နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဉက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ ငြိမ်းချမ်းရေး ဆွေးနွေးပွဲအတွက် ဖိတ်ခေါ်မှုကို ကြိုဆိုထောက်ခံခြင်းနှင့် ပြည်ပစွက်ဖက်နှောင့် ယှက်မှုများကို ဆန့်ကျင်ရှုတ်ချပွဲပြုလုပ်

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအား ငြိမ်းချမ်းရေးဆွေးနွေးပွဲအတွက် ဖိတ်ခေါ်မှုကို ပြည်သူများက ကြိုဆိုထောက်ခံခြင်းနှင့် ပြည်ပစွက်ဖက်နှောင့်ယှက်မှုများအား ဆန့်ကျင်ရှုတ်ချပွဲကို မေလ ၁၆ ရက်တွင် နေပြည်တော်ကောင်စီနယ်မြေအတွင်း၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါ ကြိုဆိုထောက်ခံပွဲသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ဗဟိုကော်မတီဝင်များ၊ တာဝန်ရှိသူများနှင့် နေပြည်တော် (၈) မြို့နယ်မှ ပြည်သူစုစုပေါင်း အင်အား ၇၀၀၀ ဦးခန့် တက်ရောက်ကြပြီး ငြိမ်းချမ်းရေးသည် ဒီမိုကရေစီအတွက် အခြေခံလိုအပ်ချက်ဖြစ်သည်၊ ငြိမ်းချမ်းမှ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မည်၊ ငြိမ်းချမ်းရေး ရရှိရေးသည် နိုင်ငံသားအားလုံး၏ ဆန္ဒအစစ်အမှန်များဖြစ်သည် ဟူသည့် ခေါင်းစဉ်များဖြင့် ဆွေးနွေးဟောပြောခဲ့ကြပါသည်။

ကြိုဆိုထောက်ခံပွဲသို့ တက်ရောက်လာကြသည့်ပြည်သူများက ပြည်ထောင်စုကြီး ငြိမ်းချမ်းရေး၊ ပြည်ပစွက်ဖက်မှုအန္တရာယ်ဆန့်ကျင်တိုက်ဖျက်ရေး၊ ငြိမ်းချမ်းရေးပျက်ပြားအောင် ဖျက်ဆီးနေသူများကျဆုံးရေးနှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲကြီး အောင်ရမည် ဟု  ကြွေးကြော်ခဲ့ကြကြောင်း သိရှိရပါသည်။

  • နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအား ငြိမ်းချမ်းရေးဆွေးနွေးပွဲအတွက် ဖိတ်ခေါ်မှုကို ပြည်သူများက ကြိုဆိုထောက်ခံခြင်းနှင့် ပြည်ပစွက်ဖက်နှောင့်ယှက်မှုများအား ဆန့်ကျင်ရှုတ်ချပွဲကို နေပြည်တော်၌ ကျင်းပပြုလုပ်ခဲ့။
  • ကြိုဆိုထောက်ခံပွဲတွင် ပြည်သူစုစုပေါင်းအင်အား ၇၀၀၀ ဦးခန့်က ပြည်ထောင်စုကြီး ငြိမ်းချမ်းရေး၊ ပြည်ပစွက်ဖက်မှုအန္တရာယ်ဆန့်ကျင်တိုက်ဖျက်ရေး၊ ငြိမ်းချမ်းရေးပျက်ပြားအောင် ဖျက်ဆီးနေသူများကျဆုံးရေးနှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲကြီး အောင်ရမည် ဟု  ကြွေးကြော် ခဲ့ကြ။

Add new comment