PDF အကြမ်းဖက်သမားများ၏ ပညာရေးကဏ္ဍအပေါ် အကြမ်းဖက်တိုက်ခိုက်မှုများ

 

PDF အကြမ်းဖက်သမားများအနေဖြင့် စစ်ရေးနှင့်မသက်ဆိုင်သော စာသင်ကျောင်းများအတွင်း အကာအကွယ်ရယူကာ ဒေသ အတွင်း တည်ငြိမ်အေးချမ်းမှုကိုပျက်ပြားစေရန် လုပ်ဆောင်လျက်ရှိသည့်အပြင် ငါနှင့်မတူငါ့ရန်သူဟူသည့် တစ်ဖက်သတ် အစွန်းရောက်ဂိုဏ်းဂဏစွဲအပေါ် အခြေခံကာ CDM ပြုလုပ်ခြင်းမရှိသည့် နိုင်ငံ့ဝန်ထမ်းများ၊ ၎င်းတို့အပေါ် ထောက်ခံမှုမရှိသူများ အား ဒလန်ဟုစွပ်စွဲ၍ လက်နက်အားကိုးဖြင့် အကြောင်းမဲ့ရက်စက်စွာ သတ်ဖြတ်ခြင်းများလုပ်ဆောင်လျက်ရှိသည်ကို တွေ့ရှိရ ပါသည်။

  • မေလ ၁၂ ရက်တွင် ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်း(သံတောင်)မှ အထက်တန်းပြဆရာ ဦးကျော်ငြိမ်း(၃၆)နှစ်သည် နေအိမ်ဈေးဆိုင်၌ တစ်ရပ်ကွက်တည်းနေ ဦးချန်နူး(၄၁)နှစ်နှင့် အတူ စကားပြောနေစဉ် အကြမ်းဖက်သူအမျိုးသားနှစ်ဦး ရောက်ရှိလာပြီး သေနတ်ဖြင့်ပစ်ခတ်ထွက်ပြေးသွားခဲ့ရာ ဦးကျော်ငြိမ်းနှင့် ဦးချန်နူးတွင် ကျည်ထိမှန်ဒဏ်ရာများ အသီးသီးရရှိကာ အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့။
  • မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့နယ်၊ လက်ယက်မကျေးရွာရှိ စာသင်ကျောင်းအတွင်း PDF အကြမ်းဖက်သမားများ သည် အခြေပြုနေထိုင်၍ အဖျက်အမှောင့်လုပ်ငန်းများ စီစဉ်လုပ်ဆောင်နေကြောင်း တာဝန်သိပြည်သူများ၏ သတင်းပေးပို့ချက်အရ သိရှိရသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက မေလ ၁၃ ရက်တွင် အခြေခံပညာအထက်တန်း ကျောင်း(လက်ယက်မ)အတွင်းသို့ သွားရောက်စစ်ဆေးစဉ် မသင်္ကာဖွယ်ရာ အမျိုးသားသုံးဦးအား တွေ့ရှိရသဖြင့် စစ်ဆေးရန်ခေါ်ယူခဲ့သော်လည်း ထွက်ပြေးသွားခဲ့သောကြောင့် ခြောက်လှန့်ပစ်ခတ်ခဲ့ရာ အသေဖမ်းဆီးရမိခဲ့။
  • အဆိုပါကျောင်းအတွင်း အသေးစိတ်စစ်ဆေးခဲ့ရာ လက်လုပ်သေနတ် ၃၁ လက်၊ လက်လုပ်စိန်ပြောင်းနှစ်လက်၊ လက်လုပ်ရှော့တိုက်ဒုံး ၁၂ လုံး၊ လက်လုပ်မိုင်း ၁၀ လုံး၊ လက်လုပ်သေနတ်ပြုလုပ်ဆဲ ၁၀ လက်၊ လက်လုပ်မိုင်း ပြုလုပ်ဆဲ ၇၂ လုံး၊ လက်လုပ်ဗုံးသီးမျိုးစုံ ၁၅ လုံး၊ ယမ်းမှုန့် ၅၀ သားခန့်ရှိ ၁၇ ထုပ်၊ မီးစက် ၃၅ ကောင် နှစ်လုံး အပါအဝင် လက်လုပ်လက်နက်ခဲယမ်းများပြုလုပ်သည့် ဆက်စပ်ပစ္စည်းများနှင့် မော်တော်ဆိုင်ကယ်နှစ်စီးတို့အား သိမ်းဆည်းရမိခဲ့။

PDF အကြမ်းဖက်သမားများအနေဖြင့် စာသင်ကျောင်းများအတွင်း၌ အကြမ်းဖက်မှုများပြုလုပ်ရန်အတွက် တရားမဝင် လက်နက်၊ ခဲယမ်းနှင့်ဆက်စပ်ပစ္စည်းများ ပြုလုပ်နေခြင်းနှင့် ပညာရေးကဏ္ဍများအပေါ် နှောင့်ယှက်တိုက်ခိုက်နေခြင်းသည် ကျောင်းနေအရွယ်ကလေးသူငယ်များ၏ ပညာသင်ယူခွင့်ကို ထိခိုက်နစ်နာစေခြင်းနှင့် ဒေသဖွံ့ဖြိုးရေးအတွက် အထောက်အကူ ပြုသည့် ပညာရည်မြင့်မားမှုကို ပိတ်ပင်ဖျက်ဆီးခြင်းဖြစ်သည့်အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့်အရေးယူမှုများ ပြုလုပ်နိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

  • သံတောင်ကြီးမြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်း (သံတောင်)မှ အထက်တန်းပြဆရာ ၁ ဦးနှင့် အမျိုးသား ၁ ဦးတို့သည့် နေအိမ်၌ စကားပြောနေစဉ် PDF အကြမ်းဖက်သမား ၂ ဦး ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ် ခဲ့ရာ ၎င်းတို့ ၂ ဦးတွင် ကျည်ထိမှန် ဒဏ်ရာရရှိကာသေဆုံးသွားခဲ့။
  • မြိုင်မြို့နယ် လက်ယက်မကျေးရွာ စာသင်ကျောင်းအတွင်း၌ PDF  အကြမ်းဖက် သမားများ၏အဖျက်အမှောင့် လုပ်ငန်းများ လုပ်ဆောင်ရန်စီစဉ်နေကြောင်း သိရှိရသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးစဉ် မသင်္ကာဖွယ်ရာ အမျိုးသားသုံးဦးအား တွေ့ရှိရသဖြင့် စစ်ဆေးရန်ခေါ်ယူခဲ့ရာ ထွက်ပြေးသွားခဲ့သောကြောင့် ခြောက်လှန့်ပစ်ခတ်ဖမ်းဆီးခဲ့။

Add new comment