ကျောင်းသား၊ ကျောင်းသူများနှင့် ဒေသခံပြည်သူများ ခရီးသွားကျောင်းတက် အဆင်ပြေစေရေးအတွက် မီးရထားခရီးစဉ်များတိုးချဲ့ပြေးဆွဲ

 

ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ ကွန်ပျူတာတက္ကသိုလ်(စစ်တွေ)၊ စစ်တွေတက္ကသိုလ်နှင့် နည်းပညာတက္ကသိုလ်တို့တွင် မေလ ၁၂ ရက်မှစတင်၍ ပုံမှန်ပညာသင်နှစ်အတိုင်း ပြန်လည်ဖွင့်လှစ်သင်ကြားလျက်ရှိရာ တက္ကသိုလ်အသီးသီး၌ ကျောင်းသား၊ ကျောင်းသူများ ပျော်ရွှင်စွာကျောင်းများပြန်လည် တက်ရောက်လျက်ရှိပါသည်။

          တက္ကသိုလ်အသီးသီး၌ တက်ရောက်ပညာသင်ကြားလျက်ရှိသည့် ကျောင်းသား၊ ကျောင်းသူများ ကျောင်းတက်/ကျောင်းဆင်း အဆင်ပြေစေရန်နှင့် ဒေသခံပြည်သူများ ခရီးသွားလာမှုအဆင်ပြေစေရန် လက်ရှိပြေးဆွဲလျက်ရှိသော ပြည်တော်သာ-ဘုမေ-ရေချမ်းပြင် မီးရထားခရီးစဉ်များအား တိုးချဲ့ပြေးဆွဲပေးနိုင်ရေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာ့မီးရထားဌာနမှ RBE မီးရထားတွဲ သုံးတွဲကို မေလ ၁၆ ရက်တွင် ရန်ကုန်မြို့မှ သယ်ယူလာရာ မေလ ၂၀ ရက်တွင် စစ်တွေမြို့နယ်သို့ ရောက်ရှိခဲ့ပါသည်။

          အဆိုပါ မီးရထားတွဲများကို ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြရာ တာဝန်ရှိသူများက မီးရထားခရီးစဉ်များနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ကြောင်းသိရှိရပါသည်။

  • ကျောင်းသား၊ ကျောင်းသူများနှင့် ဒေသခံပြည်သူများ ခရီးသွားကျောင်းတက် အဆင်ပြေစေရေးအတွက် ခရီးစဉ်များတိုးချဲ့ပြေးဆွဲမည့် RBE မီးရထားတွဲ သုံးတွဲ မေလ ၂၀ ရက်တွင် စစ်တွေမြို့နယ်သို့ ရောက်ရှိခဲ့။

Add new comment