အကြမ်းဖက်အဖွဲ့အစည်းများနှင့် ဆက်သွယ်ဆောင်ရွက်ထောက်ပံ့နေသူများနှင့် အကြမ်းဖက်လုပ်ရပ်များကို ကျူးလွန်သူများအား ပြစ်ဒဏ်အသီးသီးချမှတ်

 

          ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်နေ ထက်မြတ်နိုင်သည် အကြမ်းဖက်အုပ်စုများအဖြစ် သတ်မှတ်ကြေညာထားသည့်အဖွဲ့အစည်းများနှင့် ဆက်သွယ်ခြင်း၊ ငွေကြေးကောက်ခံထောက်ပံ့ခြင်း၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်နေ ရဲမင်းနိုင်(ခ)ရဲရင့်၊ စိုးမိုး၊ သန့်ဇင်၊ ဒေဝ၊ ဆံရှည်၊ အသေးလေးနှင့် မအေးအေးမင်း(ခ) ဘိုမလေးတို့ ၇ ဦးသည် ရာအိမ်မှူးတစ်ဦးအား ဒလန်ဟုစွပ်စွဲသတ်ဖြတ်ရာတွင် ပါဝင်ခဲ့ခြင်းတို့ကြောင့် စစ်အုပ်ချုပ်ရေး(Martial Law) စစ်ခုံရုံးဖွဲ့၍ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ၎င်းတို့ ၇ ဦးအား အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ-၅၄ အရ မေလ ၁၈ ရက်တွင် “သေဒဏ်” အမိန့်ချမှတ်ခဲ့ပြီး ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်နေ ထက်မြတ်နိုင်အား အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(ည) အရ “ထောင်ဒဏ်တစ်သက်” ပြစ်ဒဏ်အမိန့်ချမှတ်လိုက်ကြောင်း သိရှိရပါသည်။

          အဆိုပါပြစ်ဒဏ်ချမှတ်ခံရသူများအနက်မှ ထွက်ပြေးလွတ်မြောက်နေသူများအား ၎င်းနှင့်စပ်လျဉ်း၍ ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ-၈၇၊ ၈၈ အရဖမ်းဝရမ်းထုတ်ဆင့်ရန် အမိန့်ချမှတ်ခဲ့ကြောင်း သိရှိရပါသည်။

  • ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်နေ ထက်မြတ်နိုင်အား အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(ည) အရ ထောင်ဒဏ်တစ်သက်ပြစ်ဒဏ်အမိန့်ချမှတ်ခဲ့။

  • လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်နေ အကြမ်းဖက်သမား ၇ ဦးအား အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေပုဒ်မ-၅၄ အရ  သေဒဏ်အမိန့်ချမှတ်ခဲ့။

  • ထွက်ပြေးလွတ်မြောက်နေသူများအား ၎င်းနှင့်စပ်လျဉ်း၍ ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ-၈၇၊ ၈၈ အရဖမ်းဝရမ်းထုတ်ဆင့်ရန် အမိန့်ချမှတ်ခဲ့။

Add new comment