သာသနာတော်နှစ် ၂၅၆၆ ခုနှစ် အထိမ်းအမှတ် မန္တလေးမြို့၊ လေးပြင်လေးရပ်ရှိ သံဃာတော်အပါး ၁၀,၂၆၄ ပါးတို့အား ဆွမ်းနှင့် နဝကမ္မလှူဖွယ်ဝတ္ထုပစ္စည်းများ လောင်းလှူပူဇော်ခြင်းမဟာမင်္ဂလာကို မေလ ၁၄ ရက်တွင် မန္တလေးမြို့၊ ကျုံးအရှေ့ဘက်၊ အနောက် ဘက်၊ တောင်ဘက်၊ မြောက်ဘက်တို့ရှိ သတ်မှတ်မင်္ဂလာမဏ္ဍပ်များ၌ တစ်ပြိုင်တည်းပြုလုပ်ကြရာ မန္တလေးမြို့၊ မဟာဓမ္မိကာရာမ ကျောင်းတိုက်၊ မိတ္ထီလာကျောင်းတိုက် ဆရာတော်နိုင်ငံတော်ဩဝါဒစရိယ အဂ္ဂမဟာပဏ္ဍိတဘဒ္ဒန္တသုဇနပီယ အမှူးပြုသော သံဃာ တော်များ ကြွရောက်တော်မူကြပြီး မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမောင်ကို၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ကိုကိုဦး၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ လူမှုအသင်းအဖွဲ့များ၊ အလှူရှင်များနှင့် စေတနာရှင်ပြည်သူများ တက်ရောက် ကြည်ညိုခဲ့ကြပါသည်။
အဆိုပါအခမ်းအနားတွင် ဆရာတော်၊ သံဃာတော် ၁၀,၂၆၄ ပါးတို့အတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဇနီးဒေါ်ကြူကြူလှမိသားစုနှင့် တပ်မတော်(ကြည်း၊ရေ၊လေ) မိသားစုဝင်များက လှူဒါန်းငွေေကျပ်၂၃၂,၁၅၇,၁၈၀၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ လူမှုအသင်းအဖွဲ့များ၊ စေတနာ ရှင်ပြည်သူများက လှူဒါန်းငွေ ကျပ်၆၁၇,၈၄၅,၃၈၀၊ စုစုပေါင်းငွေကျပ် ၈၅၀,၀၀၂,၅၆၀ တို့ကိုလှူဒါန်းခဲ့ကြကြောင်းနှင့် မန္တလေးတိုင်း ဒေသကြီးအတွင်းရှိ ခရိုင်အသီးသီးမှ မြို့နယ်(၂၁)မြို့နယ်၌ သံဃာတော် (၁၀၈)ပါးစီဖြင့်လည်းကောင်း၊ မကွေးတိုင်းဒေသကြီး အတွင်းရှိ မကွေးမြို့နှင့်တောင်တွင်းကြီးမြို့၌ ဆရာတော်၊ သံဃာတော်အပါး ၃၀၀ ကျော်စီဖြင့်လည်းကောင်း အန္တရာယ်ကင်း ပရိတ် တရားတော်များရွတ်ဖတ်ပူဇော်ပြီး ဆွမ်း၊ လှူဖွယ်ပစ္စည်းများ၊ အလှူငွေများကို တပ်နယ်အသီးသီးမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ စေတနာရှင်ပြည်သူများက အသီးသီးဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရှိရပါသည်။
- သာသနာတော်နှစ် ၂၅၆၆ ခုနှစ် အထိမ်းအမှတ် မန္တလေးမြို့လေးပြင်လေးရပ်ရှိ သံဃာတော်အပါး ၁၀,၂၆၄ ပါးတို့ အား တပ်မတော်အကြီးအကဲများ၊ အလှူရှင်များနှင့် စေတနာရှင်ပြည်သူများက ဆွမ်းနှင့်လှူဖွယ်ဝတ္ထုပစ္စည်းများ လောင်းလှူပူဇော်ခဲ့။
- ဆရာတော်၊ သံဃာတော် ၁၀,၂၆၄ ပါးတို့အတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဇနီးဒေါ်ကြူကြူလှမိသားစုနှင့် တပ်မတော်(ကြည်း၊ရေ၊လေ) မိသားစုဝင်များက လှူဒါန်းငွေေကျပ်၂၃၂,၁၅၇,၁၈၀၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့်ဌာနဆိုင်ရာ ဝန်ထမ်း များ၊ လူမှုအသင်းအဖွဲ့များ၊ စေတနာရှင်ပြည်သူများက လှူဒါန်းငွေကျပ် ၆၁၇,၈၄၅,၃၈၀၊ စုစုပေါင်းငွေကျပ် ၈၅၀,၀၀၂,၅၆၀ တို့ကိုလှူဒါန်းခဲ့ကြ။
Add new comment