ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင် ဒုတိယအကြိမ်မြောက် အကောင်းဆုံး ခရီးသွားလုပ်ငန်းကျေးရွာ -၂၀၂၂ အဆိုပြုလျှောက်ထားခြင်းနှင့်စပ်လျဉ်းသည့် အစည်းအဝေးသို့ တက်ရောက်

 

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်သည် မေလ ၉ ရက်တွင် ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်၏ ဦးဆောင်မှုဖြင့် စပိန်နိုင်ငံ၊ မက်ဒရစ်မြို့၌ “ဒုတိယအကြိမ်မြောက် အကောင်းဆုံးခရီးသွားလုပ်ငန်းကျေးရွာ-၂၀၂၂” အဆိုပြုလျှောက်ထား ခြင်းနှင့်စပ်လျဉ်းသည့် “Briefing Session of Best Tourism Villages by UNWTO” အွန်လိုင်းအစည်းအဝေးသို့ တက်ရောက်ခဲ့ပါ သည်။ အစည်းအဝေးတွင်-

  • ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံအနေဖြင့်လည်း အကောင်းဆုံးခရီးသွားကျေးရွာအစီအစဉ်အား သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ပါဝင်လျှောက်ထားရယူနိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ခရီးသွားလုပ်ငန်းများ စဉ်ဆက်မပြတ် ရေရှည်ဖွံ့ဖြိုး တိုးတက်နေရေးအတွက် ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်နှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပြီး နည်းပညာဆိုင်ရာကိစ္စရပ်များနှင့် လိုအပ်သည်များအား ဆက်လက်ကူညီပေးစေလိုကြောင်း ပြောကြားခဲ့။
  • အာရှနှင့်ပစိဖိတ်ဒေသတွင်းဌာန၏ ညွှန်ကြားရေးမှူး Mr. Harry Hwang က အကောင်းဆုံးခရီးသွားလုပ်ငန်းကျေးရွာအစီအစဉ်ကို ၂၀၂၁ ခုနှစ်မှ စတင်၍ ရှေ့ပြေးစီမံကိန်းအဖြစ်ဆောင်ရွက်ခဲ့ရာ ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့ချုပ် အဖွဲ့ဝင်နိုင်ငံပေါင်း (၁၀) နိုင်ငံမှ ရွာပေါင်း (၄၄) ရွာကို အကောင်းဆုံးခရီးသွားလုပ်ငန်းကျေးရွာများအဖြစ် သတ်မှတ်ပေးခဲ့ပြီးဖြစ်ကြောင်း၊ ယနေ့ကျင်းပသော အွန်လိုင်းအစည်းအဝေးမှာ ဒုတိယအကြိမ်မြောက် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး အဖွဲ့ဝင်နိုင်ငံများမှ ကောင်းမွန်သော အခွင့်အရေးများရရှိအောင် ကြိုတင်ပြင်ဆင် နိုင်ရေးအတွက် ဆောင်ရွက်ခြင်းဖြစ်ကြောင်း ပြောကြားခဲ့။
  • ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်၊ ခရီးသွားဈေးကွက်ထောက်လှမ်းခြင်းနှင့် စွမ်းဆောင်ရည်ဌာနမှ အကြီးအကဲ Ms. Sandra Carvao က အကောင်းဆုံးခရီးသွားကျေးရွာ အစီအစဉ်ဖော်ဆောင်ခြင်းဆိုင်ရာကိစ္စရပ်များ၊ မျှော်မှန်းချက်နှင့် ရည်မှန်းချက်များ၊ အစီအစဉ်မှ ရရှိနိုင်မည့် အကျိုးကျေးဇူးများ၊ အကောင်းဆုံးခရီးသွားကျေးရွာရရှိရေး လျှောက်ထားရာတွင် လိုက်နာဆောင်ရွက်ရမည့် ချက်များနှင့် အကဲဖြတ်မှုများ၊ ရွေးချယ်ရေးဆိုင်ရာ အစီအစဉ်များကို ရှင်းလင်းပြောကြားခဲ့။

ထို့နောက် မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်၏ အဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များက လျှောက်လွှာတင်သွင်းခြင်းဆိုင်ရာကိစ္စရပ်များ၊ ထည့်သွင်းတင်ပြရမည့် အချက်များနှင့် ပြိုင်ပွဲဆိုင်ရာကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ မေးမြန်းဆွေးနွေးခဲ့ကြပြီး တာဝန်ရှိသူများက လိုအပ်သည်များကို ပြန်လည်ဖြေကြားခဲ့ကြောင်း သိရှိရပါသည်။

  • ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်သည် ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်၏ ဦးဆောင်မှုဖြင့် စပိန်နိုင်ငံ၊ မက်ဒရစ်မြို့၌ ဒုတိယအကြိမ်မြောက် အကောင်းဆုံးခရီးသွားလုပ်ငန်း ကျေးရွာ-၂၀၂၂ အဆိုပြု လျှောက်ထားခြင်း နှင့်စပ်လျဉ်းသည့် “Briefing Session of Best Tourism Villages by UNWTO” အွန်လိုင်းအစည်းအဝေးသို့ တက်ရောက်ခဲ့။
  • ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံ၏ခရီးသွားလုပ်ငန်းများ စဉ်ဆက်မပြတ် ရေရှည်ဖွံ့ဖြိုးတိုးတက်နေရေးအတွက် ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်နှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပြီး နည်းပညာဆိုင်ရာကိစ္စရပ်များနှင့် လိုအပ်သည်များအား ဆက်လက်ကူညီပေး စေလိုကြောင်း ပြောကြားခဲ့။

Add new comment