PDF အကြမ်းဖက်သမားများက သာသနာ့အနွယ်ဝင် သံဃာတော်များနှင့် အပြစ်မဲ့ပြည်သူများအား ဖမ်းဆီးခေါ်ဆောင်၍ ရက်စက်စွာသတ်ဖြတ်

နိုင်ငံရေးအစွန်းရောက် အကြမ်းဖက်သမားများအနေဖြင့် ငါနှင့်မတူငါ့ရန်သူ အယူအဆဖြင့် ၎င်းတို့ကိုမထောက်ခံသည့် အပြစ်မဲ့ပြည်သူများအား လက်နက်အားကိုး၍ သတ်ဖြတ်ခြင်းများပြုလုပ်လျက်ရှိသည့်အပြင် ဗုဒ္ဓဘာသာဝင်မြန်မာလူမျိုးများ၏ အထွဋ်အမြတ်ထားရာသာသနာပိုင်အဆောက်အဦများ၊ ဘုန်းတော်ကြီးကျောင်းများကို အကြမ်းဖက်ပစ်ခတ်တိုက်ခိုက်ခြင်း၊ မိုင်းထောင်ဖောက်ခွဲခြင်းနှင့် ရဟန်းသံဃာတော်များအား ဖမ်းဆီးခေါ်ဆောင် သတ်ဖြတ်ခြင်းများအား ရက်စက်စွာပြုလုပ်နေကြသည်ကို စိတ်နှလုံးညှိုးနွမ်းဖွယ်တွေ့ရှိရပါသည်။

  • မေလ ၁၀ ရက်တွင် မြိုင်မြို့နယ်၊ သင်းပေါင်းကန်ကျေးရွာသို့ PDF အကြမ်းဖက်အဖွဲ့များရောက်ရှိလာပြီး အဆိုပါကျေးရွာနေ ဦးတာတီး(၂၅)နှစ်၊ ဦးအောင်ဝင်း (၂၉)နှစ်၊ ဦးစိုး(၆၁)နှစ်တို့ ၃ ဦးနှင့် ကျေးရွာဘုန်းတော်ကြီးကျောင်းမှ ဆရာတော် ဦးသုမန (၄၄)နှစ် ဝါတော် (၁၄)ဝါအား ဖမ်းဆီးခေါ်ဆောင်သွားကာ “သူလျှို၊ ဒလန်” များဟု စွပ်စွဲပြောဆို၍ ဓား/သေနတ်များဖြင့် ဝိုင်းဝန်းပစ်ခတ် ထိုးခုတ်ခဲ့သဖြင့် ဆရာတော် ဦးသုမနပါ ၄ဦးတို့မှာ အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့။
  • မေလ ၁၁ ရက်တွင် ပခုက္ကူမြို့နယ်၊ မြောက်လူးကန်ကျေးရွာရှိ ပစ္စိမာရုံဘုန်းတော်ကြီးကျောင်းသို့ PDF အကြမ်းဖက်အဖွဲ့များရောက်ရှိလာပြီး ဘုန်းတော်ကြီးကျောင်းတွင် သီတင်းသုံးနေထိုင်လျက်ရှိသည့် ကျောင်းထိုင်ဆရာတော် ဥူးကောဝိတ (၇၈)နှစ် ဝါတော် ၅၈ ဝါအား ကျောင်းအပြင်ဘက်သို့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး သေနတ်များဖြင့် အကြောင်းမဲ့ ဝိုင်းဝန်းပစ်ခတ်သတ်ဖြတ်ခဲ့သဖြင့် အခင်းဖြစ် နေရာ၌ သေဆုံးသွားခဲ့။

မေလ ၁၂ ရက်အထိ အကြမ်းဖက်သမားများ၏ အကြောင်းမဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် နိုင်ငံတော်အတွင်း သံဃာတော်စုစုပေါင်း (၄၇) ပါးနှင့် သီလရှင် (၁) ပါးတို့သေဆုံးခဲ့ပြီး သံဃာတော်စုစုပေါင်း (၁၅) ပါးတို့ ဒဏ်ရာရရှိခဲ့ပါသည်။ ယခုကဲ့သို့ သာသနာ့အနွယ်ဝင် သံဃာတော်များအား ရက်စက်စွာပစ်ခတ်သတ်ဖြတ်ခဲ့သည့် အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက လုံခြုံရေး လုပ်ငန်းစဉ်များနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါ သည်။

  • PDF အကြမ်းဖက်သမားများက မြိုင်မြို့နယ်၊ သင်းပေါင်းကန်ကျေးရွာမှ ဆရာတော် ၁ ပါးနှင့် အပြစ်မဲ့ပြည်သူ ၃ ဦးတို့အား ဖမ်းဆီးခေါ်ဆောင်သွားကာ သူလျှို၊ ဒလန်” များဟု စွပ်စွဲပြောဆို၍ ရက်စက်စွာ သတ်ဖြတ်ခဲ့။
  • PDF အကြမ်းဖက်သမားများက ပခုက္ကူမြို့နယ်၊ မြောက်လူးကန်ကျေးရွာရှိ ပစ္စိမာရုံဘုန်းတော်ကြီးကျောင်းမှ ကျောင်းထိုင်ဆရာတော်အား ဖမ်းဆီးခေါ်ဆောင်၍ သေနတ်များဖြင့် အကြောင်းမဲ့ ပစ်သတ်ခဲ့။

Add new comment