ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင် မြန်မာနိုင်ငံသို့ အာဆီယံ၏ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးအပ်ရေးဆိုင်ရာ အစည်းအဝေးသို့ တက်ရောက်

AHA Centre မှတစ်ဆင့်လှူဒါန်းမည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီစီမံခန့်ခွဲရေးလုပ်ငန်းအဖွဲ့(Task Force) ဥက္ကဋ္ဌ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ကမ္ဘောဒီးယားနိုင်ငံ ဖနောင်ပင်မြို့၌ ၆-၅-၂၀၂၂ ရက်နေ့တွင် ကျင်းပခဲ့သော မြန်မာနိုင်ငံသို့ အာဆီယံ၏ လူသားချင်းစာနာထောက်ထားမှုအကူအညီပေးအပ်ရေးဆိုင်ရာ အစည်းအဝေး(Consultative Meeting on ASEAN Humanitarian Assistance to Myanmar) သို့ တက်ရောက်ခဲ့ပါသည်။

အစည်းအဝေးတွင် မြန်မာလုပ်ငန်းအဖွဲ့၊ အာဆီယံအဖွဲ့ဝင်များ၊ အာဆီယံ အတွင်းရေးမှူးချုပ်ရုံးနှင့်  AHA Centre တို့အနေဖြင့်-

  • မည်သူ့ကိုမျှ ချန်လှပ်ထားမှုမရှိရေးမူဖြင့် မြန်မာနိုင်ငံသို့ လူသားချင်းစာနာထောက်ထားမှုအကူအညီများပေးအပ်ရေးနှင့် လူသားချင်းစာနာထောက်ထားမှု အကူအညီများ ပေးအပ်ရာတွင် ကြုံတွေ့ရသည့်စိန်ခေါ်မှုများ အထူးသဖြင့် မြန်မာနိုင်ငံအတွင်းရောက်ရှိရန် ခက်ခဲသောဒေသများ၌ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံရေးဆိုင်ရာမူဘောင် အကောင်အထည်ဖော်ရေးအပေါ် ဆွေးနွေးခဲ့။
  • မြန်မာလုပ်ငန်းအဖွဲ့က အမှန်တကယ်လိုအပ်နေသူများထံ အာဆီယံ၏ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများ ဖြန့်ဖြူးရေးအစီအစဉ် အကောင်အထည် ဖော်ရေးကို ကြိုဆိုခဲ့။
  • အာဆီယံခေါင်းဆောင်များအစည်းအဝေး၏   တူညီဆန္ဒ (၅) ချက်ပါ စတုတ္ထအချက်တွင်ပါဝင်သည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီပေးအပ်ရေး အပိုင်း(၂) ကို မြန်ဆန်ထိရောက်စွာ အကောင်အထည်ဖော်နိုင်ရေးအတွက် ပံ့ပိုးကူညီသွားရေးကတိကဝတ်ကို ထပ်လောင်းအတည်ပြုပြောကြားခဲ့။
  • လူသားချင်းစာနာထောက်ထားသည့်အကူအညီများ အမြန်ဆုံးဆက်လက် ပေးအပ်နိုင်ရေးအတွက် ရှေ့ပြေးစီမံကိန်း(Pilot Project) များဖြင့် နှစ်ဖက်သဘောတူညီ မှုရရှိသည့် ဒေသများတွင် ဆောင်ရွက်သွားမည့်ကိစ္စကို ဆွေးနွေးခဲ့။    

အစည်းအဝေးတွင် အာဆီယံဥက္ကဋ္ဌ၏ အထူးကိုယ်စားလှယ်ဖြစ်သူ ကမ္ဘောဒီးယားနိုင်ငံ ဒုတိယဝန်ကြီးချုပ် နိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာနဝန်ကြီး H.E. Mr. Prak Sokhonn နှင့် အာဆီယံလူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးမှူးဖြစ်သည့် အာဆီယံအတွင်းရေးမှူးချုပ် H.E. Dato Lim Jock Hoi  တို့က ပူးတွဲသဘာပတိများအဖြစ်ဆောင်ရွက်ခဲ့ကြပြီး ဖနောင်ပင်မြို့ အခြေစိုက်   အာဆီယံသံရုံးများမှ သံရုံးအကြီးအကဲများ၊ ကုလသမဂ္ဂအဖွဲ့အစည်းများ၊ အာဆီယံ၏ ပြင်ပမိတ်ဖက်နိုင်ငံများနှင့် AHA Centre တို့မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

  • အစည်းအဝေးတွင် မည်သူ့ကိုမျှ ချန်လှပ်ထားမှုမရှိရေးမူဖြင့် မြန်မာနိုင်ငံသို့ လူသားချင်းစာနာထောက်ထားမှုအကူအညီများပေးအပ်ရေးနှင့် လူသားချင်းစာနာထောက် ထားမှုအကူအညီများ ပေးအပ်ရာတွင် ကြုံတွေ့ရသည့် စိန်ခေါ်မှုများကို ဆွေးနွေးခဲ့။
  • အာဆီယံခေါင်းဆောင်များအစည်းအဝေး၏   တူညီဆန္ဒ (၅) ချက်ပါ စတုတ္ထအချက်တွင်ပါဝင်သည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီပေးအပ်ရေး အပိုင်း(၂) ကို မြန်ဆန်ထိရောက်စွာ အကောင်အထည်ဖော်နိုင်ရေးအတွက် ပံ့ပိုးကူညီသွားရေးကတိကဝတ်ကို ထပ်လောင်းအတည်ပြုခဲ့။
  • လူသားချင်းစာနာထောက်ထားသည့်အကူအညီများ အမြန်ဆုံးဆက်လက်ပေးအပ်နိုင်ရေးအတွက် ရှေ့ပြေးစီမံကိန်း(Pilot Project)များဖြင့် နှစ်ဖက်သဘောတူညီ မှုရရှိသည့် ဒေသများတွင် ဆောင်ရွက်သွားမည့်ကိစ္စကို ဆွေးနွေးခဲ့။

 

Add new comment