နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစည်းအဝေး (၄/၂၀၂၂) သို့ တက်ရောက်အမှာစကားပြောကြား

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မေလ ၁၂ ရက်တွင် ကျင်းပခဲ့သော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစည်းအဝေး (၄/၂၀၂၂) သို့ တက်ရောက်အမှာစကားပြောကြားရာတွင်-

  • ယနေ့အချိန်အထိ ပြည်သူများအားလုံး ငြိမ်းချမ်းမှုအရသာ၊ ဒီမိုကရေစီ၏ အနှစ်သာရကို အပြည့်အဝမခံစားရသေးကြောင်း၊ သဘောထားကွဲလွဲမှုအမျိုးမျိုးကြောင့် ပဋိပက္ခများဖြစ်ပေါ်ခဲ့ပြီး အဆိုပါပဋိပက္ခများကို ငြိမ်းငြိမ်းချမ်းချမ်းဖြင့်ဖြေရှင်းရန် မိမိအနေဖြင့် (၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့နှင့် (၇၇) နှစ်မြောက် တပ်မတော်နေ့မိန့်ခွန်းတို့တွင် ထည့်သွင်းပြောကြားခဲ့ကြောင်း။
  • ငြိမ်းချမ်းရေးရရှိရန်အတွက် သက်ဆိုင်ရာအဖွဲ့အစည်းများက ကြိုးပမ်းဆောင်ရွက်လျက်ရှိသော်လည်း အချို့သောကန့်သတ်ချက်ရှိမှုများကြောင့် ထိုက်သင့်သလောက် တိုးတက်မှုများမရှိသည်ကိုတွေ့ရှိရကြောင်း၊ အချို့ EAO များအနေဖြင့် ၎င်းတို့နယ်မြေတွင် ရောက်ရှိနေသော PDF အကြမ်းဖက်သမားများကြောင့် အခက်အခဲတစ်ချို့ ဖြစ်ပေါ်လျက်ရှိသည်ကိုတွေ့ရှိရသဖြင့် မိမိအနေဖြင့် ကိုယ်တိုင်ဖိတ်ခေါ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း။
  • တိုတောင်းသည့်ကာလအတွင်း အဖြေတစ်ခုခုရရှိစေရန်အတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအလိုက် ဥက္ကဋ္ဌနှင့် ညှိနှိုင်းတိုင်ပင်နိုင်ရန်နှစ်ဦးတို့ကို မိမိနှင့်သီးခြားစီတွေ့ဆုံရန် စီမံဆောင်ရွက်ခဲ့ကြောင်း၊ လွတ်လပ်စွာဆွေးနွေးနိုင်ရန်အတွက် ထိုသို့ဖိတ်ခေါ်ဆောင်ရွက် ခဲ့ခြင်းဖြစ်ကြောင်း၊ ထိုသို့တွေ့ဆုံဆွေးနွေးမှုကြောင့် ရသင့်သည့်အဖြေတစ်ခုရရှိလာမည်ဖြစ်ပြီး ထပ်မံတွေ့ဆုံဆွေးနွေးမှုများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း။
  • နှစ်ဖက်တွေ့ဆုံ၍ ညှိနှိုင်းမှုများဆောင်ရွက်ရာတွင်လည်း ဒီမိုကရေစီ၏ အနှစ်သာရကိုပျက်ယွင်းမှုမရှိစေရန်နှင့် ရသင့်ရထိုက်သည့်အခွင့်အရေးများရရှိစေရေး နှစ်ဖက်မျှတမှုရှိအောင်ဆောင်ရွက်ရန်လိုကြောင်း၊ သို့မှသာ နိုင်ငံတော်၏ အဓိကလိုအပ်ချက်ဖြစ်သည့် လွတ်လပ်မှု၏ အရသာ၊ ဒီမိုကရေစီ၏အနှစ်သာရကို ခံစားနိုင်မည်ဖြစ်ကြောင်း။
  • ဒီမိုကရေစီစနစ်ဆိုသည်မှာ အများဆန္ဒနှင့်အညီ ရွေးချယ်တင်မြှောက်သည့် အစိုးရစနစ်ဖြစ်ပြီး ပြည်သူ့အုပ်ချုပ်ရေးစနစ်ဖြစ်ကြောင်း၊ တိုင်းရင်းသားနယ်မြေများ အလိုက်လိုအပ်ချက်များ၊ တောင်းဆိုချက်များနှင့် အခွင့်အာဏာများခွဲဝေခံစားခြင်း၊ မျှဝေခံစားခြင်းများရရှိစေရန် ဆောင်ရွက်ရန်လိုကြောင်း၊ ထို့ကြောင့် ပါတီစုံဒီမို ကရေစီစနစ်၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုစနစ်ကို သွားရမည်ဖြစ်ကြောင်း။
  • မြန်မာနိုင်ငံတွင် လွတ်လပ်ရေးရရှိပြီးနောက်ပိုင်း ဒီမိုကရေစီစနစ်၊ ဆိုရှယ်လစ်စနစ်စသည့် ဖွဲ့စည်းအုပ်ချုပ်မှုပုံစံအမျိုးမျိုးဖြင့် ကျင့်သုံးအုပ်ချုပ်ခဲ့မှုများရှိခဲ့ကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)ကို ပြန်လည်ကြည့်မည်ဆိုပါက လုပ်ပိုင်ခွင့်အာဏာများကို ခွဲဝေထားပြီး ဖြစ်သဖြင့် ဖက်ဒရယ်စနစ်သဘောတရားများအတိုင်းသာ ရေးဆွဲထားခြင်းဖြစ်သည်ကို တွေ့ရမည်ဖြစ်ကြောင်း။
  • တွေ့ဆုံဆွေးနွေးရာတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ ခေါင်းဆောင်များနှင့်အတူ ညှိနှိုင်းတိုင်ပင်ဆွေးနွေးနိုင်ရေးအတွက် အဖွဲ့ဝင် ၂ ဦးကိုပါ ဖိတ်ခေါ်ထားကြောင်း၊ လက်ရှိအချိန်ထိ NCA လက်မှတ်ရေးထိုးပြီးသည့်အဖွဲ့ ၇ ဖွဲ့နှင့် NCA လက်မှတ်ရေးထိုးခြင်းမပြုသေးသည့် အဖွဲ့ ၃ ဖွဲ့ လာရောက်မည်ဟု အကြောင်းပြန်ခဲ့ကြောင်း။
  • တွေ့ဆုံဆွေးနွေးရာတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ခေါင်းဆောင်များ ကိုယ်တိုင်တက်ရောက်နိုင်ရေး ဖိတ်ကြားခြင်းဖြစ်သော်လည်း အချို့သောအဖွဲ့များမှ ဥက္ကဋ္ဌများ ကျန်းမာရေးဆိုင်ရာအခက်အခဲများရှိခြင်းကြောင့် ဥက္ကဋ္ဌကိုယ်စားပြုသူများကို စေလွှတ်ခြင်းများရှိကြောင်း။
  • ယခုငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် ထိရောက်သည့် အဖြေတစ်ခုထွက်လာစေရန် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ EAO များ၏ အလိုဆန္ဒများ၊ တိုင်းပြည်၏ အလိုဆန္ဒများဖြင့် နှစ်ဖက်လိုအပ်ချက်များကို ညှိနှိုင်းဆွေးနွေးသွားမည်ဖြစ်ပြီး အကျိုးရှိသည့် ဆွေးနွေးပွဲဖြစ်အောင် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဆွေးနွေးချက်များနှင့်ပတ်သက်၍လည်း ဖြစ်သင့်သည်၊ မဖြစ်သင့်သည်ကို ကောင်စီအစည်းအဝေး၌ ဆွေးနွေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ယခုပြောကြားနေခြင်းသည် ငြိမ်းချမ်းရေးနှင့်ပတ်သက်၍ တိုင်ပင်နေခြင်းသာဖြစ်ပြီး ထပ်မံ၍လည်း သီးသန့်ဆွေးနွေး သွားမည်ဖြစ်ကြောင်း။
  • တက္ကသိုလ်များနှင့် ကောလိပ်များကိုလည်း ပြန်လည်ဖွင့်လှစ်၍ ကျောင်းသား၊ ကျောင်းသူများ ပညာသင်ကြားနိုင်ရေးဆောင်ရွက်လျက်ရှိကြောင်း၊ အခြေခံပညာနှင့် အဆင့်မြင့်ပညာသင်ကြားမည့် ကျောင်းသား၊ ကျောင်းသူများအားလုံး ကျောင်းနေရန်လိုကြောင်း၊ ယခုအခါ ဆေးတက္ကသိုလ်တက်ရောက်ရန်အတွက် ကျောင်းလာရောက်အပ်နှံသူ ၅၀ ရာခိုင်နှုန်းကျော်ခန့်ရှိပြီး ဆက်လက်လာရောက်သင်ကြားမည့် သူများရှိကြောင်း။
  • ကိုဗစ်- ၁၉ ရောဂါနှင့်ပတ်သက်၍လည်း ယခုအခါ ၀ ဒသမ ၂ ရာခိုင်နှုန်းအောက်ထိ ရောက်ရှိလာပြီဖြစ်ကြောင်း၊ နိုင်ငံတကာတွင် ကူးစက်မှုနှုန်း ၅ ရာခိုင်နှုန်းအောက် ရောက်ရှိပါက ထိန်းသိမ်းနိုင်သည့်အဆင့်သို့ ရောက်ရှိပြီဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ထုတ်ပြန်ပေးထားကြောင်း။
  • ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေးထိုးနှံမှုတွင်လည်း ယခုအခါအသက် ၁၈ နှစ် အထက် လူဦးရေ၏ ၉၂ ရာခိုင်နှုန်းကျော်ကို တစ်ကြိမ်နှင့်အထက် ထိုးနှံပေးပြီးဖြစ်ကြောင်း၊ ယခုအခါအသက် ၁၅ နှစ်နှင့်အထက်ကို ဆက်လက်ထိုးနှံပေးလျက်ရှိပြီး ၁၂ နှစ်အထက် ကျောင်းသား၊ ကျောင်းသူများကိုလည်း ထိုးနှံပေးပြီးဖြစ်ကြောင်း။
  • မြန်မာနိုင်ငံတွင် ဆီထွက်သီးနှံများစိုက်ပျိုးနိုင်သည့် မြေသယံဇာတများစွာရှိပြီး သီးထပ်၊ သီးညှပ်များ စိုက်ပျိုး၍ စိုက်ပျိုးရေးလုပ်ငန်းများကို အောင်မြင်အောင် ဆောင်ရွက်နိုင်မည်ဆိုပါက နိုင်ငံ၏ GDP သည် တိုးတက်လာမည်ဖြစ်ကြောင်း၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် အားလုံးဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရန် လိုကြောင်းမှာကြားခဲ့ပါသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များက ဒီမိုကရေစီနှင့် ဖက်ဒရယ်ဆိုင်ရာအခွင့်အရေးများနှင့်စပ်လျဉ်း၍ ဆွေးနွေးပွဲများကျင်းပနိုင်ရေး၊ ငြိမ်းချမ်းရေးဆွေးနွေးပွဲ တက်ရောက်ရန်ကျန်ရှိနေသည့် EAO များအား ဆွေးနွေးပွဲတက်ရောက်နိုင်ရန် ငြိမ်းချမ်းရေးလမ်းကြောင်း ဆက်လက် ဖွင့်လှစ်ပေးထားရေးတို့နှင့်စပ်လျဉ်း၍ ဆွေးနွေးတင်ပြကြပါသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတာ်ဝန်ကြီးချုပ်က-

  • တရားဥပဒေစိုးမိုးရေးကို ထိခိုက်အောင်လုပ်ဆောင်မှုများကို ထိထိရောက်ရောက် အရေးယူဆောင်ရွက်လျက်ရှိကြောင်း၊ အစိုးရနှင့် တပ်မတော်အနေဖြင့် ပါတီစုံဒီမို ကရေစီစနစ်နှင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်ကိုအခြေခံသော ပြည်ထောင်စုစနစ်ကို အာမခံထားပြီးဖြစ်ကြောင်း။
  • ငြိမ်းချမ်းရေးနှင့်ပတ်သက်၍ ဆွေးနွေးသည့်အချိန်တွင် NCA လက်မှတ်ရေးထိုးထားသည့် အဖွဲ့ ၇ ဖွဲ့တက်ရန်ရှိပြီး လက်မှတ်ရေးထိုးထားခြင်းမပြုရသေးသည့် အဖွဲ့ထဲမှ ၃ ဖွဲ့တက်ကာ လက်မှတ်ရေးထိုးပြီးမှ အကြောင်းပြ၍မတက်သည့်အဖွဲ့ ၃ ဖွဲ့၊ လက်မှတ်ရေးထိုး ထားခြင်းမရှိသည့် အဖွဲ့ထဲမှ မတက်ကြောင်းကြေညာထားသည့် ၃ ဖွဲ့ ရှိကြောင်း၊ မူလက တက်မည်ဟု ဆန္ဒရှိနေပြီး လာမတက်ဘူးဟုဆိုကာ ဆုံးဖြတ်ချက်ချခဲ့ခြင်းသည် KNU အဖွဲ့ဖြစ်ကြောင်း။
  • KNU ၊ KIA ၊ KNPP စသည့် ၎င်းတို့နယ်မြေများရှိ အချို့သောအဖွဲ့အစည်းများသည် အကြမ်းဖက်ဟု သတ်မှတ်ထားသည့် PDF ၊ CRPH တို့နှင့် ဆက်နွယ်နေသည့်အပြင် ပြည်ပနိုင်ငံ၏ ပတ်သက်မှုနှင့်လည်း ဆက်နွယ်နေသည်ကို မိမိတို့သိရှိထားကြောင်း၊ ထို့ကြောင့် ၎င်းတို့က ဆွေးနွေးပွဲနှင့်ပတ်သက်၍ မတက်ရောက်ကြောင်းကို ထုတ်ပြန်ခဲ့သည်ဟု မိမိတို့တွေ့ရှိရကြောင်း။
  • “နိုင်ငံအရေး၊ ကိုယ့်ပြည်တွင်းအရေးတွင် ပြည်ပကပါဝင်နေသမျှ ကာလပတ်လုံး တိုင်းပြည်တည်ငြိမ်အေးချမ်းရန်ခက်ခဲကြောင်း၊ မြန်မာနိုင်ငံ၏အရေးကို မြန်မာနိုင်ငံသားများကပဲ ဆုံးဖြတ်ဖို့ဖြစ်ကြောင်း၊ အခြားပြည်ပနိုင်ငံများက ဝင်ရောက်စွက်ဖက်ပြီး ဆုံးဖြတ်ဆောင်ရွက်ပေး၍ မရကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် မိမိတို့အားနဲ့ပဲရအောင် ဆွေးနွေးပြီးမှ ပြည်သူများသွားချင်သည့် နိုင်ငံရေးရည်မှန်းချက်ပန်းတိုင်ကို မရောက်ရောက်အောင် ချီတက်မည်ဖြစ်ကြောင်း။
  • ရှေ့လုပ်ငန်းစဉ် ၅ ရပ်ချမှတ်ပြီး အောင်မြင်အောင်ဆောင်ရွက်ရာတွင် ငြိမ်းချမ်းရေးကိစ္စရပ်များကလည်း များစွာဆက်နွယ်နေသောကြောင့် ငြိမ်းချမ်းရေးကို မိမိတို့၊ ပြည်သူတို့ဆန္ဒနှင့်အညီဆောင်ရွက်ရန်ဖြစ်ကြောင်း၊ ဒေသတစ်ခုတည်း၊ အုပ်စုတစ်ခုတည်းကိုသာ အလေးထား ဆောင်ရွက်သွားမည်ဆိုပါက ပြည်သူအများ၏ ဆန္ဒနှင့်ကိုက်ညီရန်ခဲယဉ်းကြောင်း။
  • စစ်မှန်သောငြိမ်းချမ်းရေးလိုချင်ပါက ငြိမ်းချမ်းရေးလိုချင်သည့် စိတ်နှင့်လာကြရန်၊ မိမိတို့သွားနေသည့် ဒီမိုကရေစီလမ်းကြောင်းတွင် ဒီမိုကရေစီတစ်ကယ်မှန်မှန် ကန်ကန်ဖြစ်ချင်ပါက ဒီမိုကရေစီလိုချင်သည့်ဆန္ဒနှင့် ပြည်ထောင်စုအတွင်း နေထိုင်ကြသည့်ပြည်ထောင်စု တိုင်းရင်းသားအားလုံး ပြည်ထောင်စုစိတ်ဓာတ်၊ တိုင်းပြည်အတွက် မိမိတို့ ရည်မှန်းချက်ပန်းတိုင်ကို အောင်မြင်အောင်ဆောင်ရွက်မည်ဆိုသည့် ပြည်ထောင်စုစိတ်ဓာတ်တို့ဖြင့် ဆောင်ရွက်ပါက ယခုငြိမ်းချမ်းရေးဆွေးနွေးပွဲသည် မအောင်မြင်စရာအကြောင်းမရှိကြောင်း။
  • ဒီမိုကရေစီစနစ်ဆိုသည်မှာ ပြည်သူကရွေးချယ်သည့် အုပ်ချုပ်ရေးစနစ်ဖြစ်ပြီး ဖက်ဒရယ်စနစ်ဆိုသည်မှာ လုပ်ပိုင်ခွင့်အာဏာနှင့် ရပိုင်ခွင့်များကို မျှဝေခွဲဝေခံစားစေခြင်းဖြစ်ကြောင်း၊ ဖက်ဒရယ်ဆိုသည်မှာ မတူကွဲပြားနေသည့် တိုင်းဒေသကြီးများ၊ ပြည်နယ်များ၊ လူမျိုးများ၊ လူမျိုးစုများကို စုစည်းလုပ်ကိုင်ရာမှ လုပ်ကိုင်နိုင်ခွင့်များကို ခွဲဝေကျင့်သုံးသည့် အယူအဆသဘောတရားဖြစ်ပြီး ပေါင်းစည်းနေထိုင်ခြင်း၊ မျှဝေခံစားခြင်းဖြစ်ကြောင်း။

မြန်မာနိုင်ငံ၏ အဓိကလိုအပ်ချက်သည် တိုင်းပြည်သာယာဝပြောရေး၊ စားရေရိက္ခာ ပေါများရေးပင်ဖြစ်ကြောင်း၊ ငြိမ်းချမ်းရေးကိုအခြေခံ၍ အလုပ်အကိုင် အခွင့်အလမ်းများကို အားလုံးက ဒီမိုကရေစီနည်းလမ်းနှင့်အညီ ဆောင်ရွက်နိုင်မည်ဆိုပါက တိုင်းပြည်သာယာဝပြောမည်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်နိုင်ရန်အတွက် နိုင်ငံတော်ကို ဦးဆောင်နေသည့်အစိုးရက ဖန်တီးဆောင်ရွက်ပေးနေရမည်ဖြစ်ပြီး ထိုသို့ဖန်တီးပေးနိုင်မှသာ စားရေရိက္ခာများလည်း ပေါများလာမည်ဖြစ်ကြောင်း၊ အဆိုပါ ကိစ္စရပ်နှစ်ခုသည် အပြန်အလှန်ချိတ်ဆက်လျက်ရှိပြီး ငြိမ်းချမ်းရေးရရှိရေး မျှော်မှန်းချက် ထား ဆောင်ရွက်ကြရန်လိုကြောင်း မှာကြားခဲ့ပါသည်။

  • ငြိမ်းချမ်းရေးရရှိရန်အတွက် သက်ဆိုင်ရာအဖွဲ့အစည်းများက ကြိုးပမ်းဆောင်ရွက်လျက်ရှိသော်လည်း အချို့သောကန့်သတ်ချက်ရှိမှုများကြောင့် ထိုက်သင့်သလောက် တိုးတက်မှုများမရှိသည်ကို တွေ့ရှိရ
  • တိုတောင်းသည့်ကာလအတွင်း အဖြေတစ်ခုခုရရှိစေရန်အတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအလိုက် ဥက္ကဋ္ဌနှင့်ညှိနှိုင်းတိုင်ပင်နိုင်ရန်နှစ်ဦးတို့ကို မိမိနှင့်သီးခြားစီတွေ့ဆုံရန် စီမံဆောင်ရွက်ခဲ့၊ လွတ်လပ်စွာဆွေးနွေးနိုင်ရန်အတွက် ထိုသို့ဖိတ်ခေါ်ဆောင်ရွက်ခဲ့ခြင်းဖြစ်။
  • ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)ကို ပြန်လည်ကြည့်မည်ဆိုပါက လုပ်ပိုင်ခွင့်အာဏာများကို ခွဲဝေထားပြီးဖြစ်သဖြင့် ဖက်ဒရယ်စနစ်သဘောတရားများအတိုင်းသာ ရေးဆွဲထားခြင်းဖြစ်သည်ကို တွေ့ရမည်ဖြစ်
  • တွေ့ဆုံဆွေးနွေးရာတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ ခေါင်းဆောင်များနှင့်အတူ ညှိနှိုင်းတိုင်ပင်ဆွေးနွေးနိုင်ရေးအတွက် အဖွဲ့ဝင် ၂ ဦးကိုပါ ဖိတ်ခေါ်ထား၊ လက်ရှိအချိန်ထိ NCA လက်မှတ်ရေးထိုးပြီးသည့်အဖွဲ့ ၇ ဖွဲ့နှင့် NCA လက်မှတ်ရေးထိုးခြင်းမပြုသေးသည့် အဖွဲ့ ၃ ဖွဲ့ လာရောက်မည်ဟု အကြောင်းပြန်ခဲ့
  • တက္ကသိုလ်များနှင့် ကောလိပ်များကိုလည်း ပြန်လည်ဖွင့်လှစ်၍ ကျောင်းသား၊ ကျောင်းသူများ ပညာသင်ကြားနိုင်ရေးဆောင်ရွက်လျက်ရှိ၊ အခြေခံပညာနှင့် အဆင့်မြင့်ပညာသင်ကြားမည့် ကျောင်းသား၊ ကျောင်းသူများအားလုံး ကျောင်းနေရန်လို။
  • တရားဥပဒေစိုးမိုးရေးကို ထိခိုက်အောင်လုပ်ဆောင်မှုများကို ထိထိရောက်ရောက် အရေးယူဆောင်ရွက်လျက်ရှိ၊ အစိုးရနှင့်တပ်မတော်အနေဖြင့် ပါတီစုံဒီမိုကရေစီစနစ်နှင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်ကိုအခြေခံသော ပြည်ထောင်စုစနစ်ကို အာမခံထားပြီးဖြစ်။
  • KNU ၊ KIA KNPP စသည့် ၎င်းတို့နယ်မြေများရှိ အချို့သောအဖွဲ့အစည်းများသည် အကြမ်းဖက်ဟု သတ်မှတ်ထားသည့် PDF ၊ CRPH တို့နှင့် ဆက်နွယ်နေသည့်အပြင် ပြည်ပနိုင်ငံ၏ ပတ်သက်မှုနှင့်လည်း ဆက်နွယ်နေ၊ ထို့ကြောင့် ၎င်းတို့က ဆွေးနွေးပွဲနှင့်ပတ်သက်၍ မတက်ရောက်ကြောင်းကို ထုတ်ပြန်ခဲ့သည်ဟု မိမိတို့တွေ့ရှိရ။
  • နိုင်ငံအရေး၊ ကိုယ့်ပြည်တွင်းအရေးတွင် ပြည်ပကပါဝင်နေသမျှ ကာလပတ်လုံး တိုင်းပြည်တည်ငြိမ်အေးချမ်းရန်ခက်ခဲ၊ မြန်မာနိုင်ငံ၏အရေးကို မြန်မာနိုင်ငံသားများကပဲ ဆုံးဖြတ်ဖို့ဖြစ်၊ အခြားပြည်ပနိုင်ငံများက ဝင်ရောက်စွက်ဖက်ပြီး ဆုံးဖြတ်ဆောင်ရွက်ပေး၍မရ၊ မိမိတို့ အနေဖြင့် မိမိတို့အားနဲ့ပဲရအောင် ဆွေးနွေးပြီးမှ ပြည်သူများသွားချင်သည့် နိုင်ငံရေးရည်မှန်းချက်ပန်းတိုင်ကို မရောက်ရောက်အောင် ချီတက်မည်ဖြစ်။

 

Add new comment