မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဦးသန်းညိန်း (၅၀) ကြိမ်မြောက် အာရှဗဟိုဘဏ်များ ငွေစာရင်းရှင်းလင်းရေးအဖွဲ့ (အေစီယူ)ဒါရိုက်တာအဖွဲ့အစည်းအဝေးသို့ တက်ရောက်

 

မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဦးသန်းညိန်း ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် မေလ ၁၂ ရက်မှ ၁၃ ရက်အထိ ပါကစ္စတန်နိုင်ငံ အစ္စလာမ်မာဘတ်မြို့၌ ကျင်းပသည့် (၅၀) ကြိမ်မြောက် အာရှဗဟိုဘဏ်များ ငွေစာရင်းရှင်းလင်းရေးအဖွဲ့(အေစီယူ)ဒါရိုက်တာအဖွဲ့အစည်းအဝေးသို့ တက်ရောက်ခဲ့ပါသည်။

အစည်းအဝေးတွင် အေစီယူအဖွဲ့ဝင်နိုင်ငံများ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် အလားအလာများ၊ နိုင်ငံဖြတ်ကျော်ပေးချေမှုများဆိုင်ရာ ဆန်းသစ်တီထွင်မှုများ ပိုမိုတိုးတက်လာစေရေး၊ အေစီယူနိုင်ငံများအကြား ပြည်တွင်းသုံးငွေကြေးဖြင့် ပေးချေမှုများအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးနှင့် အေစီယူစနစ် ပိုမိုအားကောင်းခိုင်မာလာစေရေးဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြပါသည်။

အဆိုပါ အစည်းအဝေးသို့ အေစီယူအဖွဲ့ဝင်နိုင်ငံ ကိုးနိုင်ငံဖြစ်သည့် အိန္ဒိယနိုင်ငံ၊ ပါကစ္စတန်နိုင်ငံ၊ အီရန်နိုင်ငံ၊ သီရိလင်္ကာနိုင်ငံ၊ ဘင်္ဂလားဒေ့ရှိနိုင်ငံ၊ နီပေါနိုင်ငံ၊ မြန်မာနိုင်ငံ၊ ဘူတန်နိုင်ငံ၊  မော်လ်ဒိုက်နိုင်ငံတို့မှ ကိုယ်စားလှယ်များတက်ရောက်ခဲ့ကြပါ သည်။

  • အစည်းအဝေးတွင် အေစီယူအဖွဲ့ဝင်နိုင်ငံများ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် အလားအလာများ၊ နိုင်ငံဖြတ်ကျော်ပေးချေမှုများဆိုင်ရာ ဆန်းသစ်တီထွင်မှုများ ပိုမိုတိုးတက်လာစေရေး၊ အေစီယူနိုင်ငံများအကြား ပြည်တွင်းသုံးငွေကြေးဖြင့် ပေးချေမှုများ အကောင်အထည် ဖော်ဆောင်ရွက်နိုင်ရေးနှင့် အေစီယူစနစ် ပိုမိုအားကောင်း ခိုင်မာလာစေရေးဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြ။

 

Add new comment