လားရှိုးမြို့၌ TNLA အဖွဲ့အမည်ခံ၍ ဆက်ကြေးကောက်ခံနေသူတစ်ဦးနှင့် ၎င်းနှင့် ပတ်သက်ဆက်နွယ်သူတစ်ဦးတို့အား ဖမ်းဆီးရမိ

 

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့နေ စိုင်းဆာအောင်သည် TNLA အဖွဲ့ အမည်ခံ၍ စီးပွားရေးလုပ်ငန်းရှင်များထံမှ ခြိမ်းခြောက်ကာ ဆက်ကြေးငွေများကောက်ခံနေကြောင်း သိရှိရသဖြင့် မေလ ၁၆ ရက်တွင် နယ်မြေခံ လုံခြုံရေးတပ်ဖွဲ့ဝင်များက လားရှိုးမြို့၊ အမှတ်(၁၀)ရပ်ကွက်ရှိ “သူ့ထက်ဦး” အမျိုးသားဘော်ဒါဆောင်အား ဝင်ရောက်ရှာဖွေခဲ့ရာ စိုင်းဆာအောင်အား ဖုန်းတစ်လုံးနှင့်အတူ တွေ့ရှိဖမ်းဆီးရမိခဲ့ပါသည်။

စိုင်းဆာအောင်၏ ထွက်ဆိုချက်အရ ဆက်ကြေးကောက်ခံခြင်းလုပ်ငန်းအား အဓိကလုပ်ဆောင်သူ TNLA သောင်းကျန်းသူအဖွဲ့မှ တပ်စုမှူးအဆင့်ရှိ အောင်ကျော်မိုး အား လက်ကိုင်ဖုန်းတစ်လုံးနှင့်အတူ လားရှိုးမြို့ရှိ Royal Ground Hotel တွင် ထပ်မံဖမ်းဆီးရမိခဲ့ပါသည်။

ဖမ်းဆီးရမိ တရားခံ ၂ ဦးသည် ၂၀၂၁ ခုနှစ် အောက်တိုဘာလမှ ၂၀၂၂ ခုနှစ်၊ မေလ ၁၆ ရက်အထိ TNLA အဖွဲ့အမည်ခံ၍ လားရှိုး၊ မန္တလေး၊ ကျောက်ဆည်၊ တောင်ကြီးမြို့များရှိ စက်သုံးဆီအရောင်းဆိုင်၊ အထည်ဆိုင်၊ ကား/ဆိုင်ကယ် အရောင်းဆိုင်၊ လျှပ်စစ်ပစ္စည်းဆိုင်၊ ကုန်စုံဆိုင်၊ ဟိုတယ်လုပ်ငန်း ရှင်များထံသို့ ဖုန်းဖြင့် ၂၅ ကြိမ်ခန့် ဆက်သွယ်ကာ စုစုပေါင်း ဆက်ကြေးငွေ ၂၁,၉၅၀,၀၀၀ ကျပ် ကောက်ခံခဲ့ကြောင်းနှင် ၎င်းတို့ ၂ ဦးအား တရားဥပဒေအရ လိုအပ်သလို အရေးယူနိုင်ရေးဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

  • လားရှိုးမြို့၌ TNLA အဖွဲ့အမည်ခံ၍ ဆက်ကြေးကောက်ခံနေသူတစ်ဦးနှင့် ၎င်းနှင့်ပတ်သက်ဆက်နွယ်သူတစ်ဦးတို့အား တာဝန်သိပြည်သူများ၏ သတင်းပေးပို့ မှုအရ ဖမ်းဆီးရမိခဲ့။
  • ဖမ်းဆီးရမိတရားခံများသည် ၂၀၂၁ ခုနှစ် အောက်တိုဘာလမှ ၂၀၂၂ ခုနှစ်၊ မေလ ၁၆ ရက်အထိ TNLA အဖွဲ့အမည်ခံ၍ လားရှိုး၊ မန္တလေး၊ ကျောက်ဆည်၊ တောင်ကြီးမြို့များရှိ စက်သုံးဆီအရောင်းဆိုင်၊ အထည်ဆိုင်၊ ကား/ဆိုင်ကယ် အရောင်းဆိုင်၊ လျှပ်စစ်ပစ္စည်းဆိုင်၊ ကုန်စုံဆိုင်၊ ဟိုတယ်လုပ်ငန်းရှင်များထံသို့ ဖုန်းဖြင့် ၂၅ ကြိမ်ခန့် ဆက်သွယ်ကာ စုစုပေါင်း ဆက်ကြေးငွေ ၂၁,၉၅၀,၀၀၀ ကျပ် ကောက်ခံခဲ့။

Add new comment