အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေး ကော်မတီနှင့် ကရင်အမျိုးသား ဒီမိုကရက်တစ်ပါတီ (KNDP)ကိုယ်စားလှယ်အဖွဲ့ တွေ့ဆုံဆွေးနွေး

 

အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီနှင့် ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ(KNDP)တို့ တွေ့ဆုံဆွေးနွေးပွဲကို မေလ ၁၂ ရက်တွင် နေပြည်တော်ရှိ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပါသည်။

တွေ့ဆုံပွဲတွင် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်နှင့် ကရင်အမျိုးသားဒီမိုကရက် တစ်ပါတီ(KNDP)ဥက္ကဋ္ဌ မန်းအောင်ပြည်စိုးတို့က နှုတ်ခွန်းဆက်အမှာစကားပြောကြားပြီး တက်ရောက်လာကြသူများက PR စနစ်ဖြင့် ပါတီစုံအထွေထွေရွေးကောက်ပွဲကျင်းပရေးကိစ္စ၊ ရွေးကောက်ပွဲနှင့် ဆက်စပ်သော ငြိမ်းချမ်းရေးဆိုင်ရာကိစ္စရပ်များ၊ ကရင်ပြည်နယ်အတွင်း ငြိမ်းချမ်းရေးနှင့်ပတ်သက်သည့် ဖြစ်ပေါ်ပြောင်းလဲမှုအခြေအနေများ၊ လက်နက်ကိုင်ပဋိပက္ခများ လျှော့ချရေးနှင့် တိုက်ပွဲရှောင်ပြည်သူလူထု၏ အခက်အခဲများ ဖြေရှင်းဆောင်ရွက်သွားရေးကိစ္စများကို အပြန်အလှန်ဆွေးနွေးခဲ့ကြပါသည်။

  • အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီနှင့် ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ(KNDP)တို့ တွေ့ဆုံဆွေးနွေးပွဲတွင် ကရင်ပြည်နယ်အတွင်း ငြိမ်းချမ်းရေးနှင့်ပတ်သက်သည့် ဖြစ်ပေါ်ပြောင်းလဲမှုအခြေအနေများ၊ လက်နက်ကိုင် ပဋိပက္ခများလျှော့ချရေးနှင့် တိုက်ပွဲရှောင် ပြည်သူလူထု၏ အခက်အခဲများ ဖြေရှင်းဆောင်ရွက်သွားရေးကိစ္စများကို အပြန်အလှန်ဆွေးနွေးခဲ့။

Add new comment