အလုပ်သမားဝန်ကြီးဌာနအနေဖြင့် ပြည်ပနိုင်ငံများဖြစ်သည့် ထိုင်းနိုင်ငံနှင့်ဂျပန်နိုင်ငံများသို့ မြန်မာအလုပ်သမားများ တရားဝင်သွားရောက်အလုပ်လုပ်ကိုင်နိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ပေးလျက်ရှိရာ မေလ ၂၄ ရက်တွင် ထိုင်းနိုင်ငံ၌ MoU စနစ်ဖြင့် အလုပ်လုပ်ကိုင်နိုင်ရန် မြန်မာအလုပ်သမား အမျိုးသား ၂၀ ဦး၊ အမျိုးသမီး ၁၀ ဦးအား စေလွှတ်ခဲ့ပြီးဖြစ်ပါသည်။
အဆိုပါ မြန်မာအလုပ်သမားများအား ပြည်ပအလုပ်အကိုင်အကျိုးဆောင် (ထိုင်း) လိုင်စင်ရအေဂျင်စီတစ်ခုဖြစ်သည့် Pwint Phoo Aung Co.,Ltd. မှ ထိုင်းနိုင်ငံရှိ G and A Thaifruits Co.,Ltd. သို့ နှစ်နှစ်စာချုပ်ဖြင့် အလုပ်လုပ်ကိုင်နိုင်ရန် အလုပ်သမားဝန်ကြီးဌာနက တာဝန်ယူ ဆောင်ရွက်ပေးခြင်းဖြစ်ကာ သွားရောက်လုပ်ကိုင်မည့်သူများအား အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကော့သောင်းခရိုင်ရုံးနှင့် ဌာနဆိုင်ရာအဖွဲ့အစည်းများက လိုအပ်သည့် စစ်ဆေးမှုများ ဆောင်ရွက်ပေးခဲ့ပါသည်။
ဂျပန်နိုင်ငံရှိ စက်ရုံများနှင့် ကုမ္ပဏီများကလည်း ပြည်တွင်းရှိ မြန်မာအလုပ်သမားများအား အလုပ်ခေါ်ယူမှု များပြားလာသည့်အတွက် အလုပ်သမားဝန်ကြီးဌာနအနေဖြင့် တစ်လလျှင် မြန်မာလုပ်သားဦးရေ ၁၀၀ မှ ၅၀၀ ဝန်းကျင်အား တရားဝင်စေလွှတ်ပေး လျက်ရှိပါသည်။ ဂျပန်နိုင်ငံမှ လုပ်သား ခေါ်ယူရာတွင် လုပ်သားခေါ်ယူမှု ကမ်းလှမ်းစာများကို နိုင်ငံခြားရေးဝန်ကြီးဌာနမှတစ်ဆင့် အလုပ်သမားဝန်ကြီးဌာနသို့ ပေးပို့ပြီး မြန်မာ၊ ဂျပန်နှစ်နိုင်ငံမှ တရားဝင်အသိအမှတ်ပြုထားသော လုပ်သားစေလွှတ်ရေးအဖွဲ့ အစည်းများက စနစ်တကျစိစစ်ကာ လုပ်သားများစေလွှတ်ပေးလျက်ရှိကြောင်း သိရှိရ ပါသည်။
- ထိုင်းနိုင်ငံသို့ MoU စနစ်ဖြင့် တရားဝင်သွားရောက်အလုပ်လုပ်ကိုင်နိုင်ရန် မြန်မာအလုပ်သမား အမျိုးသား ၂၀ ဦး၊ အမျိုးသမီး ၁၀ ဦး အားအလုပ်သမားဝန်ကြီးဌာနက စေလွှတ်ခဲ့။
- ဂျပန်နိုင်ငံရှိ စက်ရုံများနှင့်ကုမ္ပဏီများကလည်း ပြည်တွင်းရှိ မြန်မာအလုပ်သမားများအား အလုပ်ခေါ်ယူမှု များပြားလာသည့်အတွက် အလုပ်သမားဝန်ကြီးဌာန အနေဖြင့် တစ်လလျှင် မြန်မာလုပ်သားဦးရေ ၁၀၀ မှ ၅၀၀ ဝန်းကျင်အား တရားဝင် စေလွှတ်ပေးလျက်ရှိ။
- ဂျပန်နိုင်ငံမှ လုပ်သားခေါ်ယူရာတွင် လုပ်သားခေါ်ယူမှု ကမ်းလှမ်းစာများကို နိုင်ငံခြားရေးဝန်ကြီးဌာနမှတစ်ဆင့် အလုပ်သမားဝန်ကြီးဌာနသို့ပေးပို့ပြီး မြန်မာ၊ ဂျပန်နှစ်နိုင်ငံမှ တရားဝင်အသိအမှတ်ပြုထားသော လုပ်သားစေလွှတ်ရေးအဖွဲ့ အစည်းများက စနစ်တကျစိစစ်ကာ လုပ်သားများစေလွှတ်ပေးလျက်ရှိ။
Add new comment