(၃၁) ကြိမ်မြောက် ဆီးဂိမ်းအားကစားပွဲတော်ဖွင့်ပွဲအခမ်းအနားကို မေလ ၁၂ ရက်တွင် ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့ရှိ မေဒင်အားကစားကွင်း၌ ဗီယက်နမ်နိုင်ငံ၏ အမှတ်သင်္ကေတများဖြစ်သည့် ဝါးပင်နှင့်ကြာပန်းတို့ဖြင့်ကပြသော အလှပြတင်ဆက်မှုများနှင့် အာဆီယံအသိုက်အဝန်း၏ အင်အား တောင့်တင်းခိုင်မာမှုကို ဖော်ညွှန်းသော သရုပ်ပြဖျော်ဖြေတင်ဆက်မှုများအား အပိုင်း ၃ ပိုင်းဖြင့် ခမ်းနားသိုက်မြိုက်စွာကျင်းပခဲ့ပါသည်။
အဆိုပါဖွင့်ပွဲအခမ်းအနားသို့ မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံနှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ကြပါသည်။ (၃၁) ကြိမ်မြောက်ဆီးဂိမ်းပြိုင်ပွဲတွင် အားကစားနည်း ၄၀ ပါဝင်ပြီး ဆုတံဆိပ်ပေါင်း ၄,၀၀၀ ချီးမြှင့်သွားမည် ဖြစ်ကာ မြန်မာနိုင်ငံကိုယ်စားပြုပြိုင်ပွဲဝင်မည့် အားကစားသမား ၂၉၃ ဦးသည် အားကစားနည်း ၂၀ ၌ ဝင်ရောက်ယှဉ်ပြိုင် ကစားသွားမည်ဖြစ်ကြောင်းသိရှိရပါသည်။
- (၃၁) ကြိမ်မြောက် ဆီးဂိမ်းအားကစားပွဲတော်ဖွင့်ပွဲအခမ်းအနားသို့ မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့။
- (၃၁) ကြိမ်မြောက်ဆီးဂိမ်းပြိုင်ပွဲတွင် အားကစားနည်း ၄၀ ပါဝင်ပြီး ဆုတံဆိပ်ပေါင်း ၄,၀၀၀ ချီးမြှင့်သွားမည်ဖြစ်ကာ မြန်မာနိုင်ငံကိုယ်စားပြုပြိုင်ပွဲဝင်မည့် အားကစားသမား ၂၉၃ ဦးသည် အားကစားနည်း ၂၀ ၌ ဝင်ရောက်ယှဉ်ပြိုင်ကစားသွားမည်ဖြစ်။
Add new comment