ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရွာငံမြို့နယ်၊ နန်းခုံကျေးရွာအုပ်စု၊ ပဲရင်တောင်ကျေးရွာရှိ အိမ်ထောင်စု ၁၆ စုမှ အမျိုးသား ၁ ဦး၊ အမျိုးသမီး ၁၈ ဦး၊ ကလေး ၉ ဦး၊ စုစုပေါင်း ၂၈ ဦးတို့သည် PDF အကြမ်းဖက်သမားများ၏ အကြမ်းဖက်လုပ်ရပ်များကြောင့် ဘေးလွတ်ရာသို့ ယာယီတိမ်းရှောင်နေရာမှ မေလ ၉ ရက်တွင် ၎င်းတို့၏ နေရပ်သို့ ပြန်လည်ဝင်ရောက်လာခဲ့ကြပါသည်။
မိမိနေရပ်သို့ ပြန်လည်ဝင်ရောက်လာသည့် ဒေသခံတိုင်းရင်းသားပြည်သူများအား အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်နှင့် ဌာနဆိုင်ရာမှတာဝန်ရှိသူများက လှိုက်လှဲစွာကြိုဆိုခဲ့ကြပြီး လိုအပ်သည့်ကူညီထောက်ပံ့မှုများ ဆောင်ရွက် ပေးခဲ့သည့်အပြင် နယ်မြေခံဆေးအဖွဲ့က လိုအပ်သည့်ကျန်းမာရေးစစ်ဆေးမှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရပါသည်။
- PDF အကြမ်းဖက်သမားများ၏ အကြမ်းဖက်လုပ်ရပ်များကြောင့် ဘေးလွတ်ရာသို့ ယာယီတိမ်းရှောင်နေရာမှ မိမိနေရပ်သို့ ပြန်လည်ဝင်ရောက်လာသည့် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရွာငံမြို့နယ်၊ နန်းခုံကျေးရွာအုပ်စု၊ ပဲရင်တောင်ကျေးရွာမှ ဒေသခံတိုင်းရင်းသားပြည်သူ ၂၈ ဦးအား တာဝန်ရှိသူများက လိုအပ်သည်များ ကူညီဆောင်ရွက်ပေးခဲ့။
Add new comment