၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်စ တစ်လတာကာလအတွင်း ပြည်ပပို့ကုန် အမေရိကန်ဒေါ်လာ သန်း ၁,၀၀၀ ကျော်ရှိ

 

၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်စဖြစ်သော ဧပြီလ ၁ ရက်မှ ၂၉ ရက်အထိ ပြည်ပပို့ကုန်တင်ပို့ မှုအနေဖြင့် နိုင်ငံပိုင်မှ အမေရိကန်ဒေါ်လာ ၂၄၁.၁၇၁ သန်းရှိပြီး ပုဂ္ဂလိကပိုင်မှ အမေရိကန် ဒေါ်လာ ၈၃၉.၃၃၅ သန်းရှိသည့်အတွက် စုစုပေါင်းအမေရိကန်ဒေါ်လာ ၁,၀၈၀.၅၀၆ သန်း ရှိပါသည်။

ပြည်ပပို့ကုန်တင်ပို့မှုများအနေဖြင့်-

  • လယ်ယာထွက်ကုန်ပစ္စည်းတင်ပို့မှုအနေဖြင့် ပုဂ္ဂလိကပိုင်မှ အမေရိကန်ဒေါ်လာ ၃၂၅.၆၄၅ သန်း။
  • တိရစ္ဆာန်ထွက်ပစ္စည်းတင်ပို့မှုအနေဖြင့် ပုဂ္ဂလိကပိုင်မှ အမေရိကန်ဒေါ်လာ ၂.၃၄၄ သန်း။
  • ရေထွက်ပစ္စည်းတင်ပို့မှုအနေဖြင့် ပုဂ္ဂလိကပိုင်မှ အမေရိကန်ဒေါ်လာ ၄၅.၆၇၁ သန်း။
  • သတ္ထုတွင်းပစ္စည်းတင်ပို့မှုအနေဖြင့် ပုဂ္ဂလိကပိုင်မှ အမေရိကန်ဒေါ်လာ ၆၅.၅၃၅ သန်း။
  • သစ်တောထွက်ပစ္စည်းတင်ပို့မှုအနေဖြင့် နိုင်ငံပိုင်မှ အမေရိကန်ဒေါ်လာ ၀.၀၅၂ သန်း၊ ပုဂ္ဂလိကပိုင်မှ အမေရိကန်ဒေါ်လာ ၁၀.၁၃၉ သန်း။
  • စက်မှုကုန်ခေျာတင်ပို့မှုအနေဖြင့် နိုင်ငံပိုင်မှ အမေရိကန်ဒေါ်လာ ၂၄၁.၁၁၉ သန်း၊ ပုဂ္ဂလိကပိုင်မှ အမေရိကန်ဒေါ်လာ ၃၇၁.၄၂၉ သန်း။
  • အခြားပို့ကုန်များတင်ပို့မှုအနေဖြင့် ပုဂ္ဂလိကပိုင်မှ အမေရိကန်ဒေါ်လာ ၁၈.၅၇၂ သန်း။
  • စုစုပေါင်းပို့ကုန်တင်ပို့မှုအနေဖြင့် နိုင်ငံပိုင်မှ အမေရိကန်ဒေါ်လာ ၂၄၁.၁၇၁ သန်းနှင့် ပုဂ္ဂလိကပိုင်မှ အမေရိကန်ဒေါ်လာ ၈၃၉.၃၃၅ သန်း ရရှိခဲ့။

ပြည်ပမှ တင်သွင်းမှုအနေဖြင့် ရင်းနှီးမြှုပ်နှံမှုကုန်ပစ္စည်း၊ လုပ်ငန်းသုံးကုန်ကြမ်းပစ္စည်း၊ လူသုံးကုန်ပစ္စည်းနှင့် CMP တို့ကို တင်သွင်းခဲ့ကြောင်းသိရှိရပါသည်။   

  • ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်စဖြစ်သော ဧပြီလ ၁ ရက်မှ ၂၉ ရက်အထိ ပြည်ပပို့ကုန်တင်ပို့မှုအနေဖြင့် နိုင်ငံပိုင်မှ အမေရိကန်ဒေါ်လာ ၂၄၁.၁၇၁ သန်းရှိပြီး ပုဂ္ဂလိကပိုင်မှ အမေရိကန်ဒေါ်လာ ၈၃၉.၃၃၅ သန်းရှိသည့်အတွက် စုစုပေါင်းအမေရိကန်ဒေါ်လာ ၁,၀၈၀.၅၀၆ သန်းရှိ။

Add new comment