မေလ ၁၈ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၊ ဆားတောင်မြို့၊ ရွာစိုက်ရပ်ကွက်ရှိ မစိုးရိမ်ကျောင်းတိုက်သို့ PDF အကြမ်းဖက်အဖွဲ့ဝင် အမျိုးသား ၂ ဦး ရောက်ရှိလာပြီး ကျောင်းတိုက်တွင် သီတင်းသုံးနေထိုင်သည့် ရှင်တေဇနိယ(ခ) ကိုရင်ကြီး(ခ) ဦးတင်ဝင်း (၅၃)နှစ်အား သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေးသွားခဲ့သဖြင့် ကိုရင်ကြီးတွင် သေနတ်ထိမှန်ဒဏ်ရာများရရှိခဲ့သဖြင့် စစ်ကိုင်းမြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရှိကြောင်း သိရှိရပါသည်။
နိုင်ငံရေးအစွန်းရောက် အကြမ်းဖက်သမားများသည် NUG အဖွဲ့၏စေခိုင်းချက်အရ ငါနဲ့မတူငါ့ရန်သူ အယူအဆဖြင့် ၎င်းတို့ကိုမထောက်ခံသည့် အပြစ်မဲ့ပြည်သူများအား ရက်ရက်စက်စက် လက်နက်အားကိုး၍ သတ်ဖြတ်ခြင်းများပြုလုပ်လျက်ရှိသည့်အပြင် ဗုဒ္ဓဘာသာဝင်မြန်မာလူမျိုးများ၏ အထွဋ်အမြတ်ထားရာ ဘုရားသားတော် ရဟန်းသံဃာတော်များအား အကြောင်းမဲ့သက်သက် ဖမ်းဆီးခေါ်ဆောင်သတ်ဖြတ်ခြင်းများအား ရက်စက်စွာလုပ်ဆောင်လျက်ရှိပါသည်။ ထိုကဲ့သို့ အကြမ်းဖက်သမားများ၏ ရက်စက်စွာသတ်ဖြတ်မှုကြောင့် သေဆုံးသူရဟန်းသံဃာတော် ၄၉ ပါး၊ ဒဏ်ရာ ရရှိသူ ရဟန်းသံဃာတော် ၁၉ ပါး ရှိပြီဖြစ်ကြောင်း သိရှိရပါသည်။
အထက်ပါဖြစ်စဉ်များမှ အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေ နှင့်အညီအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက လုံခြုံရေးလုပ်ငန်းစဉ်များနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။
-
PDF အကြမ်းဖက်အဖွဲ့ဝင်များသည် မစိုးရိမ်ကျောင်းတိုက်တွင် သီတင်းသုံးနေထိုင်သည့် ရှင်တေဇနိယ(ခ) ကိုရင်ကြီး(ခ) ဦးတင်ဝင်း (၅၃)နှစ်အား သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေးသွားခဲ့သဖြင့် ကိုရင်ကြီးတွင် သေနတ်ထိမှန်ဒဏ်ရာများရရှိခဲ့။
-
အကြမ်းဖက်သမားများ၏ ရက်စက်စွာသတ်ဖြတ်မှုကြောင့် သေဆုံးသူ ရဟန်းသံဃာတော် ၄၉ ပါး၊ ဒဏ်ရာရရှိသူ ရဟန်းသံဃာတော် ၁၉ ပါး တို့ရှိပြီဖြစ်။
Add new comment