ကဆုန်လပြည့်ဗုဒ္ဓနေ့ဖြစ်သော ကဆုန်ညောင်ရေသွန်းပွဲတော်ကို မေလ ၁၄ ရက်တွင် နေပြည်တော်ကောင်စီနယ်မြေအပါအဝင် တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီး၌ကျင်းပခဲ့ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းနှင့်ဇနီး၊ ကောင်စီအဖွဲ့ဝင်များနှင့်ဇနီးများ သည် နေပြည်တော် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး ပရိဝုဏ်တော်အတွင်းရှိ မဟာဗောဓိညောင်ပင်များအား ညောင်ရေသွန်း လောင်းပူဇော်ပြီး အမွှေးနံ့သာရည်များပက်ဖျန်းပူဇော်ခဲ့ကြပါသည်။
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် အမှူးပြုသောတာဝန်ရှိသူများနှင့် ၎င်းတို့ ၏ဇနီးများ၊ မိသားစုများကဇေယျာသီရိမြို့နယ်၊ လောကချမ်းသာဆုတောင်းပြည့်အသင်းဘုရားကြီးရှိ မဟာဗောဓိညောင်ပင်တော် များကိုလည်း ကဆုန်ညောင်ရေသွန်းလောင်းပူဇော်ခဲ့ကြပါသည်။
ကဆုန်ညောင်ရေသွန်းလောင်းပွဲတော်များကို ရွှေတိဂုံစေတီတော်မြတ်ကြီး အပါအဝင် တိုင်းဒေသကြီးနှင့်ပြည်နယ်များရှိ ဘုရား စေတီပုထိုးများ၌ ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးနှင့်ပြည်နယ်ဝန်ကြီးချုပ်များ၊ တိုင်းစစ်ဌာနချုပ်အသီးသီးမှ တိုင်းမှူးများ၊ တာဝန် ရှိသူများ၊ ဝတ်အသင်းများတက်ရောက်ကြပြီး သတ်မှတ်နေရာများအလိုက် မဟာဗောဓိပင်များအား ညောင်ရေသွန်းလောင်း ပူဇော်၍ ဥပုသ်သီလဆောက်တည်ခြင်း၊ ဆွမ်းဆန်စိမ်းလောင်းလှူခြင်းစသည့် သူတော်ကောင်းတရားများကို အားထုတ်ဆောင် ရွက်ခဲ့ကြပါသည်။
အဆိုပါ ကဆုန်လပြည့်နေ့သည် ဒီပင်္ကရာမြတ်စွာဘုရားက ဂေါတမဘုရား အလောင်းတော် သုမေဓာရှင်ရသေ့အား “ဘဒ္ဒကမ္ဘာတွင် ဘုရားအဖြစ်ကိုရလိမ့်မည်”ဟု ဗျာဒိတ်တော်စကား မိန့်ကြားတော်မူသောနေ့၊ ဘုရားအလောင်းတော် သိဒ္ဓတ္ထမင်းသားဖွားမြင် သောနေ့၊ သဗ္ဗညုဘုရားရှင်အဖြစ်သို့ရောက်တော်မူသောနေ့၊ ပရိနိဗ္ဗာန်စံတော်မူသောနေ့များဖြစ်သဖြင့် ဗုဒ္ဓဘာသာဝင်များက ကဆုန်လပြည့်ဗုဒ္ဓနေ့ဟူ၍ အထွတ်အမြတ်ထား ကျင်းပပူဇော်လေ့ရှိကြကြောင်းသိရှိရပါသည်။
- နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် အမှူးပြုသောတာဝန်ရှိသူများသည် နေပြည်တော် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး ပရိဝုဏ်တော်အတွင်းရှိ မဟာဗောဓိညောင်ပင်များအားလည်းကောင်း၊ ဇေယျာ သီရိမြို့နယ်၊ လောကချမ်းသာဆုတောင်းပြည့်အသင်းဘုရားကြီးရှိ မဟာဗောဓိညောင်ပင်တော်များအားလည်း ကောင်း ကဆုန်ညောင်ရေသွန်းလောင်းပူဇော်ခဲ့ကြ။
- ကဆုန်ညောင်ရေသွန်းလောင်းပွဲတော်များကို ရွှေတိဂုံစေတီတော်မြတ်ကြီးအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ် များရှိ ဘုရားစေတီပုထိုးများ၌ ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးနှင့်ပြည်နယ်ဝန်ကြီးချုပ်များ၊ တိုင်းစစ်ဌာနချုပ် အသီးသီးမှ တိုင်းမှူးများ၊ တာဝန်ရှိသူများ၊ ဝတ်အသင်းများ တက်ရောက်ကြပြီး မဟာဗောဓိပင်များကို ညောင်ရေ သွန်းလောင်းပူဇော်ခဲ့။
Add new comment