(၂၉) ကြိမ်မြောက် မြန်မာ့တပ်မတော်ဆေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲအကြို အလုပ်ရုံဆွေးနွေးပွဲ ပထမနေ့ကို မေလ ၆ ရက်တွင် တပ်မတော်ဆေးတက္ကသိုလ်၌လည်းကောင်း၊ ဒုတိယနေ့ကို မေလ ၇ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ တပ်မတော်အရိုးရောဂါကုဆေးရုံကြီး (ခုတင်-၅၀၀) ၌လည်းကောင်း ၂ ရက်ကြာ ကျင်းပခဲ့ပါသည်။
(၂၉) ကြိမ်မြောက် မြန်မာ့တပ်မတော်ဆေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲအကြို အလုပ်ရုံဆွေးနွေးပွဲ ပထမနေ့တွင် Overview of Standard Setting၊ Type of Standards နှင့် Implementing Standard Setting ခေါင်းစဉ်တို့အား တာဝန်ရှိသူများက ဆွေးနွေးခဲ့ကြပြီး တက်ရောက်လာကြသည့် သင်တန်းသားများက အုပ်စု ၃ စုခွဲ၍ Group work များနှင့် Group Presentations များပြုလုပ်ခဲ့ကြပါသည်။ အဆိုပါဆွေးနွေးပွဲသို့ တပ်မတော်ဆေးတက္ကသိုလ်ကျောင်းအုပ်ကြီး၊ ပါမောက္ခချုပ်၊ တပ်မတော်သင်ကြားရေးဌာနများမှ ပါမောက္ခ/ဌာနမှူးများ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြကြောင်းသိရှိရပါသည်။
ဆွေးနွေးပွဲဒုတိယနေ့သို့ စင်ကာပူနှင့်မလေးရှားနိုင်ငံတို့မှ ပါမောက္ခဆရာဝန်ကြီးများ၊ တပ်မတော်အရိုးရောဂါဆိုင်ရာ ပါမောက္ခပါရဂူကြီးများ၊ ပြည်တွင်းဆေးတက္ကသိုလ်များမှ အရိုးရောဂါ ဆိုင်ရာ ပါမောက္ခပါရဂူကြီးများ၊ ပါမောက္ခဌာနမှူးများ၊ ပန်းလှိုင်အပြည်ပြည်ဆိုင်ရာဆေးရုံကြီးမှ အတိုင်ပင်ခံအရိုးရောဂါဆရာဝန်ကြီး၊ တပ်မတော်ဆေးတက္ကသိုလ် အရိုးရောဂါဘွဲ့လွန် ကျောင်းသားများနှင့် ဆေးလက်တွေ့ပါရဂူကျောင်းသားများ တက်ရောက်ခဲ့ကြပြီး တပ်မတော်အရိုးရောဂါကုဆေးရုံများမှ အရိုးပါရဂူ ၁၀၀ ဦးခန့်က ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်၍ ပြည်ပမှဗီဒီယိုကွန်ဖရင့်ဖြင့် တက်ရောက်ကြသော အရိုးရောဂါဆိုင်ရာပညာရှင်ကြီးများနှင့် နောက်ဆုံးပေါ်နိုင်ငံတကာအရိုးရောဂါကုထုံးများအား လက်တွေ့လုပ်ဆောင်နိုင်သည်အထိ ဆွေးနွေးခဲ့ကြကြောင်းသိရှိရပါသည်။
- (၂၉) ကြိမ်မြောက် မြန်မာ့တပ်မတော်ဆေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲအကြို အလုပ်ရုံဆွေးနွေးပွဲ ပထမနေ့တွင် Overview of Standard Setting၊ Type of Standards နှင့် Implementing Standard Setting ခေါင်းစဉ်တို့အား တာဝန်ရှိသူများက ဆွေးနွေးခဲ့ကြပြီး တက်ရောက်လာကြသည့် သင်တန်းသားများက အုပ်စု ၃ စုခွဲ၍ Group work များနှင့် Group Presentations များပြုလုပ်ခဲ့။
- ဆွေးနွေးပွဲဒုတိယနေ့တွင် ပြည်တွင်းမှ အရိုးရောဂါဆိုင်ရာပညာရှင်ကြီးများနှင့် စင်ကာပူ၊ မလေးရှားနိုင်ငံတို့မှ ပါမောက္ခဆရာဝန်ကြီးများအပါအဝင် ပြည်ပမှ ဗီဒီယိုကွန်ဖရင့်ဖြင့်တက်ရောက်ကြသော အရိုးရောဂါဆိုင်ရာပညာရှင်ကြီးများက နောက်ဆုံးပေါ် နိုင်ငံတကာအရိုးရောဂါကုထုံးများအား လက်တွေ့လုပ်ဆောင်နိုင်သည်အထိ ဆွေးနွေးခဲ့ကြ။
Add new comment