ဂျပန်နိုင်ငံသို့ သင်တန်းသားလုပ်သားများ ပိုမိုစေလွှတ်နိုင်ရေး ဆွေးနွေး

 

အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ဂျပန်-မြန်မာအသင်းဥက္ကဋ္ဌ မစ္စတာ ဝါတာနာဘေးဟိဒဲအို နှင့်အဖွဲ့အား မေလ ၆ ရက်တွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံခဲ့ရာတွင်-

  • ပြည်ထောင်စုဝန်ကြီးက ဂျပန်နိုင်ငံသို့ G to G စနစ်ဖြင့် ဂျပန်နိုင်ငံရှိ တရားရေးဝန်ကြီးဌာန၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ကျန်းမာရေး၊ အလုပ်သမားနှင့် သက်သာချောင်ချိရေး ဝန်ကြီးဌာနတို့နှင့် မြန်မာနိုင်ငံအလုပ်သမားဝန်ကြီးဌာနတို့အကြား ပူးပေါင်းဆောင်ရွက်မှုစာချွန်လွှာ (MoC) ရေးထိုး၍ သင်တန်းသားအလုပ်သမား ပို့ဆောင်လျက်ရှိသည့် အခြေအနေများ၊ မြန်မာနိုင်ငံ၏ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေး၊ မြန်မာအလုပ်သင်အလုပ်သမားများနှင့် ကျွမ်းကျင်လုပ်သားများ ဂျပန်နိုင်ငံသို့ သွားရောက် လုပ်ကိုင်ရာတွင် ဂျပန်ဘက်မှ လိုအပ်သည့်အကူအညီများ ပံ့ပိုးပေးနိုင်ရေးနှင့် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးကိစ္စများကို ဆွေးနွေးခဲ့။
  • ဂျပန်လုပ်ငန်းရှင်များအနေဖြင့် မြန်မာနိုင်ငံမှ သင်တန်းသားအလုပ်သမားများ ပိုမိုခေါ်ယူလိုမှု၊ သင်တန်းသားအလုပ်သမား ပိုမိုပို့ဆောင်နိုင်ရန်နှင့် ဂျပန်-မြန်မာအသင်းမှ မြန်မာနိုင်ငံရှိ အလုပ်သမားဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်မည့် အခြေအနေများနှင့် အလုပ်သမားစေလွှတ်ရေး လုပ်ငန်းစဉ်များတွင် Japan Myanmar Association (JMA) မှ ပူးပေါင်းဆောင်ရွက်သွားမည့် အခြေအနေများကို ဆွေးနွေးခဲ့။

အဆိုပါ တွေ့ဆုံပွဲသို့ အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး JMA မှ Secretary General Mr. Watanabe Yusuke ၊ Head of Indo-Pacific Economic- Development ၏ Councillor Ando Haruhiko နှင့် Secretary to Chairman ဦးသက်စိန်တို့တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

  • ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံ၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး၊ မြန်မာအလုပ်သင်အလုပ်သမားများနှင့် ကျွမ်းကျင်လုပ်သားများ ဂျပန်နိုင်ငံသို့ သွား ရောက်လုပ်ကိုင်ရာတွင် ဂျပန်ဘက်မှ လိုအပ်သည့်အကူအညီများ ပံ့ပိုးပေးနိုင်ရေးနှင့် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးကိစ္စများ ဆွေးနွေးခဲ့။
  • ဂျပန်-မြန်မာအသင်းမှ မြန်မာနိုင်ငံရှိ အလုပ်သမားဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်မည့် အခြေအနေများနှင့် အလုပ်သမားစေလွှတ်ရေး လုပ်ငန်းစဉ်များတွင် JMA မှ ပူးပေါင်းဆောင်ရွက်သွားမည့် အခြေအနေများ ဆွေးနွေးခဲ့။

 

 

Add new comment