ထိုင်းနိုင်ငံသို့သွားရောက်လုပ်ကိုင်ရာတွင် တရားဝင်သတ်မှတ်ထားသည့် ပြည်ပအလုပ်အကိုင် အကျိုးဆောင်လိုင်စင်ရ အေဂျင်စီများမှမဟုတ်ဘဲ တရားမဝင်ပို့ဆောင်သူ/ ပွဲစားများမှတစ်ဆင့် သွားရောက်လုပ်ကိုင်နေသည့် မြန်မာအလုပ်သမားများသည် ငွေကြေးများ အဆမတန်ပေးနေရ သည့်အပြင် ထိုင်းနိုင်ငံသို့ ရောက်ရှိချိန်တွင် တရားမဝင်နေထိုင်လုပ်ကိုင်ရခြင်း၊ အလုပ်သမားအကျိုးခံစားခွင့် အပြည့်အဝမရရှိခြင်း၊ သက်ဆိုင်ရာဌာနများမှ ဝင်ရောက်စစ်ဆေးချိန်တွင် တရားမဝင်လုပ်ကိုင်နေရခြင်းကြောင့် ဖမ်းဆီးခံရခြင်းများဖြစ်ပေါ်လျက်ရှိပါသည်။
ထိုသို့တရားမဝင်လမ်းကြောင်းများမှတစ်ဆင့် ဝင်ရောက်မှုကြောင့် ဖမ်းဆီးခံရမှုမှာ ကန်ချနဘူရီပြည်နယ် စိုင်းရို့ခရိုင်ရဲစခန်းတွင် ၉၀ ဦးဖြစ်ပြီး မော်တော်ယာဉ်တိမ်းမှောက်ခဲ့မှုများမှာ ၆ ကြိမ်ဖြစ်ပွားခဲ့မှုများကြောင့် ၎င်းယာဉ်များပေါ်တွင် လိုက်ပါလာသည့် မြန်မာရွှေ့ပြောင်းအလုပ်သမား ၁၉ ဦး ထိခိုက်ဒဏ်ရာရရှိကာ ၁၉ ဦး သေဆုံးခဲ့ပါသည်။
- တရားမဝင်သွားရောက်ခြင်းကြောင့် လူကုန်ကူးခံရခြင်း၊ လူ့အခွင့်အရေးချိုးဖောက်ခံရခြင်း၊ ဥပဒေနှင့်အညီ ကာကွယ်စောင့်ရှောက်မှုများ အပြည့်အဝမရရှိခြင်းနှင့် အခြားသော လူ့အခွင့်အရေးဆုံးရှုံးမှုများ ဖြစ်ပေါ်နိုင်သည့်အပြင် အခက်အခဲမျိုးစုံ ကြုံတွေ့ လာနိုင်။
- ပြည်ပသို့ တရားဝင်သွားရောက်လုပ်ကိုင်ခြင်းဖြင့် ဥပဒေနှင့်အညီ အလုပ်သမားအခွင့်အရေး ကာကွယ်စောင့်ရှောက်မှုများအပြည့်အဝရရှိနိုင်ခြင်း၊ လူကုန်ကူးခံရမှု မဖြစ်ပွားနိုင်ခြင်း၊ ဆိုက်ရောက်နိုင်ငံများ၌ လွတ်လပ်စွာသွားလာနိုင်ခြင်းနှင့်လုပ်ငန်းခွင်၌ စိတ်ချလုံခြုံစွာ လုပ်ကိုင်နိုင် မည်ဖြစ်။
ပြည်ပနိုင်ငံများသို့ သွားရောက်လုပ်ကိုင်ရန်အတွက် လိုအပ်သည့်သတင်းအချက်အလက်များ၊ ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်အဆင့်ဆင့်နှင့် ပြည်ပအလုပ်အကိုင်အကျိုးဆောင် လိုင်စင်ရအေဂျင်စီများစာရင်းအား အလုပ်သမားဝန်ကြီးဌာန၏ Website www.mol.gov.mm ၊ အလုပ်သမား ညွှန်ကြားရေးဦးစီးဌာန၏ Safe Migration Facebook Page နှင့် Safe Migration Telegram Channel တွင်သာမက ပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီး/ ပြည်နယ်၊ ခရိုင်၊ မြို့နယ်ရုံးများသို့ ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ကြောင်း သတင်းထုတ်ပြန်ထားရှိပါသည်။
- တရားမဝင် ပို့ဆောင်သူ/ပွဲစားများမှတစ်ဆင့် သွားရောက်လုပ်ကိုင်နေသည့် မြန်မာအလုပ်သမားများသည် ငွေကြေးများအဆမတန်ပေးနေရသည့်အပြင် ထိုင်းနိုင်ငံသို့ ရောက်ရှိချိန်တွင် တရားမဝင်နေထိုင်၍လုပ်ကိုင်ရခြင်း၊ အလုပ်သမားအကျိုးခံစားခွင့် အပြည့်အဝမရရှိခြင်း၊ သက်ဆိုင်ရာဌာနများမှ ဝင်ရောက်စစ်ဆေးချိန်တွင် တရားမဝင် လုပ်ကိုင်နေရခြင်းကြောင့် ဖမ်းဆီးခံရခြင်းများ ဖြစ်ပေါ်လျက်ရှိ။
- တရားမဝင်လမ်းကြောင်းများမှတစ်ဆင့် ဝင်ရောက်မှုကြောင့် ထိုင်းနိုင်ငံအတွင်း ဖမ်းဆီးခံရမှုမှာ ၉၀ ဦးဖြစ်ပြီး မော်တော်ယာဉ်တိမ်းမှောက်ခဲ့မှုများမှာ ၆ ကြိမ်ဖြစ်ပွားခဲ့မှုများကြောင့် ၎င်းယာဉ်များပေါ်တွင် လိုက်ပါလာသည့် မြန်မာရွှေ့ပြောင်းအလုပ်သမား ၁၉ ဦး ထိခိုက်ဒဏ်ရာ ရရှိပြီး ၁၉ ဦး သေဆုံးခဲ့။
- တရားမဝင်သွားရောက်ခြင်းကြောင့် လူကုန်ကူးခံရခြင်း၊ လူ့အခွင့်အရေးချိုးဖောက်ခံရခြင်း၊ ဥပဒေနှင့်အညီကာကွယ်စောင့်ရှောက်မှုများ အပြည့်အဝမရရှိခြင်းနှင့် အခြားသော လူ့အခွင့်အရေးဆုံးရှုံးမှုများ ဖြစ်ပေါ်နိုင်သည့်အပြင် အခက်အခဲမျိုးစုံ ကြုံတွေ့ လာနိုင်။
- ပြည်ပသို့ တရားဝင်သွားရောက်လုပ်ကိုင်ခြင်းဖြင့် ဥပဒေနှင့်အညီ အလုပ်သမားအခွင့်အရေး ကာကွယ်စောင့်ရှောက်မှုများ အပြည့်အဝရရှိနိုင်ခြင်း၊ လူကုန်ကူးခံရမှု မဖြစ်ပွားနိုင်ခြင်း၊ ဆိုက်ရောက်နိုင်ငံများ၌ လွတ်လပ်စွာသွားလာနိုင်ခြင်းနှင့် လုပ်ငန်းခွင်၌ စိတ်ချလုံခြုံစွာ လုပ်ကိုင်နိုင်မည်ဖြစ်။
Add new comment