ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)နှင့် မြန်မာနိုင်ငံစောင့်ကြည့်လေ့လာရေးနှင့် အစီရင်ခံတင်ပြရေးလုပ်ငန်းအဖွဲ့တို့၏ အစီအစဉ်ဖြင့် တပ်မတော်သို့ဝင်ရောက်စဉ် အသက် ၁၈ နှစ် မပြည့်သေးသူများကို သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်အလိုက်စိစစ်၍ စစ်မှုထမ်းခြင်းမှနုတ်ထွက်ခွင့်ပြုလျက်ရှိရာ ယခုအကြိမ်တွင် ၂၈ ဦး စစ်ဆေးတွေ့ရှိခဲ့ပြီး မိဘအုပ်ထိန်းသူများထံ သို့ ပြန်လည်လွှဲပြောင်းပေးအပ်ပွဲကို မေလ ၁၄ ရက်တွင် လှိုင်မြို့နယ်ရှိ စစ်ကြောရေးနှင့် တည်းခိုရေးစခန်း၌ ပြုလုပ်ခဲ့ပါသည်။
နုတ်ထွက်ခွင့်ရရှိသူများကို-
- မြန်မာနိုင်ငံစောင့်ကြည့်လေ့လာရေးနှင့် အစီရင်ခံတင်ပြရေးလုပ်ငန်းအဖွဲ့နှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနတို့မှစီစဉ်သော ကြားကာလ ပြုစုစောင့်ရှောက်ရေးစခန်းသို့ပို့ဆောင်ပေးပြီး ထိုစခန်းတွင် မိဘများနှင့်အ ဆက်အသွယ်မရရှိသေး ပါက ဆက်သွယ်ဆောင်ရွက်ပေးခြင်း။
- ကျန်းမာရေး
- ဆေးဝါးကုသရန် လိုအပ်မှုရှိ/မရှိ စစ်ဆေး၍လိုအပ်ပါက ဆေးဝါးကုသမှုခံယူစေခြင်း။
- ကျောင်းပြန်တက်ရန် ဆန္ဒရှိပါကကျောင်းပြန်တက်ရန်၊ အလုပ်လုပ်ကိုင်ရန် ဆန္ဒရှိပါက မျှတသောအလုပ်အကိုင်ရရှိနိုင်ရန်၊ လိုအပ်သည့်ကျွမ်းကျင်မှုများသင်ယူရန်၊ ဖြစ်နိုင်ခြေများဆန်းစစ်ခြင်းနှင့် လက်ငင်းအသုံးပြုရန် အခြေခံပစ္စည်းများဝေငှခြင်း၊ အိမ်အပြန်ခရီးစရိတ်နှင့် စားစရိတ်များ စီစဉ်ပေးခြင်းများ ဆောင်ရွက်ပေးမည်ဖြစ်။
- တပ်မတော်အနေဖြင့်လည်း အသက် ၁၈ နှစ်မပြည့်သေးသူများ တပ်မတော်အတွင်း ဝင်ရောက်လာမှု မရှိစေရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပြီး အကြောင်းအမျိုးမျိုးဖြင့် မှားယွင်းစုဆောင်းခဲ့သူများရှိပါက အမြန်ဆုံးထွက်ခွင့်ပြုရန် စိစစ်ဆောင်ရွက်လျက် ရှိသည့်အပြင် တာဝန်ရှိသူများကိုလည်း စစ်စည်းကမ်းနှင့်အညီ အရေးယူဆောင်ရွက် လျက်ရှိ။
မိဘအုပ်ထိန်းသူများထံ လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားများကို ၁၆ ကြိမ်ပြုလုပ်ခဲ့ပြီး နုတ်ထွက်ခွင့်ရရှိသူ ၁,၀၂၉ ဦးကို မိဘအုပ်ထိန်းသူများထံသို့ လွှဲပြောင်းပေးအပ်ခဲ့ရာ ယခု ၁၇ ကြိမ်မြောက်အဖြစ် ၂၈ ဦး လွှဲပြောင်းပေးပြီးပါက စုစုပေါင်း ၁,၀၅၇ ဦးအထိ လွှဲပြောင်းပေးအပ်ခဲ့ပြီးဖြစ်ကြောင်း သိရှိရပါသည်။
- တပ်မတော်အနေဖြင့် တပ်မတော်သို့ဝင်ရောက်စဉ် အသက် ၁၈ နှစ် မပြည့်သေးသူများအား စစ်မှုထမ်းခြင်းမှ နုတ်ထွက်ခွင့်ပြု၍ မိဘအုပ်ထိန်းသူများထံ လွှဲပြောင်းပေးအပ်ခဲ့ရာ စုစုပေါင်း ၁,၀၅၇ ဦးထိ ရှိပြီဖြစ်။
- နုတ်ထွက်ခွင့်ရရှိသူများကို ကြားကာလပြုစုစောင့်ရှောက်ရေးစခန်းသို့ ပို့ဆောင်ပေးပြီး ထိုစခန်းတွင် မိဘများနှင့် အဆက်အသွယ်မရရှိသေးပါက ဆက်သွယ်ဆောင်ရွက်ပေးခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုများပြုလုပ်ပေးခြင်း၊ ကျောင်းပြန်တက်ရန် ဆန္ဒရှိပါက ကျောင်းပြန် တက်ရန်၊ အလုပ်လုပ်ကိုင်ရန် ဆန္ဒရှိပါက မျှတသောအလုပ်အကိုင်ရရှိနိုင်ရန်၊ လိုအပ်သည့်ကျွမ်းကျင်မှုများသင်ယူရန်၊ ဖြစ်နိုင်ခြေများဆန်းစစ်ခြင်းနှင့် လက်ငင်းအသုံးပြုရန် အခြေခံပစ္စည်းများဝေငှခြင်း၊ အိမ်အပြန်ခရီးစရိတ်နှင့် စားစရိတ်များစီစဉ်ပေးခြင်းများ ဆောင်ရွက် ပေးမည်ဖြစ်။
- တပ်မတော်အနေဖြင့် အသက် ၁၈ နှစ်မပြည့်သေးသူများ တပ်မတော်အတွင်း ဝင်ရောက်လာမှုမရှိစေရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပြီး အကြောင်းအမျိုးမျိုးဖြင့် မှားယွင်းစုဆောင်းခဲ့သူများရှိပါက အမြန်ဆုံးထွက်ခွင့်ပြုရန် စိစစ်ဆောင်ရွက်လျက်ရှိသည့်အပြင် တာဝန်ရှိ သူများကိုလည်း စစ်စည်းကမ်းနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိ။
Add new comment