နိုင်ငံတော်ဝန်ကြီးချုပ်၏ ငြိမ်းချမ်းရေးဆွေးနွေးပွဲအတွက် ဖိတ်ခေါ်မှုကို ကြိုဆိုထောက်ခံခြင်းနှင့် ပြည်ပစွက်ဖက်နှောင့်ယှက်မှုများကို ဆန့်ကျင်ရှုတ်ချပွဲ ဆက်လက်ပြုလုပ်

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအား ငြိမ်းချမ်းရေးဆွေးနွေးပွဲအတွက် ဖိတ်ခေါ်မှုကို ပြည်သူများက ကြိုဆိုထောက်ခံခြင်းနှင့် ပြည်ပစွက်ဖက်နှောင့်ယှက်မှုများအား ဆန့်ကျင်ရှုတ်ချပွဲကို ဆက်လက်ပြုလုပ်ခဲ့ပါသည်။

  • မေလ ၂၂ ရက်တွင် မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်ရှိ ရွှေမန်းတောင်အားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့ရာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ တာဝန်ရှိသူများ၊ အမျိုးသားရေးဆရာတော်များ၊ စာရေးဆရာ၊ ဆရာမများ၊ ငြိမ်းချမ်းရေးကို လိုလားသူပြည်သူ များ စုစုပေါင်းအင်အား ၃,၀၀၀ ဦးခန့် တက်ရောက်ခဲ့။
  • မေလ ၂၃ ရက်တွင် မန္တလေးတိုင်းဒေသကြီး၊ ပျော်ဘွယ်မြို့ရှိ မြင်းဘက်ရပ်ကွက်နှင့် ရှမ်းပွဲရပ်ကွက်ရှိ ရွှေပြည်သာဘုရားကွင်း၌ ကျင်းပပြုလုပ်ခဲ့ရာ သံဃာတော်များ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ တာဝန်ရှိသူများ၊ ငြိမ်းချမ်းရေးကို လိုလားသူပြည်သူများ စုစုပေါင်း အင်အား ၄,၀၀၀ ဦးခန့်တက်ရောက်ခဲ့။

ကြိုဆိုပွဲများတွင် ငြိမ်းချမ်းရေးကြိုပမ်းမှုလုပ်ငန်းများကို ကြိုဆိုထောက်ခံခြင်းနှင့် ပြည်ပစွက်ဖက်နှောင့်ယှက်မှုများကို ဆန့်ကျင်ရှုတ်ချပွဲပြုလုပ်သည့်အကြောင်းနှင့် ငြိမ်းချမ်းရေး ပန်းတိုင်ဆီသို့သွားမည်ဟူသည့် ခေါင်းစဉ်တို့ဖြင့် ဆွေးနွေးဟောပြောခဲ့ကြပါသည်။

တက်ရောက်လာကြသည့် ပြည်သူများက “ ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး၊ အချူပ်အခြာအာဏာတည်တံ့ခိုင်မြဲရေး၊ ပြည်ထောင်စုကြီးငြိမ်းချမ်းရေး၊ ပြည်ပစွက်ဖက်မှုအန္တရာယ် ဆန့်ကျင်တိုက်ဖျက်ရေး၊ ငြိမ်ချမ်းရေး ပျက်ပြားအောင် ဖျက်ဆီးနေသူများ ကျဆုံးရေး၊ ငြိမ်းချမ်းရေးဆွေးနွေးပွဲကြီး အောင်ရမည် ” စသည့်ကြွေးကြော်သံများဖြင့် ကြွေးကြော်ခဲ့ကြပါသည်။

  • ငြိမ်းချမ်းရေးဆွေးနွေးပွဲအတွက် ဖိတ်ခေါ်မှုကို ပြည်သူများက ကြိုဆိုထောက်ခံခြင်းနှင့် ပြည်ပစွက်ဖက်နှောင့်ယှက်မှုများအား ဆန့်ကျင်ရှုတ်ချပွဲကို မေလ ၂၂ ရက်နှင့် ၂၃ ရက်တို့တွင် ဆက်လက်ပြုလုပ်ခဲ့
  • တက်ရောက်လာကြသည့် ပြည်သူများက “ ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး၊ အချူပ်အခြာအာဏာတည်တံ့ခိုင်မြဲရေး၊ ပြည်ထောင်စုကြီးငြိမ်းချမ်းရေး၊ ပြည်ပစွက်ဖက်မှုအန္တရာယ် ဆန့်ကျင်တိုက်ဖျက်ရေး၊ ငြိမ်ချမ်းရေးပျက်ပြားအောင် ဖျက်ဆီးနေသူများကျဆုံးရေး၊ ငြိမ်းချမ်းရေးဆွေးနွေးပွဲကြီး အောင်ရမည် ” စသည့်ကြွေးကြော်သံများဖြင့် ကြွေးကြော်ခဲ့။

Add new comment