နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်းက ငြိမ်းချမ်းရေးနှင့်ပတ်သက်သည့် မေးမြန်းချက်ကို အောက်ပါအတိုင်းဖြေကြားခဲ့ ပါသည်။
- ငြိမ်းချမ်းရေးဆွေးနွေးပွဲ တက်ရောက်မည့် အမည်စာရင်းကို မေလ ၉ ရက်နေ့တွင် တောင်းခံခဲ့ရာ NCA လက်မှတ်ထိုးထားသောအဖွဲ့ ၇ ဖွဲ့၊ NCA လက်မှတ်မရေးထိုး ထားသော အဖွဲ့ ၃ ဖွဲ့၊ စုစုပေါင်း ၁၀ ဖွဲ့ တက်ရောက်မည့်စာရင်း ရရှိခဲ့ကြောင်း။
- ဆွေးနွေးပွဲအနေဖြင့်ဆွေးနွေးရန် စာရင်းပေးထားသော EAO အဖွဲ့များ အဆင်ပြေနိုင်သည့်အချိန်ကို ဦးစားပေးစဉ်းစားမည်ဖြစ်ပြီး အမြန်ဆုံးဆွေးနွေးသွားရန် ရည်မှန်း ထားကြောင်း။
- NCA လက်မှတ်ရေးထိုးထားသော ၇ ဖွဲ့တွင် DKBA ၊ KNU - KNLA/PC ၊ PNLO ၊ NMSP ၊ ALP ၊ RCSS(SSA) ၊ LDU တို့ပါဝင်ပြီး NCA မထိုးရသေးသော ၃ ဖွဲ့တွင် UWSA ၊ NDAA ၊ SSPP(SSA) တို့ ပါဝင်ကြောင်း။
- ၂၀၂၂ ခုနှစ်ကို ငြိမ်းချမ်းရေးနှစ်အဖြစ် သတ်မှတ်ထားပြီး နိုင်ငံတော်အကြီးအကဲ ကိုယ်တိုင်ကပင် ကိုယ်တိုင်တွေ့ဆုံမည်ဟုဆိုကာ ငြိမ်းချမ်းရေးဖိတ်ခေါ်ထားကြောင်း။
- ပါဝင်သင့်ပါဝင်ထိုက်တဲ့သူ အားလုံးဆိုသည့်နေရာတွင် EAO တွေထက် ပါဝင်သင့်ပါဝင်ထိုက်တဲ့သူ မရှိကြောင်း။
- ယခုအချိန်သည် အချိန်ကောင်းဖြစ်သည့်အတွက် ငြိမ်းချမ်းရေးနှင့်ပတ်သက်၍ ဆွေးနွေးပွဲမတက်ရောက်သည့် အဖွဲ့များအနေဖြင့် ၎င်းတို့၏ ငြိမ်းချမ်းရေးအပေါ်ထားရှိ သည့်သဘောထား၊ ပြည်သူလူထုနှင့် ဒေသခံလူထုအပေါ် ထားရှိသည့်သဘောထားပေါ်လွင်လာကြောင်း။
- တပ်မတော်နှင့် နိုင်ငံတော်အစိုးရတို့အနေဖြင့် ယခုဆွေးနွေးရန် ပေးထားသည့်အဖွဲ့ များနှင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်ကိုအခြေခံသော ပြည်ထောင်စုစနစ်ကို ခိုင်ခိုင်မာမာ အာမခံထားကြောင်း။
ငြိမ်းချမ်းရေးဆွေးနွေးမည့်အဖွဲ့များ၏ လိုလားချက်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးသွားမည်ဖြစ်ပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တိုးတက်အောင်မြင်ရေးအတွက် အလေးထားဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
- ငြိမ်းချမ်းရေးဆွေးနွေးပွဲတက်ရောက်မည့် အမည်စာရင်းတွင် NCA လက်မှတ်ထိုး ထားသောအဖွဲ့ ၇ ဖွဲ့၊ NCA လက်မှတ်မရေးထိုးထားသော အဖွဲ့ ၃ ဖွဲ့၊ စုစုပေါင်း ၁၀ ဖွဲ့ တက်ရောက်မည့်စာရင်း ရရှိခဲ့။
- NCA လက်မှတ်ရေးထိုးထားသော ၇ ဖွဲ့တွင် DKBA ၊ KNU - KNLA/PC ၊ PNLO ၊ NMSP ၊ ALP ၊ RCSS(SSA) ၊ LDU တို့ပါဝင်ပြီး NCA မထိုးရသေးသော ၃ ဖွဲ့တွင် UWSA ၊ NDAA ၊ SSPP(SSA) တို့ပါဝင်။
- ပါဝင်သင့်ပါဝင်ထိုက်တဲ့သူ အားလုံးဆိုသည့်နေရာတွင် EAO တွေထက် ပါဝင်သင့်ပါဝင်ထိုက်တဲ့သူမရှိ။
- ယခုအချိန်သည် အချိန်ကောင်းဖြစ်သည့်အတွက် ငြိမ်းချမ်းရေးနှင့်ပတ်သက်၍ ဆွေး နွေးပွဲမတတ်ရောက်သည့် အဖွဲ့များအနေဖြင့် ၎င်းတို့၏ ငြိမ်းချမ်းရေးအပေါ်ထားရှိ သည့်သဘောထား၊ ပြည်သူလူထုနှင့် ဒေသခံလူထုအပေါ် ထားရှိသည့်သဘောထား ပေါ်လွင်။
- ငြိမ်းချမ်းရေးဆွေးနွေးမည့်အဖွဲ့များ၏ လိုလားချက်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးသွားမည်ဖြစ်ပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ် တိုးတက်အောင်မြင်ရေးအတွက် အလေး ထားဆက်လက်ဆောင်ရွက်သွားမည်ဖြစ်။
Add new comment