ကော့သောင်းမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား တပ်မတော်ပင်လယ်သွား ဆေးရုံရေယာဉ် (သံလွင်)ဖြင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်

 

တပ်မတော်နယ်လှည့်အထူးကုဆေးအဖွဲ့များပါဝင်သည့် တပ်မတော်ပင်လယ်သွားဆေးရုံရေယာဉ် (သံလွင်)သည် မေလ ၁၉ ရက်တွင် တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့နယ်အတွင်းရှိ ဒေသခံဆလုံလူမျိုးများနှင့် တပ်မတော်သားမိသားစုဝင်များအား ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများကို ဆောင်ရွက်ပေးရာတွင် ဆေးကုသမှုဆိုင်ရာ ရောဂါ ၇၈ ဦး၊ ခွဲစိတ်ရောဂါ ၃၆ ဦး၊ သားဖွား/မီးယပ်ရောဂါ ၃၂ ဦး၊ ကလေးရောဂါ ၃၅ ဦး၊ အရိုးရောဂါ ၃၀ ဦး၊ နား/နှာခေါင်း/လည်ချောင်းရောဂါ ၃၄ ဦး၊ မျက်စိရောဂါ ၃၇ ဦး နှင့် သွားနှင့်ခံတွင်းရောဂါ ၃၄ ဦး၊ စုစုပေါင်း ၃၁၆ ဦးတို့ကို လိုအပ်သည့်ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးခဲ့ပါသည်။

ထို့ပြင် ခွဲစိတ်ကုသရန်လိုအပ်သူ အထွေထွေခွဲစိတ်လူနာ ၁၂ ဦးကို ခွဲစိတ်ကုသမှုများဆောင်ရွက်ပေးခဲ့ပြီး သွားနှင့်ခံတွင်းလူနာ ၁၅ ဦး၊ ဓာတ်မှန်ရိုက်လူနာ ၃၂ ဦး၊ အာထရာဆောင်းဖြင့် စမ်းသပ်စစ်ဆေးလူနာ ၃၈ ဦး၊ ECG ဖြင့် နှလုံးစမ်းသပ်လူနာ ၅၅ ဦး၊ ဓာတ်ခွဲစမ်းသပ်လူနာ ၇၂ ဦးနှင့် ကွန်ပျူတာ ဓာတ်ခွဲစမ်းသပ်လူနာ ၃ ဦးတို့ကို ရောဂါ ရှာဖွေစမ်းသပ်ကုသပေးခြင်းများ ဆောင်ရွက်ပေးခဲ့ပါသည်။

  • တပ်မတော်နယ်လှည့်အထူးကုဆေးအဖွဲ့များပါဝင်သည့် တပ်မတော်ပင်လယ်သွားဆေးရုံရေယာဉ် (သံလွင်)သည် မေလ ၁၉ ရက်တွင် ကော့သောင်းမြို့နယ်အတွင်းရှိ ဒေသခံများနှင့် တပ်မတော်သားမိသားစုဝင် စုစုပေါင်း ၃၁၆ ဦးကို ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ခဲ့။

 

Add new comment