ထန်တလန်မြို့၊ အမှတ်(၁)ရပ်ကွက်အတွင်းရှိ နေအိမ်များအား PDF အကြမ်းဖက်သမားများက မီးရှို့မှုများ ထပ်မံလုပ်ဆောင်

 

မေလ ၂၃ ရက်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ချင်းပြည်နယ်၊ ထန်တလန်မြို့ အမှတ်(၁)ရပ်ကွက်အတွင်း၌ လုံခြုံရေးလုပ်ငန်းများဆောင်ရွက်နေစဉ် PDF အကြမ်းဖက်သမားများက လက်နက်ငယ်များဖြင့် ချောင်းမြောင်းပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည်ပစ်ခတ် တိုက်ခိုက်ခဲ့ရာ PDF အကြမ်းဖက်သမားများသည် ကစဉ့်ကလျားဖြင့် ဆုတ်ခွာထွက်ပြေးစဉ်အတွင်း အဆိုပါရပ်ကွက်ရှိ ဒေသခံပြည်သူများ၏ နေအိမ်များအား မီးရှို့သွားသဖြင့် မီးလောင်ကျွမ်းခဲ့မှုဖြစ်ပွားခဲ့ကြောင်း သိရှိရပါသည်။

အဆိုပါနေရာသို့ သွားရောက်စစ်ဆေးခဲ့ရာ-

  • ပျဉ်ခင်း၊ ပျဉ်ကာ၊ သွပ်မိုး ၁ ထပ်နေအိမ် ၃၀ လုံး၊ ပျဉ်ခင်း၊ ပျဉ်ကာ၊ သွပ်မိုး ၂ ထပ်နေအိမ် ၂၂ လုံးနှင့် ခရစ်ယာန်ဘုရားရှိခိုးကျောင်း ၁ ကျောင်း၊  စုစုပေါင်း နေအိမ် ၅၂ လုံး နှင့် ခရစ်ယာန်ဘုရားရှစ်ခိုးကျောင်း ၁ ကျောင်း (ခန့်မှန်းတန်ဖိုး ငွေကျပ်သိန်းပေါင်း ၃,၈၅၀ ခန့်) မီးလောင် ပျက်စီး ဆုံးရှုံးခဲ့။
  • PDF အကြမ်းဖက်သမားများထံမှ Super Mag တံဆိပ်ပါ ပြောင်းချောသေနတ် ၁ လက်၊ ၁၂ ဗို့ကျည် ၅ တောင့်၊ လက်လုပ်မိုင်း ၄ လုံးနှင့်အတူ CDF ထန်တလန် လက်မောင်းတံဆိပ်ပါ  ပြောက်ကျားဝတ် အမျိုးသားအလောင်း ၂ လောင်းတို့အား သိမ်းဆည်းရမိခဲ့။

          PDF အကြမ်းဖက်သမားများသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် တရား ဉပဒေစိုးမိုးရေးကို ပျက်ပြားစေရန်ရည်ရွယ်၍ နေရာဒေသအချို့၌ အကြမ်းဖက်လုပ်ရပ်များကို ကျူးလွန်လုပ်ကိုင်လျက်ရှိရာ လမ်းပန်းဆက်သွယ်ရေးခက်ခဲသည့် ထန်တလန်မြို့အတွင်း၌ ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၂၉ ရက်မှ မေလ၂၃ ရက်ထိ မီးရှို့မှု အနေဖြင့် (၁၆) ကြိမ် ကျူးလွန်ခဲ့ကာ  လူနေအိမ် ၃၂၁ လုံး၊ ဆေးရုံ ၁ ခု၊ ခရစ်ယာန် ဘုရားရှစ်ခိုးကျောင်း ၄ ကျောင်းနှင့် ဈေးဆိုင်ခန်း ၇ ခန်း၊ (စုစုပေါင်းကာလတန်ဖိုး ငွေကျပ်သိန်းပေါင်း ၁၀,၁၁၃ သိန်းကျော်) ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရှိရပါသည်။

အကြမ်းဖက်သမားများက ထိုသို့အကြမ်းဖက်လုပ်ရပ်များကို မကြာခဏ ကျူးလွန်လုပ်ဆောင်၍ လူမှုကွန်ယက်စာမျက်နှာများမှတစ်ဆင့် နိုင်ငံအတွင်းတည်ငြိမ်အေးချမ်းမှုမရှိကြောင်း ဝါဒဖြန့်ဆောင်ရွက်လျက်ရှိသဖြင့် ဒေသတွင်းတည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးမှုရှိစေရေးအတွက် လိုအပ်သည့်လုံခြုံရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရပါသည်။

  • ထန်တလန်မြို့၊ အမှတ်(၁)ရပ်ကွက်အတွင်းရှိ နေအိမ်များအား PDF အကြမ်းဖက်သမားများက မီးရှို့မှုများ ထပ်မံလုပ်ဆောင်ခဲ့သဖြင့် စုစုပေါင်းနေအိမ် ၅၂ လုံး နှင့် ခရစ်ယာန် ဘုရားရှစ်ခိုးကျောင်း ၁ ကျောင်း (ခန့်မှန်းတန်ဖိုး ငွေကျပ်သိန်းပေါင်း ၃,၈၅၀ ခန့်) မီးလောင် ပျက်စီးဆုံးရှုံးခဲ့။
  • ထန်တလန်မြို့အတွင်း၌ ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၂၉ ရက်မှ မေလ ၂၃ ရက်ထိ မီးရှို့မှု အနေဖြင့် (၁၆) ကြိမ် ကျူးလွန်ခဲ့ကာ  လူနေအိမ် ၃၂၁ လုံး၊ ဆေးရုံ ၁ ခု၊ ခရစ်ယာန်ဘုရား ရှစ်ခိုးကျောင်း ၄ ကျောင်းနှင့် ဈေးဆိုင်ခန်း ၇ ခန်း၊ (စုစုပေါင်းကာလတန်ဖိုး ငွေကျပ်သိန်း ပေါင်း ၁၀,၁၁၃ သိန်းကျော်) ပျက်စီးဆုံးရှုံးခဲ့။

Add new comment