မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ပရဟိတဂေဟာ၊ ရိပ်သာများနှင့် အသက်(၈၅)နှစ်နှင့်အထက် ဘိုးဘွားများအတွက် လူမှုရေးပင်စင်ထောက်ပံ့

 

၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွက် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ပရဟိတဂေဟာ၊ ရိပ်သာများနှင့် အသက်(၈၅)နှစ်နှင့်အထက် ဘိုးဘွားများအတွက် လူမှုရေးပင်စင်ထောက်ပံ့ခြင်းအခမ်းအနားကို မေလ ၂၃ ရက်တွင် မန္တလေးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပခဲ့ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်တက်ရောက်ပြီး ထောက်ပံ့ငွေများပေးအပ်ခဲ့ပါသည်။ 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအနေဖြင့်  လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံချက်ပါ လုပ်ငန်းစဉ်နှင့် သက်ကြီးရွယ်အိုများ ဝင်ငွေလုံခြုံမှုရရှိစေရေးတို့အတွက် အသက်(၈၅)နှစ် နှင့်အထက် သက်ကြီးရွယ်အိုများကို တစ်ဦး လျှင် တစ်လကျပ်(၁)သောင်းနှုန်းဖြင့် သုံးလတစ်ကြိမ် ထောက်ပံ့ပေးလျက်ရှိပြီး မန္တလေးတိုင်းဒေသကြီးအတွင်းရှိ အသက်(၈၅)နှစ်နှင့်အထက် ဘိုးဘွား ၃၁,၂၉၉ ဦးအတွက် လူမှုရေးပင်စင်ထောက်ပံ့ငွေကျပ် ၉၃၈,၉၇၀,၀၀၀၊ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ တည်ထောင်ခွင့်ပြုမိန့်ရ ပရဟိတဂေဟာ ၂ ခုနှင့် ဘိုးဘွားရိပ်သာ ၁၂ ခုအတွက် ထောက်ပံ့ငွေကျပ် ၅၀,၉၂၈,၀၀၀ စုစုပေါင်းထောက်ပံ့ငွေကျပ် ၉၈၉,၈၉၈,၀၀၀ ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။

  • မန္တလေးတိုင်းဒေသကြီးအတွင်းရှိ အသက်(၈၅)နှစ်နှင့်အထက် ဘိုးဘွား ၃၁,၂၉၉ ဦး အတွက် လူမှုရေးပင်စင်ထောက်ပံ့ ငွေကျပ် ၉၃၈,၉၇၀,၀၀၀၊ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ တည်ထောင်ခွင့်ပြုမိန့်ရ ပရဟိတဂေဟာ ၂ ခုနှင့် ဘိုးဘွားရိပ်သာ ၁၂ ခု အတွက် ထောက်ပံ့ငွေကျပ် ၅၀,၉၂၈,၀၀၀  စုစုပေါင်းထောက်ပံ့ငွေကျပ် ၉၈၉,၈၉၈,၀၀၀ ကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ထောက်ပံ့ပေးအပ်ခဲ့။

Add new comment