တရုတ်-မြန်မာ လမ်း‌ကြောင်းသစ် နိုင်ငံတကာရထားလမ်း စတင်ပြေးဆွဲ

 

တရုတ်-မြန်မာလမ်းကြောင်းသစ်(ချုံချင့်-လင်ချန်း-မြန်မာ) နိုင်ငံတကာရထားလမ်း ရထားတွဲသည် မေလ ၂၃ ရက်တွင် ချုံချင့်မြို့၊ ကော်ယွမ်ဆိပ်ကမ်း၊ ယွီကြွေဘူတာမှ စတင်ထွက်ခွာလာခဲ့ရာ ၁၅ ရက်အကြာတွင် မန္တလေးမြို့သို့ ကုန်ပစ္စည်းများ ရောက်ရှိမည်ဟု မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရှိရပါသည်။

အဆိုပါရထားတွဲ၌ စံချိန်မီကွန်တိန်နာပေါင်းအလုံး ၆၀ သယ်ဆောင်လာရာ၌ စက်ပစ္စည်းများ၊ အီလက်ထရွန်နစ် အပိုပစ္စည်းများ၊ ကားနှင့်ဆိုင်ကယ် အပိုပစ္စည်းများ ပါဝင်ကြောင်းဖော်ပြထားပြီး ရထားတွဲသည် ယူနန်ပြည်နယ်၊ လင်ချန်းနယ်စပ်ဂိတ်မှတစ်ဆင့် ကားလမ်းနှင့် ရထားလမ်း ပူးပေါင်း ပို့ဆောင်သည့်ပုံစံဖြင့် ၁၅ ရက်အကြာတွင် မြန်မာနိုင်ငံ၊ မန္တလေးမြို့သို့ ရောက်ရှိမည်ဖြစ်သည်ဟု ခန့်မှန်းဖော်ပြထားပါသည်။

ချုံချင့်နှင့် မြန်မာနိုင်ငံအကြား ကုန်စည်ပို့ဆောင်မှုကြာချိန်သည် သမားရိုးကျ နည်းလမ်းထက် ရက် ၂၀ လျော့နည်းသွားမည်ဖြစ်ပြီး ကုန်စည်စီးဆင်းမှုအရင်းအနှီး ၂၀ ရာခိုင်နှုန်း လျှော့ချနိုင်မည်ဖြစ်ပါသည်။

တရုတ်-မြန်မာလမ်းကြောင်းသစ်(ချုံချင့်-လင်ချန်း-မြန်မာ) နိုင်ငံတကာရထားလမ်းသည် မြန်မာနိုင်ငံမှ ကုန်စည်များကို ချုံချင့်မြို့မှတစ်ဆင့် လာအို၊ ထိုင်း၊ မလေးရှားစသည့် အင်ဒိုချိုင်းနားကျွန်းဆွယ်နိုင်ငံများသို့ သယ်ယူပို့ဆောင်ပေးပြီး ယူရေးရှား အလယ်ပိုင်းအထိ ဆက်လက်ဖြန့်ကြက်လျက် ရှိကြောင်း သိရှိရပါသည်။

  • တရုတ်-မြန်မာလမ်းကြောင်းသစ်(ချုံချင့်-လင်ချန်း-မြန်မာ) နိုင်ငံတကာရထားလမ်း ရထားတွဲသည် မေလ ၂၃ ရက်တွင် ချုံချင့်မြို့၊ ကော်ယွမ်ဆိပ်ကမ်း၊ ယွီကြွေဘူတာမှ စတင်ထွက်ခွာလာခဲ့ရာ ၁၅ ရက်အကြာတွင် မန္တလေးမြို့သို့ကုန်ပစ္စည်းများ ရောက်ရှိမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက သတင်းထုတ်ပြန်ခဲ့။
  • တရုတ်-မြန်မာလမ်းကြောင်းသစ်(ချုံချင့်-လင်ချန်း-မြန်မာ) နိုင်ငံတကာရထားလမ်းသည် မြန်မာနိုင်ငံမှ ကုန်စည်များကို ချုံချင့်မြို့မှတစ်ဆင့် လာအို၊ ထိုင်း၊ မလေးရှားစသည့် အင်ဒိုချိုင်းနားကျွန်းဆွယ်နိုင်ငံများသို့ သယ်ယူပို့ဆောင်ပေး ပြီး ယူရေးရှားအလယ်ပိုင်းအထိ ဆက်လက် ဖြန့်ကြက်လျက်ရှိ။

Add new comment