မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ဗုဒ္ဓဉယျာဉ်ဝတ္ထုကံတော်၊ ဆဋ္ဌသင်္ဂါယနာမူပိဋကတ် ကျောက်စာတော်များ စတင်ရေးထိုးပူဇော်ခြင်း မဟာမင်္ဂလာအခမ်းအနားကျင်းပ

 

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်ရှိ မာရဝိဇယဗုဒ္ဓဥယျာဉ်တော်ဝတ္တုကံတော်အတွင်း တည်ထားပူဇော်မည့် ဆဋ္ဌသင်္ဂါယနာမူပိဋကတ်ကျောက်စာတော်များ စတင်ရေးထိုးပူဇော်ခြင်း မဟာမင်္ဂလာအခမ်းအနားကို မေလ ၁၄ ရက်တွင် ကျင်းပ ပြုလုပ်ခဲ့ပါသည်။

အခမ်းအနားတွင် ဗန်းမော်ဆရာတော်ကြီးနှင့် သီတဂူဆရာတော်ကြီးတို့က ပိဋကတ်ကျောက်စာတော်ရေးထိုးပူဇော်မည့် မင်္ဂလာစက် ယန္တရားများ၏ မင်္ဂလာလိုက်ကာများကို စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးတော်မူကြပြီးနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က စက်ယန္တရားများကို မင်္ဂလာစက်ခလုတ်နှိပ်၍ ပိဋကတ်ကျောက်စာတော် စတင်ရေးထိုးပူဇော်ပြီး ဗန်းမော် ဆရာတော်ကြီးနှင့် သီတဂူဆရာတော်ကြီးတို့ထံ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ဆင်းတုတော်အပိုင်း ၄ ပိုင်း ထုဆစ် ပြီးစီးမှုနှင့် ဗုဒ္ဓဥယျာဉ်တည်ဆောက်ပြီးစီးမှုအခြေအနေများကို ပြသရှင်းလင်းလျှောက်ထားကာ ဆရာတော်ကြီးများ၏ ဩဝါဒကို ခံယူခဲ့ပါသည်။

အဆိုပါ ကျောက်စာရုံစေတီများတည်ထားနိုင်ရေး စီစဉ်ဆောင်ရွက်ခဲ့ရာတွင် ကျောက်စာချပ်ရေပေါင်း ၇၂၉ ချပ် စိုက်ထူထားပြီး သမိုင်းမော်ကွန်းကျောက်စာထားရှိမည့် အလယ်ဗဟိုကျောက်စာရုံစေတီသည် အလျား ၂၁ ပေ၊ အနံ ၂၁ ပေ၊ အမြင့် ၂၇ ပေရှိမည် ဖြစ်ပြီး အခြားကျောက်စာရုံစေတီများအနေဖြင့် အလျား ၁၂ ပေ၊ အနံ ၁၂ ပေ၊ အမြင့် ၁၈ ပေ ရှိမည်ဖြစ်ကာ ကျောက်စာချပ် အနေဖြင့် အလျား ၄၅ လက်မ၊ အမြင့် ၆ ပေ ၃ လက်မ၊ ထု ၇ ဒသမ ၂ လက်မ ရှိမည်ဖြစ်ကြောင်း သိရှိရပါသည်။

  • နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က စက်ယန္တရားများကို မင်္ဂလာစက်ခလုတ်နှိပ်၍ ပိဋကတ်ကျောက်စာတော် စတင်ရေးထိုးပူဇော်ပြီး ဗန်းမော်ဆရာတော်ကြီးနှင့် သီတဂူဆရာတော်ကြီးတို့ထံ မာရဝိဇယဗုဒ္ဓရုပ်ပွားတော် မြတ်ကြီး၏ ဆင်းတုတော်အပိုင်း ၄ ပိုင်း ထုဆစ်ပြီးစီးမှုနှင့် ဗုဒ္ဓဥယျာဉ်တည် ဆောက်ပြီးစီးမှုအခြေအနေများကို ပြသရှင်းလင်းလျှောက်ထားကာ ဆရာတော်ကြီးများ၏ ဩဝါဒကို ခံယူခဲ့

Add new comment