ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန် (၂၅) ကြိမ်မြောက် အာဆီယံ+၃ ဘဏ္ဍာရေး ဝန်ကြီးများနှင့် ဗဟိုဘဏ်ဥက္ကဋ္ဌများ အစည်းအဝေးသို့တက်ရောက်

 

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်သည် မေလ ၁၂ ရက်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ကမ္ဘောဒီးယားနိုင်ငံ ဘဏ္ဍာရေးဝန်ကြီးတို့က ပူးတွဲသဘာပတိများအဖြစ် တာဝန်ယူဆောင်ရွက်သော (၂၅)ကြိမ်မြောက် အာဆီယံ+၃ ဘဏ္ဍာရေးဝန်ကြီးများနှင့် ဗဟိုဘဏ် ဥက္ကဋ္ဌများ အစည်းအဝေးသို့ Virtual အစီအစဉ်ဖြင့် တက်ရောက်ခဲ့ပါသည်။ အစည်းအဝေးတွင်-

  • ကိုဗစ်-၁၉ ကပ်ရောဂါအလွန်၌ အားလုံးပါဝင်ဆောင်ရွက်ကြမည့် ပြန်လည်ထူထောင်ရေး အစီအစဉ်များနှင့်စပ်လျဉ်း၍ ကမ္ဘာလုံးဆိုင်ရာနှင့်ဒေသဆိုင်ရာ မက်ခရိုစီးပွားရေး ရှုမြင်သုံးသပ်ချက်များနှင့် ဦးစားပေးဆောင်ရွက်သင့်သည့် မူဝါဒများ။
  • အာဆီယံ+၃ နိုင်ငံများ ပါဝင်ဆောင်ရွက်လျက်ရှိသော ဘဏ္ဍာရေးပူးပေါင်းဆောင်ရွက်မှုများဖြစ်ကြသည့် အာဆီယံ+၃ မက်ခရိုစီးပွားရေးသုတေသနရုံး (ASEAN+3 Macroeconomic Research Office – AMRO) ၏ လုပ်ငန်းတိုးတက်မှုနှင့် AMRO ရုံးအား Regional Knowledge Hub အဖြစ် ကြိုးပမ်းဆောင်ရွက်နေမှုတို့ကို ညှိနှိုင်းဆွေးနွေးခဲ့။

ပြည်ထောင်စုဝန်ကြီးက သက်ဆိုင်ရာခေါင်းစဉ်အလိုက် ပါဝင်ဆွေးနွေးရာ၌-

  • ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားမှုနှင့်အတူ ယှဉ်တွဲဖွံ့ဖြိုးလာသည့် financial digitalization နှင့် digital transformation နည်းလမ်းများဖော်ဆောင်ရေး ကြိုးပမ်းဆောင်ရွက်ရန် AMRO သို့ တိုက်တွန်းကြောင်း။
  • မြန်မာနိုင်ငံအနေဖြင့် အာရှငွေချေးစာချုပ် ဈေးကွက်ဖွံ့ဖြိုးတိုးတက်မှုအတွက် နည်းပညာအကူအညီများရယူ၍ အခြားအဖွဲ့ဝင်နိုင်ငံများနှင့်အတူ လိုက်ပါဆောင်ရွက်လျက်ရှိကြောင်း။
  • ဒေသတွင်းစီးပွားရေး ပြန်လည်ဦးမော့လာရေးလုပ်ငန်းစဉ်များတွင်လည်း အာဆီယံ+၃ နိုင်ငံများနှင့် ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပါဝင်ဆွေးနွေးခဲ့။

အာဆီယံ+၃ ဘဏ္ဍာရေးဝန်ကြီးများနှင့် ဗဟိုဘဏ်ဥက္ကဋ္ဌများအစည်းအဝေးကို အာဆီယံနိုင်ငံများနှင့်အပေါင်းသုံးနိုင်ငံများဖြစ်ကြသည့် တရုတ်၊ ဂျပန်နှင့် ကိုရီးယား သမ္မတနိုင်ငံတို့က အလှည့်ကျပူးတွဲတာဝန်ယူပြီး နှစ်စဉ်ကျင်းပခြင်းဖြစ်သည်။ ယခုနှစ်ကျင်းပသည့် အာဆီယံ+၃ အစည်းအဝေး  များကို Virtual Meeting ပုံစံဖြင့် ကျင်းပဆောင်ရွက်ခြင်းဖြစ်ပြီး အစည်းအဝေးသို့ အာဆီယံ+၃ နိုင်ငံများ၏ ဘဏ္ဍာရေးဝန်ကြီးများနှင့် ဗဟိုဘဏ်ဥက္ကဋ္ဌများ၊ အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့၊ အာရှဖွံ့ဖြိုးရေးဘဏ်၊ အာဆီယံ+၃ မက်ခရိုစီးပွားရေးသုတေသနရုံးနှင့် အာဆီယံအတွင်းရေးမှူး ချုပ်ရုံးတို့မှ အကြီးအကဲများ ပါဝင်တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။

  • အာဆီယံ+ နိုင်ငံများ ပါဝင်ဆောင်ရွက်လျက်ရှိသော ဘဏ္ဍာရေးပူးပေါင်းဆောင်ရွက်မှုများဖြစ်ကြသည့် အာဆီယံ+ မက်ခရိုစီးပွားရေးသုတေသနရုံး (ASEAN+3 Macroeconomic Research Office – AMRO) လုပ်ငန်းတိုးတက်မှုနှင့် AMRO ရုံးအား Regional Knowledge Hub အဖြစ် ကြိုးပမ်းဆောင်ရွက်နေမှုတို့ကို ညှိနှိုင်းဆွေးနွေးခဲ့။
  • မြန်မာနိုင်ငံအနေဖြင့် အာရှငွေချေးစာချုပ် ဈေးကွက်ဖွံ့ဖြိုးတိုးတက်မှုအတွက် နည်းပညာအကူအညီများရယူ၍ အခြားအဖွဲ့ဝင်နိုင်ငံများနှင့်အတူ လိုက်ပါဆောင်ရွက်လျက်ရှိ။

 

Add new comment