တပ်မတော်နယ်လှည့်အထူးကုဆေးအဖွဲ့များပါဝင်သည့် တပ်မတော်ပင်လယ်သွား ဆေးရုံရေယာဉ် (သံလွင်)သည် မေလ ၂၂ ရက်နှင့် ၂၃ ရက်တို့တွင် တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို ဆောင်ရွက်ပေးရာတွင် ဆေးကုသမှုဆိုင်ရာ ရောဂါ ၆၈၂ ဦး၊ ခွဲစိတ်ရောဂါ ၂၂၆ ဦး၊ သားဖွား/မီးယပ်ရောဂါ ၁၉၀ ဦး၊ ကလေးရောဂါ ၁၇၆ ဦး၊ အရိုးရောဂါ ၁၈၀ ဦး၊ နား/ နှာခေါင်း/လည်ချောင်းရောဂါ ၁၆၁ ဦး၊ မျက်စိရောဂါ ၁၅၇ ဦးနှင့် သွားနှင့်ခံတွင်းရောဂါ ၁၄၃ ဦး၊ စုစုပေါင်း ၁,၉၁၅ ဦးတို့ကို လိုအပ်သည့်ဆေးဝါးကုသမှုများ ဆောင်ရွက်ပေး ခဲ့ပါသည်။
ထို့ပြင် ခွဲစိတ်ကုသရန်လိုအပ်သူ အထွေထွေခွဲစိတ်လူနာ ၈၁ ဦးနှင့် မျက်စိခွဲစိတ်လူနာ ၄၂ ဦးကို ခွဲစိတ်ကုသမှုများဆောင်ရွက်ပေးခဲ့ပြီး ဓာတ်မှန်ရိုက်လူနာ ၁၃၂ ဦး၊ အာထရာဆောင်းဖြင့် စမ်းသပ်စစ်ဆေးလူနာ ၁၀၆ ဦး၊ ECG ဖြင့် နှလုံးစမ်းသပ်လူနာ ၁၄၉ ဦး၊ ဓာတ်ခွဲစမ်းသပ်လူနာ ၃၅၅ ဦးနှင့် ကွန်ပျူတာဓာတ်မှန်ရိုက်လူနာ ၃ ဦးတို့ကို ရောဂါရှာဖွေစမ်းသပ်ကုသပေးခြင်းများ ဆောင်ရွက်ပေးခဲ့ပါသည်။
- တပ်မတော်နယ်လှည့်အထူးကုဆေးအဖွဲ့များပါဝင်သည့် တပ်မတော်ပင်လယ်သွား ဆေးရုံရေယာဉ် (သံလွင်)သည် မေလ ၂၂ ရက်နှင့် ၂၃ ရက်တို့တွင် ဘုတ်ပြင်းမြို့နယ် အတွင်းရှိ ဒေသခံပြည်သူစုစုပေါင်း ၁,၉၁၅ ဦးကို ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက် ဆောင်ရွက်ခဲ့။
Add new comment