်းလုပ်ငန်းဖြစ်သည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတစ်ခု ခွင့်ပြုပေးခဲ့ပြီး အဆိုပါလုပ်ငန်းမှ ပြည်တွင်းရှိ အလုပ်သမား ၈၀၀ ဦးအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေး နိုင်မည်ဖြစ်။

Add new comment