နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း (၁၄) ကြိမ်မြောက်ကဆုန်ညောင်ရေသွန်းလောင်း ပူဇော်ပွဲ မဟာမင်္ဂလာအခမ်းအနားကျင်းပရေး ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား

 

(၁၄) ကြိမ်မြောက် ကဆုန်ညောင်ရေသွန်းလောင်းပူဇော်ပွဲ မဟာမင်္ဂလာအခမ်းအနားကျင်းပရေးဦးစီးကော်မတီနှင့် လုပ်ငန်းကော်မတီညှိနှိုင်းအစည်းအဝေးကို မေလ ၁၀ ရက်တွင် နေပြည်တော်ရှိ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပရာ (၁၄) ကြိမ်မြောက် ကဆုန်ညောင်ရေသွန်းလောင်းပူဇော်ပွဲ မဟာမင်္ဂလာအခမ်းအနား ကျင်းပရေး ဦးစီးကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း တက်ရောက်အမှာစကားပြောကြားခဲ့ပါသည်။

အစည်းအဝေး၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က အမှာစကားပြောကြားရာတွင်-

  • ကဆုန်ညောင်ရေသွန်းလောင်းခြင်းကို ယဉ်ကျေးမှုဓလေ့ထုံးတမ်းအစဉ်အလာအရဖြစ်စေ၊ ဘာသာတရား၏ အဆုံးအမအရဖြစ်စေ ရှုမြင်မည်ဆိုပါက ကောင်းမှုကုသိုလ် ပြုလုပ်ခြင်းဖြစ်သကဲ့သို့ အမျိုးသားယဉ်ကျေးမှုစရိုက်လက္ခဏာများကို မပျောက်ပျက်စေရန် ထိန်းသိမ်းစောင့်ရှောက်ခြင်းဖြစ်ကြောင်း။
  • နှစ်စဉ်ဆောင်ရွက်နေကြလုပ်ငန်းနှင့် အခမ်းအနားဖြစ်သော်လည်း အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေးအတွက် တာဝန်လစ်ဟင်းမှုမရှိစေဘဲ ဆပ်ကော်မတီများအားလုံး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

ထို့နောက် (၁၄) ကြိမ်မြောက် ကဆုန်ညောင်ရေသွန်းလောင်းပူဇော်ပွဲ မဟာမင်္ဂလာအခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေးနှင့်စပ်လျဉ်း၍ ဆပ်ကော်မတီအသီးသီးမှ တာဝန်ရှိသူများက ဆွေးနွေးတင်ပြကြရာ ဦးစီးကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ရေး ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။

  • ကဆုန်ညောင်ရေသွန်းလောင်းခြင်းကို ယဉ်ကျေးမှုဓလေ့ထုံတမ်းအစဉ်အလာအရဖြစ်စေ၊ ဘာသာတရား၏ အဆုံးအမအရဖြစ်စေ ရှုမြင်မည်ဆိုပါက ကောင်းမှုကုသိုလ် ပြုလုပ်ခြင်းဖြစ်သကဲ့သို့ အမျိုးသားယဉ်ကျေးမှုစရိုက်လက္ခဏာများကို မပျောက်ပျက်စေရန် ထိန်းသိမ်းစောင့်ရှောက်ခြင်းဖြစ်။
  • နှစ်စဉ်ဆောင်ရွက်နေကြလုပ်ငန်းနှင့် အခမ်းအနားဖြစ်သော်လည်း အခမ်းအနားအောင်မြင်စွာကျင်းပနိုင်ရေးအတွက် တာဝန်လစ်ဟင်းမှုမရှိစေဘဲ ဆပ်ကော်မတီများ အားလုံး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားကြရမည်ဖြစ်။

Add new comment