နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်နှင့် တာဝန်ရှိသူတို့လိုက်ပါ၍ မေလ ၆ ရက်တွင် သန်လျင်တပ်နယ်၊ ရေတပ်သင်္ဘောကျင်းဌာနချုပ်ရှိ Motivation Hall သို့သွားရောက်ခဲ့ပြီး တပ်မတော်(ရေ) တွင် အသုံးပြုလျက်ရှိသည့် စစ်ရေယာဉ်များ၏ မှတ်တမ်းဓာတ်ပုံများအားကြည့်ရှုခဲ့ရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသခဲ့ကြပါသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့် အဖွဲ့ဝင်များသည် နယ်မြေခံသင်တန်းကျောင်းရှိ သင်တန်းသားများအား စာတွေ့၊ လက်တွေ့ သင်ခန်းစာပို့ချနေမှုနှင့် အဆိုပါတပ်ရှိ Damage Control Simulator လက်တွေ့လေ့ကျင့်နေမှုများအား ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်းသိရှိရပါသည်။
- နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် တာဝန်ရှိသူများလိုက်ပါ၍ သန်လျင်တပ်နယ်၊ ရေတပ်သင်္ဘောကျင်းဌာနချုပ်ရှိ Motivation Hall သို့သွားရောက်ခဲ့ပြီး တပ်မတော်(ရေ)တွင် အသုံးပြုလျက်ရှိသည့် စစ်ရေယာဉ်များ၏ မှတ်တမ်းဓာတ်ပုံများ၊ နယ်မြေခံသင်တန်းကျောင်းရှိ သင်တန်းသားများအား စာတွေ့၊ လက်တွေ့သင်ခန်းစာပို့ချနေမှုများ၊ Damage Control Simulator လက်တွေ့လေ့ကျင့်နေမှုများအား ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များပေါင်းစပ်ညှိနှိုင်းပေးခဲ့။
Add new comment