ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်နှင့် ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်တို့၌ အကြမ်းဖက်လုပ်ရပ်များ ကျူးလွန်ခဲ့ကြသည့် အကြမ်းဖက်သမားများအား မေလ ၅ ရက် တွင် စစ်အုပ်ချုပ်ရေး (Martial Law) စစ်ခုံရုံးဖွဲ့၍စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ-
- ရွှေပြည်သာမြို့နယ်နေ ဖြိုးမင်းထွန်း(ခ) ကိုဖြိုး၊ ကိုလတ်နှင့် ဖိုးသားတို့ ၃ ဦးသည် မြို့နယ်အတွင်း၌ ပြုလုပ်သော ဆူပူဆန္ဒပြမှုများတွင်ပါဝင်ခြင်း၊ အကြမ်းဖက် အဖွဲ့အစည်းများနှင့်ဆက်သွယ်ခြင်း၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ နယ်မြေအတွင်း သင်တန်းတက်ရောက်ခြင်း၊ လက်နက်၊ ခဲယမ်းများသိုဝှက်သိမ်းဆည်းခြင်း၊ အုပ်ချုပ်ရေးမှူးဟောင်းတစ်ဦးအား ဒလန်အဖြစ် စွပ်စွဲလုပ်ကြံသတ်ဖြတ်ရာတွင် အားပေးကူညီခြင်းနှင့် အုပ်ချုပ်ရေးမှူးရုံးအား လက်ပစ်ဗုံးဖြင့်ပစ်ခတ်ပြီး ရုံးအဖွဲ့ဝင်များအား သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ရာတွင် ပါဝင်ခြင်းတို့ကြောင့် အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေပုဒ်မ-၅၄ အရ “သေဒဏ်” အမိန့်ချမှတ်ခဲ့။
- ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် (မြောက်ပိုင်း)နေ ဇော်ဇော်ထွန်း (ခ) ဇော်ကြီးနှင့် မင်းစစ်သွေး(ခ) ICE တို့သည် သမိုင်းလမ်းဆုံ City Mart အနီးရှိ ယာဉ်ထိန်းရုံးအား မိုင်းထောင်ဖောက်ခွဲရာ၌ အားပေးကူညီခြင်းကြောင့် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀(ဈ) အရ “ထောင်ဒဏ်တစ်သက်” အမိန့်ချမှတ်ခဲ့။
အဆိုပါ ပြစ်ဒဏ်ချမှတ်ခံရသူများအနက်မှ ထွက်ပြေးလွတ်မြောက်နေသူများအား ၎င်းနှင့်စပ်လျဉ်း၍ ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ-၈၇၊ ၈၈ အရ ဖမ်းဝရမ်းထုတ်ဆင့်ရန် အမိန့်ချမှတ်ခဲ့ကြောင်း သိရှိရပါသည်။
- ဆူပူဆန္ဒပြမှုများတွင်ပါဝင်ခြင်း၊ အကြမ်းဖက်အဖွဲ့အစည်းများနှင့် ဆက်သွယ်ခြင်း၊ လက်နက်၊ ခဲယမ်းများသိုဝှက်သိမ်းဆည်းခြင်း၊ အုပ်ချုပ်ရေးမှူးဟောင်းတစ်ဦးအား ဒလန်အဖြစ် စွပ်စွဲလုပ်ကြံသတ်ဖြတ်ရာတွင် အားပေးကူညီခြင်းနှင့် အုပ်ချုပ်ရေးမှူးရုံးအား လက်ပစ်ဗုံးဖြင့်ပစ်ခတ်ပြီး ရုံးအဖွဲ့ဝင်များအား သေနတ်ဖြင့်ပစ်ခတ် သတ်ဖြတ်ရာတွင် ပါဝင်ခဲ့ကြသည့် ရွှေပြည်သာမြို့နယ်နေ တရားခံ ၃ ဦးအား အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ-၅၄ အရ “သေဒဏ်” အမိန့်ချမှတ်ခဲ့။
- သမိုင်းလမ်းဆုံ City Mart အနီးရှိ ယာဉ်ထိန်းရုံးအား မိုင်းထောင်ဖောက်ခွဲရာ၌ အားပေးကူညီခဲ့ကြသည့် ဒဂုံမြို့သစ် (မြောက်ပိုင်း)နေ တရားခံ ၂ ဦးအား အကြမ်းဖက် မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀(ဈ) အရ “ထောင်ဒဏ်တစ်သက်” အမိန့်ချမှတ်ခဲ့။
Add new comment