ငြိမ်းချမ်းရေးဆွေးနွေးရန် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (ငြိမ်းချမ်းရေးကောင်စီ) (KNU/ KNLA-PC)မှ ဥက္ကဋ္ဌ စောထော့လေး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ နေပြည်တော်သို့ရောက်ရှိ

 

တစ်နိုင်ငံလုံး ထာဝရငြိမ်းချမ်းရေးရရှိရန်နှင့် လက်နက်ကိုင်ပဋိပက္ခချုပ်ငြိမ်းရေးတို့အတွက် ရည်ရွယ်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများကို တွေ့ဆုံဆွေးနွေးရန်ဖိတ်ခေါ်ခဲ့ရာ ကရင်အမျိုး သားအစည်းအရုံး၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(ငြိမ်းချမ်းရေးကောင်စီ) (KNU/ KNLA-PC)မှ ဥက္ကဋ္ဌ စောထော့လေးဦးဆောင်သည့် ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့သည် မေလ ၂၅ ရက်တွင် နေပြည်တော်သို့ရောက်ရှိခဲ့ရာ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီအဖွဲ့ဝင်နှင့် တာဝန်ရှိသူများ၊ ယဉ်ကျေးမှုဦးစီးဌာနမှ တိုင်းရင်းသား၊ တိုင်းရင်းသူများက ကြိုဆိုခဲ့ကြပါသည်။

အဆိုပါကိုယ်စားလှယ်အဖွဲ့သည် မော်တော်ယာဉ်များဖြင့် နေပြည်တော်သို့ ရောက်ရှိကြရာ ဒေသခံပြည်သူများက “ထာဝရငြိမ်းချမ်းရေးကိုရရှိရေးသည် ပြည်သူတစ်ရပ်လုံး၏ ဆန္ဒအစစ်အမှန် ဖြစ်သည်၊ ငြိမ်းချမ်းရေးရရှိရေးသည် နိုင်ငံသားအားလုံး ၏ ဆန္ဒအမှန်ဖြစ်သည်၊ ပြည်ထောင်စုကြီး ငြိမ်း ချမ်းဖို့ တွေ့ဆုံဆွေးနွေးကြပါစို့၊ တိုင်းရင်းသားတွေစည်းလုံးမှ ငြိမ်းချမ်းတည်ငြိမ်အေးချမ်းရေး” စသည့် စာသားပါဆိုင်းဘုတ်များကိုင်ဆောင်၍လည်းကောင်း၊ နိုင်ငံတော်အလံငယ်များ ကိုင်ဆောင်၍လည်းကောင်း လှိုက်လှိုက်လှဲလှဲဖြင့် ထောက်ခံကြိုဆိုခဲ့ကြကြောင်း သိရှိရပါသည်။

  • ငြိမ်းချမ်းရေးဆွေးနွေးရန် ကရင်အမျိုးသားအစည်းအရုံး၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(ငြိမ်းချမ်းရေးကောင်စီ) (KNU/ KNLA-PC)မှ ဥက္ကဋ္ဌ စောထော့လေးဦးဆောင်သည့် ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့သည် မေလ ၂၅ ရက်တွင် နေပြည်တော်သို့ရောက်ရှိခဲ့။

Add new comment