မျောက်ကျောက် (Monkeypox) ကူးစက်ရောဂါ စောင့်ကြပ်ကြည့်ရှုခြင်းနှင့် ကြိုတင်ကာကွယ်ခြင်းလုပ်ငန်းများဆောင်ရွက်လျက်ရှိ

 

မျောက်ကျောက် (Monkeypox) ကူးစက်ရောဂါ စောင့်ကြပ်ကြည့်ရှုခြင်းနှင့် ကြိုတင်ကာကွယ်ခြင်းလုပ်ငန်းများအတွက် ညှိနှိုင်းအစည်းအဝေးကို မေလ ၂၃ ရက်တွင် ကျန်းမာရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းက-

  • လတ်တလော၌ အာဖရိက၊ အမေရိက၊ ဥရောပရှိ နိုင်ငံအချို့တွင် မျောက်ကျောက် (Monkeypox) ကူးစက်ရောဂါ ဖြစ်ပွားမှုများ တွေ့ရှိလာရကြောင်းကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက သတိပေးချက်ထုတ်ပြန်ထားကြောင်း။
  • မြန်မာနိုင်ငံ၌ ကလေးငယ်များတွင် ရေကျောက်ရောဂါ (chickenpox) ဖြစ်ပွားမှုများတွေ့ရှိလာသဖြင့် ပြည်သူများအကြား စိုးရိမ်ထိတ်လန့်မှုမဖြစ်စေရေးအတွက် ယခုအခါ ဖြစ်ပွားမှုမရှိတော့သော ကျောက်ကြီးရောဂါ (smallpox)၊ အလွန်ပြင်းထန်ခြင်းမရှိသော ရေကျောက် ရောဂါနှင့် လတ်တလောနိုင်ငံအချို့တွင် ကူးစက်မှုအသစ်များအဖြစ် တွေ့ရှိရသော monkeypox ရောဂါတို့၏ ရောဂါဖြစ်ပွားရာတွင် တွေ့ရှိရသော ရောဂါလက္ခဏာများ၏ ကွာခြားမှု၊ ဖြစ်နိုင်ခြေတို့ကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိကြစေရေး ကျန်းမာရေးအသိပညာများ မြှင့်တင်ပေးရမည်ဖြစ်ကြောင်း။
  • မျောက်ကျောက် (Monkeypox) ရောဂါ၏ သဘောသဘာဝအရ မြန်မာနိုင်ငံတွင် ဖြစ်ပွားနိုင်ခြေနည်းပါးသော်လည်း အဆိုပါ ကျောက်ရောဂါများနှင့်ပတ်သက်၍လည်းကောင်း၊ ရှိရင်းစွဲ ကူးစက်ရောဂါများနှင့်ပတ်သက်၍လည်းကောင်း ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းများ ကို အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်ကြရန် လိုအပ်ကြောင်း။
  • မျောက်ကျောက် (Monkeypox) ကူးစက်ရောဂါသည် တိရစ္ဆာန်များတွင် ဖြစ်ပွားမှုမှ လူသို့ ကူးစက်တတ်သည်ဖြစ်၍ One Health Approach အရ မွေးမြူရေးနှင့် ကုသရေးကဏ္ဍ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးကဏ္ဍနှင့် ကျန်းမာရေးကဏ္ဍတို့ ချိတ်ဆက်ပေါင်းစပ်ဆောင်ရွက်သွား ရမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

အစည်းအဝေးသို့ တက်ရောက်လာကြသည့် တာဝန်ရှိသူများက မျောက်ကျောက် (Monkeypox) ကူးစက်ရောဂါနှင့်ပတ်သက်၍ သုတေသနနှင့် ဓာတ်ခွဲမှုဆိုင်ရာ ပြင်ဆင် ဆောင်ရွက်မည့်လုပ်ငန်းများကို ရှင်းလင်းတင်ပြခဲ့ကြောင်း သိရှိရပါသည်။

  • မျောက်ကျောက် (Monkeypox) ကူးစက်ရောဂါ စောင့်ကြပ်ကြည့်ရှုခြင်းနှင့် ကြိုတင်ကာကွယ်ခြင်းလုပ်ငန်းများအတွက် ညှိနှိုင်းအစည်းအဝေးကို မေလ ၂၃ ရက်တွင် ကျင်းပပြုလုပ်ခဲ့။
  • မြန်မာနိုင်ငံ၌ ကလေးငယ်များတွင် ရေကျောက်ရောဂါ (chickenpox) ဖြစ်ပွားမှုများတွေ့ရှိလာသဖြင့် ပြည်သူများအကြား စိုးရိမ်ထိတ်လန့်မှုမဖြစ်စေရေးအတွက် ယခုအခါ ဖြစ်ပွားမှုမရှိတော့သော ကျောက်ကြီးရောဂါ (smallpox)၊ အလွန်ပြင်းထန်ခြင်းမရှိသော ရေကျောက် ရောဂါနှင့် လတ်တလောနိုင်ငံအချို့တွင် ကူးစက်မှုအသစ်များအဖြစ် တွေ့ရှိရသော monkeypox ရောဂါတို့၏ ရောဂါဖြစ်ပွားရာတွင် တွေ့ရှိရသော ရောဂါလက္ခဏာများ၏ ကွာခြားမှု၊ ဖြစ်နိုင်ခြေတို့ကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိကြစေရေး ကျန်းမာရေး အသိပညာများ မြှင့်တင်ပေးရမည်ဖြစ်။
  • မျောက်ကျောက် (Monkeypox) ရောဂါ၏ သဘောသဘာဝအရ မြန်မာနိုင်ငံတွင် ဖြစ်ပွားနိုင်ခြေ နည်းပါးသော်လည်း အဆိုပါကျောက်ရောဂါများနှင့်ပတ်သက်၍ ရောဂါစောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများကို အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်ကြရန်။

Add new comment