၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလတွင် Nay Pyi Taw Academy ကိုဖွင့်လှစ်သွားမည်ဖြစ်

 

လူမှုရေးပညာတက္ကသိုလ်တည်ထောင်ဖွင့်လှစ်နိုင်ရေးအတွက် ဖွဲ့စည်းထားရှိသည့်သင်ရိုးညွှန်းတမ်းရေးဆွဲရေးနှင့် လူ့စွမ်းအားအရင်းအမြစ် မွေးထုတ်ပေးနိုင်ရေးလုပ်ငန်းကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မေလ ၁၂ ရက်တွင် လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ စုပေါင်းခန်းမ၌ ကျင်းပခဲ့ရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်က-

  • Nay Pyi Taw State Academy ကို လာမည့် ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလတွင် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း။
  • Nay Pyi Taw State Academy ၏ အောက်တွင် လူမှုရေးပညာမဟာဌာနအပါအဝင် မဟာပညာဌာန ၇ ခုကို ဖွင့်လှစ်သွားရန်လျာထားကြောင်း။
  • လူ့စွမ်းအားအရင်းအမြစ် မွေးထုတ်ရေးနှင့်ပတ်သက်ပြီး လက်ရှိတွင် အိန္ဒိယနိုင်ငံ၊ ထိုင်းနိုင်ငံစသည့် မိတ်ဖက်နိုင်ငံများနှင့် နည်းပညာပိုင်းဆိုင်ရာ အကူအညီရရှိနိုင်ရေး ချိတ်ဆက်ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားခဲ့။

ဒုတိယဝန်ကြီးက Nay Pyi Taw State Academy ၏ အစိတ်အပိုင်းတစ်ခု ဖြစ်လာမည့် လူမှုရေးပညာမဟာဌာန အောင်မြင်စွာပေါ်ထွန်းလာစေရေးနှင့်စပ်လျဉ်း၍ လိုအပ်သည့်အကြောင်းအရာများအား ဖြည့်စွက်ပြောကြားခဲ့ပြီး ဌာနဆိုင်ရာတာဝန်ရှိသူများက ဘွဲ့သင်တန်းအသစ်များ ဖွင့်လှစ်ခြင်းနှင့်စပ်လျဉ်း၍ ဆောင်ရွက်ထားရှိမှုများအား ရှင်းလင်းတင်ပြခဲ့ကြောင်း သိရှိရပါသည်။

  • မေလ ၁၂ ရက်တွင် လူမှုရေးပညာတက္ကသိုလ် တည်ထောင်ဖွင့်လှစ်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပခဲ့။
  • Nay Pyi Taw State Academy ကို နိုဝင်ဘာလတွင် ဖွင့်လှစ်သွားမည်ဖြစ်ပြီး လူ့စွမ်းအားအရင်းအမြစ် မွေးထုတ်ရေးနှင့်ပတ်သက်ပြီး နည်းပညာပိုင်းဆိုင်ရာ အကူအညီရရှိနိုင်ရေး ချိတ်ဆက်ဆောင်ရွက်လျက်ရှိ။

 

 

Add new comment