နိုင်ငံတော်ဝန်ကြီးချုပ်၏ ငြိမ်းချမ်းရေးဆွေးနွေးပွဲအတွက် ဖိတ်ခေါ်မှုကို ကြိုဆိုထောက်ခံခြင်းနှင့် ပြည်ပစွက်ဖက်နှောင့်ယှက်မှုများကို ဆန့်ကျင်ရှုတ်ချပွဲ ဆက်လက်ပြုလုပ်

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအား ငြိမ်းချမ်းရေးဆွေးနွေးပွဲအတွက် ဖိတ်ခေါ်မှုကို ပြည်သူများကကြိုဆိုထောက်ခံခြင်းနှင့် ပြည်ပစွက်ဖက်နှောင့်ယှက်မှုများအား ဆန့်ကျင်ရှုတ်ချပွဲကို မေလ ၁၉ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ်ရှိ မဟာဗန္ဓုလပန်းခြံရှေ့တွင် ဆက်လက်ပြုလုပ်ခဲ့ပါသည်။

     ကြိုဆိုထောက်ခံပွဲသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှတာဝန်ရှိသူများ၊ အမျိုးသားရေးဆရာတော်များ၊ ငြိမ်းချမ်းရေးကိုလိုလားသူပြည်သူများ စုစုပေါင်းအင်အား ၃,၀၀၀ ဦးခန့်တက်ရောက်ခဲ့ကြပြီး ငြိမ်းချမ်းရေးကြိုပမ်းမှုလုပ်ငန်းများကို ကြိုဆိုထောက်ခံခြင်းနှင့် ပြည်ပစွက်ဖက် နှောင့်ယှက်မှုများကို ဆန့်ကျင်ရှုတ်ချပွဲပြုလုပ်သည့် အကြောင်းနှင့် ငြိမ်းချမ်းရေးပန်းတိုင်ဆီသို့သွားမည်ဟူသည့် ခေါင်းစဉ်တို့ဖြင့် ဆွေးနွေးဟောပြောခဲ့ကြပါသည်။

တက်ရောက်လာကြသည့် ပြည်သူများက “ ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး၊ အချူပ်အခြာအာဏာတည်တံ့ခိုင်မြဲရေး၊ ပြည်ထောင်စုကြီးငြိမ်းချမ်းရေး၊ ပြည်ပစွက်ဖက်မှုအန္တရာယ် ဆန့်ကျင်တိုက်ဖျက်ရေး၊ ငြိမ်ချမ်းရေးပျက်ပြားအောင် ဖျက်ဆီးနေသူများ ကျဆုံးရေး၊ ငြိမ်းချမ်းရေးဆွေးနွေးပွဲကြီး အောင်ရမည် ” စသည့်ကြွေးကြော်သံများဖြင့် ကြွေးကြော်ခဲ့ကြပါသည်။

  • ငြိမ်းချမ်းရေးဆွေးနွေးပွဲအတွက် ဖိတ်ခေါ်မှုကို ပြည်သူများက ကြိုဆိုထောက်ခံခြင်းနှင့် ပြည်ပစွက်ဖက်နှောင့်ယှက်မှုများအား ဆန့်ကျင်ရှုတ်ချပွဲကို မေလ ၁၉ ရက်တွင် ဆက်လက်ပြုလုပ်ခဲ့

  • တက်ရောက်လာကြသည့် ပြည်သူများက “ ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး၊ အချူပ်အခြာအာဏာတည်တံ့ခိုင်မြဲရေး၊ ပြည်ထောင်စုကြီးငြိမ်းချမ်းရေး၊ ပြည်ပစွက်ဖက်မှုအန္တရာယ် ဆန့်ကျင်တိုက်ဖျက်ရေး၊ ငြိမ်ချမ်းရေးပျက်ပြားအောင် ဖျက်ဆီးနေသူများကျဆုံးရေး၊ ငြိမ်းချမ်းရေးဆွေးနွေးပွဲကြီး အောင်ရမည် ” စသည့်ကြွေးကြော်သံများဖြင့် ကြွေးကြော်ခဲ့။

 

 

 

 

 

Add new comment