ကော့သောင်းမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား တပ်မတော်ပင်လယ်သွား ဆေးရုံရေယာဉ် (သံလွင်)ဖြင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်

 

တပ်မတော်နယ်လှည့်အထူးကုဆေးအဖွဲ့များပါဝင်သည့် တပ်မတော်ပင်လယ်သွားဆေးရုံရေယာဉ် (သံလွင်)သည် မေလ ၂၅ ရက်တွင် တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့နယ်၊ ဂျလန်းကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာများရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို ဆောင်ရွက်ပေးရာတွင် ဆေးကုသမှုဆိုင်ရာရောဂါ ၄၁ ဦး၊ ခွဲစိတ်ရောဂါ ၁၄ ဦး၊ သားဖွား/မီးယပ်ရောဂါ ၁၇ ဦး၊ ကလေးရောဂါ ၂၂ ဦး၊ အရိုးရောဂါ ၁၁ ဦး၊ နား/နှာခေါင်း/လည်ချောင်းရောဂါ ၁၃ ဦး၊ မျက်စိရောဂါ ၁၂ ဦးနှင့် သွားနှင့်ခံတွင်းရောဂါ ၁၇ ဦး၊ စုစုပေါင်း ၁၄၇ ဦးတို့ကို လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးခဲ့ပါသည်။

ခွဲစိတ်ကုသရန်လိုအပ်သူ အထွေထွေခွဲစိတ်လူနာ ၄ ဦးကို ခွဲစိတ်ကုသမှုများ ဆောင်ရွက်ပေးခဲ့ပြီး ဓာတ်မှန်ရိုက်လူနာ ၆ ဦး၊ အာထရာဆောင်းဖြင့် စမ်းသပ်စစ်ဆေး လူနာ ၈ ဦး၊ ECG ဖြင့် နှလုံးစမ်းသပ်လူနာ ၁၇ ဦး၊ ဓာတ်ခွဲစမ်းသပ်လူနာ ၂၄ ဦးတို့ကို ရောဂါရှာဖွေစမ်းသပ်ကုသပေးခြင်းများ ဆောင်ရွက်ပေးခဲ့ပါသည်။ ထို့ပြင် သားအိမ်အတွင်း ၁၂ ပေါင်ခန့် အသားကျိတ်တည်နေသော လူနာ ၁ ဦးအား ဆေးရုံရေယာဉ်ပေါ်ရှိ  ခွဲစိတ်ခန်း၌ အောင်မြင်စွာ ခွဲစိတ်ပေးနိုင်ခဲ့ကြောင်း သိရှိရပါသည်။ 

  • တပ်မတော်နယ်လှည့်အထူးကုဆေးအဖွဲ့များပါဝင်သည့် တပ်မတော်ပင်လယ်သွားဆေးရုံရေယာဉ် (သံလွင်)သည် မေလ ၂၅ ရက်တွင် ကော့သောင်းြို့နယ်အတွင်းရှိ ဒေသခံပြည်သူစုစုပေါင်း ၁၄၇ ဦးကို ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့သည့်အပြင် သားအိမ်အတွင်း ၁၂ ပေါင်ခန့် အသားကျိတ်တည်နေသော လူနာ ၁ ဦးအား ဆေးရုံရေယာဉ်ပေါ်ရှိ  ခွဲစိတ်ခန်း၌ အောင်မြင်စွာ ခွဲစိတ်ပေးနိုင်ခဲ့

Add new comment