နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နေပြည်တော်ကောင်စီနယ်မြေ ဖွံ့ဖြိုးတိုးတက်ရေးအစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား

 

 

နေပြည်တော်ကောင်စီနယ်မြေ ဖွံ့ဖြိုးတိုးတက်ရေးအစည်းအဝေးကို မေလ ၁၉ ရက်တွင်ကျင်းပခဲ့ပြီး အဆိုပါအစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တက်ရောက်အမှာစကားပြောကြားရာတွင်-

  • နေပြည်တော်ကောင်စီနယ်မြေကို Green City ၊ Clean City ၊ Smart City အဖြစ် တိုးတက်အောင်ဆောင်ရွက်၍ အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များ၏ စံပြနယ်မြေတစ်ခုဖြစ်စေရေး ကြိုးပမ်းဆောင်ရွက်ရန်လိုကြောင်း။
  • နေပြည်တော်ကောင်စီနယ်မြေသည် ပေါင်းလောင်း(စစ်တောင်းမြစ်)၊ ငလိုက်ချောင်း၊ ဆင်သေချောင်းများအပါအဝင် ချောင်း၊ မြောင်းများ များစွာရှိပြီး မြေဆီမြေနှစ်ကောင်းမွန်သောကြောင့် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများကို အောင်မြင်အောင် ဆောင်ရွက်၍ရကြောင်း။
  • နေပြည်တော်ကောင်စီနယ်မြေတွင် စိုက်ပျိုးရေးနှင့် မွေးမြူရေးဆိုင်ရာတက္ကသိုလ်များ ရှိသကဲ့သို့ ဝန်ကြီးဌာနများ ရုံးစိုက်ရာနယ်မြေလည်းဖြစ်သဖြင့် စိုက်ပျိုးရေးနှင့်မွေးမြူရေးကို အခြေခံသည့်ကုန်ထုတ်လုပ်ငန်းများကို စံပြဆောင်ရွက်နိုင်ရန်လိုကြောင်း။
  • စိုက်ပျိုးရေးအတွက် မြေဩဇာများရရှိရေး၊ မျိုးကောင်းမျိုးသန့်များရရှိရေးနှင့် စိုက်ပျိုးရေးနည်းပညာများ ခေတ်မီအောင်ဆောင်ရွက်ပေးခြင်းဖြင့် သီးနှံစိုက်ပျိုးမှုများ များစွာတိုးတက်ကောင်းမွန်လာမည်ဖြစ်ကြောင်း၊ မိမိတို့၏ အမျိုးသားရေးရည်မှန်းချက်သည် တိုင်းပြည် သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးပင်ဖြစ်ကြောင်း။
  • စနစ်ကျသည့်မွေးမြူရေးလုပ်ငန်းများကို ဆောင်ရွက်နိုင်မည်ဆိုပါက မွေးမြူရေးထွက်ကုန်များထုတ်လုပ်နိုင်ပြီး ဒေသတွင်းလိုအပ်ချက်နှင့် အခြားတိုင်းဒေသကြီးများသို့ပါ တင်ပို့ရောင်းချနိုင်မည်ဖြစ်သဖြင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို တစ်နိုင်ငံလုံး၏ စံပြအဖြစ် ဆောင်ရွက် နိုင်ရေး သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် နေပြည်တော်ကောင်စီမှ တာဝန်ရှိသူများက ကြိုးပမ်းဆောင်ရွက်ကြရန်လိုကြောင်း မှာကြားခဲ့ပါသည်။

ထို့နောက် တာဝန်ရှိသူများက နေပြည်တော်ကောင်စီနယ်မြေအတွင်း မြေအသုံးချမှုဆိုင်ရာများ၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် ထုတ်လုပ်နေမှု အခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က-

  • စိုက်ပျိုးရေးလုပ်ငန်းများအတွက် နွေရာသီ၌ ရေလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရေးအတွက် လျှပ်စစ်မြစ်ရေတင်လုပ်ငန်းများနှင့် နေရောင်ခြည်စွမ်းအင်သုံး မြစ်ရေတင်လုပ်ငန်းများကို အသေးစားမြစ်ရေတင်လုပ်ငန်းများဖြင့် ဆောင်ရွက်မည်ဆိုပါက ငွေကြေးကုန်ကျမှုများလည်း သက်သာမည်ဖြစ်ကြောင်း။
  • တောင်သူများ၏ အကျိုးစီးပွားတိုးတက်အောင် ဆောင်ရွက်ပေးပြီး ကုန်ထုတ် လုပ်ငန်းများတိုးတက်အောင် ဆောင်ရွက်ပေးမည်ဆိုပါက မိမိတို့ပြည်တွင်း၌ အလုပ် အကိုင်အခွင့်အလမ်းများ ပေါများလာမည်ဖြစ်သဖြင့် လုပ်အားများကို အကျိုးရှိစွာ အသုံးချနိုင်မည်ဖြစ်ကြောင်း။
  • ရေရရှိရေးဆောင်ရွက်ရာတွင် ရေဝေရေလဲသစ်တောဧရိယာများကို စနစ်တကျဖြင့် ထိန်းသိမ်းထားရှိ၍ ရာသီဥတုကောင်းမွန်အောင်ဆောင်ရွက်ခြင်းနှင့် ရေဖလှယ်ခြင်း လုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်ရန်လိုကြောင်း။
  • နေပြည်တော်ကောင်စီနယ်မြေအတွင်း စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ တိုးတက်စေရေးအတွက် ကောင်းမွန်သည့်စီမံခန့်ခွဲမှုများနှင့် နည်းလမ်းပေါင်းစုံဖြင့် ကြိုးပမ်းဆောင်ရွက်ကြရန်လိုကြောင်း မှာကြားခဲ့ပါသည်။

အစည်းအဝေးသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ သမဝါယနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ ဒုတိယဗိုလ်ချုပ်ကြီး သန်းထွန်းဦးနှင့် နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူးတို့ တက်ရောက်ခဲ့ကြပါသည်။

  • နေပြည်တော်ကောင်စီနယ်မြေတွင် စိုက်ပျိုးရေးနှင့် မွေးမြူရေးဆိုင်ရာတက္ကသိုလ်များ ရှိသကဲ့သို့ ဝန်ကြီးဌာနများ ရုံးစိုက်ရာနယ်မြေလည်းဖြစ်သဖြင့် စိုက်ပျိုးရေးနှင့် မွေးမြူရေးကိုအခြေခံသည့် ကုန်ထုတ်လုပ်ငန်းများကို စံပြဆောင်ရွက်နိုင်ရန်လို။
  • စိုက်ပျိုးရေးအတွက် မြေဩဇာများရရှိရေး၊ မျိုးကောင်းမျိုးသန့်များရရှိရေးနှင့် စိုက်ပျိုးရေးနည်းပညာများ ခေတ်မီအောင်ဆောင်ရွက်ပေးခြင်းဖြင့် သီးနှံစိုက်ပျိုးမှုများ များစွာတိုးတက်ကောင်းမွန်လာမည်ဖြစ်၊ မိမိတို့၏ အမျိုးသားရေးရည်မှန်းချက်သည် တိုင်းပြည်သာယာဝ ပြောရေးနှင့် စားရေရိက္ခာဖူလုံရေးပင်ဖြစ်။
  • စနစ်ကျသည့်မွေးမြူရေးလုပ်ငန်းများကို ဆောင်ရွက်နိုင်မည်ဆိုပါက မွေးမြူရေးထွက်ကုန်များ ထုတ်လုပ်နိုင်ပြီး ဒေသတွင်းလိုအပ်ချက်နှင့် အခြားတိုင်းဒေသကြီးများသို့ပါ တင်ပို့ရောင်းချနိုင်မည်ဖြစ်သဖြင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို တစ်နိုင်ငံလုံး၏ စံပြအဖြစ် ဆောင်ရွက်နိုင်ရေး သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် နေပြည်တော်ကောင်စီမှ တာဝန်ရှိသူများက ကြိုးပမ်းဆောင်ရွက်ကြရန်လို။
  • တောင်သူများ၏ အကျိုးစီးပွားတိုးတက်အောင် ဆောင်ရွက်ပေးပြီး ကုန်ထုတ်လုပ်ငန်းများတိုးတက်အောင် ဆောင်ရွက်ပေးမည်ဆိုပါက မိမိတို့ပြည်တွင်း၌ အလုပ်အကိုင်အခွင့်အလမ်းများပေါများလာမည်ဖြစ်သဖြင့် လုပ်အားများကို အကျိုးရှိစွာ အသုံးချနိုင်မည်ဖြစ်။

Add new comment