မေလ ၁၈ ရက်တွင် နေပြည်တော်ရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနအစည်းအဝေးခန်းမ၌ ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းဆောင်ရွက်နေမှုနှင့် ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်း ကောက်ယူ ခြင်းမှရရှိသည့် အချက်အလက်များကို နှိုင်းယှဉ်လေ့လာသည့် ဆွေးနွေးပွဲကျင်းပခဲ့ပါသည်။
- မြန်မာနိုင်ငံ၏ ကဏ္ဍအလိုက်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအတွက် မူဝါဒများရေးဆွဲချမှတ်ဆောင်ရွက်ရာတွင် အခြေခံအသုံးပြုရသည့် လူဦးရေဆိုင်ရာအချက်အလက်များ တိကျမှန်ကန်စွာရရှိနိုင်ရေးအတွက် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူရေးလုပ်ငန်းကို စီမံချက်ရေးဆွဲဆောင်ရွက်လျက်ရှိ။
- ယခုအခါ ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းကို လုပ်ငန်းအဆင့် ၈ ဆင့်ဖြင့် ဆောင်ရွက်မည်ဖြစ်ရာ ပထမအဆင့်အနေဖြင့် လုပ်ငန်းစဉ် ၅ ဆင့် ပြီးမြောက်နိုင်ရေး ဆောင်ရွက်လျက်ရှိ။
အဆိုပါဆွေးနွေးပွဲသို့ ဗဟိုသန်းခေါင်စာရင်းကော်မရှင်ဥက္ကဋ္ဌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးခင်ရီ၊ ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဦးဌေးလှိုင်နှင့် ဒေါက်တာမျိုးသန့်၊ ပြည်သူ့အင်အားဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းဇော်အောင်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။
- မြန်မာနိုင်ငံ၏ ကဏ္ဍအလိုက်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအတွက် မူဝါဒများ ရေးဆွဲချမှတ်ဆောင်ရွက်ရာတွင် အခြေခံအသုံးပြုရသည့် လူဦးရေဆိုင်ရာအချက်အလက်များ တိကျမှန်ကန်စွာ ရရှိနိုင်ရေးအတွက် ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူရေးလုပ်ငန်းကို စီမံချက်ရေးဆွဲ ဆောင်ရွက်လျက်ရှိ။
- ယခုအခါ ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းကို လုပ်ငန်းအဆင့် ၈ ဆင့်ဖြင့် ဆောင်ရွက်မည်ဖြစ်ရာ ပထမအဆင့်အနေဖြင့် လုပ်ငန်းစဉ် ၅ ဆင့် ပြီးမြောက်နိုင်ရေး ဆောင်ရွက်လျက်ရှိ။
Add new comment