ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းက အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီမြို့တွင် မေလ ၁၁ ရက်မှ ၁၅ ရက်အထိ ကျင်းပသည့် (၁၅) ကြိမ်မြောက် အာဆီယံကျန်းမာရေးဝန်ကြီးများအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများ တက်ရောက်စဉ်အတွင်း မေလ ၁၄ ရက်တွင် ထိုင်းနိုင်ငံ၊ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာန၊ ဝန်ကြီး H.E Anutin Charnvirakul ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား CORADHOTEL Bali၊ Lagoon Room(1) ၌ လက်ခံတွေ့ဆုံခဲ့ရာ ပြည်ထောင်စုဝန်ကြီးက-
- ကိုဗစ်-၁၉ ကပ်ရောဂါအလွန် နှစ်နိုင်ငံ ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရေးနှင့် ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေး ကိစ္စရပ်များ။
- မြန်မာနိုင်ငံ၌ ကျန်းမာရေးစောင့်ရှောက်မှုရရှိရေးလုပ်ငန်းစဉ်များတွင် ပြည်သူများ ငွေကြေးကုန်ကျမှုသက်သာစေရေးအတွက် ထိုင်းနိုင်ငံ၏ အတွေ့အကြုံများကို လေ့လာနိုင်ရေးကိစ္စရပ်များ။
- ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထပ်မံလှူဒါန်းလိုသည့် ကိစ္စရပ်များအား အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့။
အဆိုပါအစည်းအဝေးသို့ မြန်မာနိုင်ငံကျန်းမာရေးဝန်ကြီးဌာနနှင့် ထိုင်းနိုင်ငံပြည်သူ့ ကျန်းမာရေးဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။
- မေလ ၁၄ ရက်တွင် ပြည်ထောင်စုဝန်ကြီးက ထိုင်းနိုင်ငံမှ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်သူ့ကျန်းမာရေးဝန်ကြီးဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံခဲ့။
- ကိုဗစ်-၁၉ ကပ်ရောဂါအလွန် နှစ်နိုင်ငံ ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရေး၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးကိစ္စရပ်များနှင့် ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထပ်မံလှူဒါန်းလိုသည့် ကိစ္စရပ်များအား အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့။
Add new comment