နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း သီလဝါအထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီမှ တာဝန်ရှိသူများအား တွေ့ဆုံ

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် အဖွဲ့သည် မေလ ၆ ရက်တွင် သီလဝါအထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှုကော်မတီမှ တာဝန်ရှိသူများအား သီလဝါအထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ တွေ့ဆုံ၍အမှာစကားပြောကြားရာတွင်-

  • ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်မှစတင်၍ မြန်မာနိုင်ငံအစိုးရနှင့် ဂျပန်နိုင်ငံအစိုးရ ပူးပေါင်းဆောင်ရွက်မှုဖြင့် ထူထောင်ခဲ့သည့် သီလဝါအထူးစီးပွားရေးဇုန်သည် ၈ နှစ် တာကာလအတွင်း ရင်းနှီးမြှုပ်နှံမှု စုစုပေါင်းအမေရိကန် ဒေါ်လာ ၂ ဒသမ ၁၂ ဘီလီယံရှိပြီး မြန်မာကုမ္ပဏီ ၉ ခု မြန်မာအစုရှယ်ယာ ရှင် ၁၇,၀၀၀ ကျော်နှင့် ဂျပန်ကုမ္ပဏီ ၃ ခု တို့မှ ပါဝင်ပူးပေါင်း၍ မြန်မာနိုင်ငံအစိုးရမှ ၁၀ ရာခိုင်နှုန်း၊ မြန်မာနိုင်ငံသားကုမ္ပဏီမှ ၄၁ ရာခိုင်နှုန်း၊ ဂျပန်နိုင်ငံအစိုးရမှ ၁၀ ရာခိုင်နှုန်း၊ ဂျပန်ကုမ္ပဏီမှ ၃၉ ရာခိုင်နှုန်းအသီးသီး အချိုးကျထည့်ဝင်ဆောင်ရွက်ရသည့် အထူးစီးပွားရေးဇုန်ကြီးတစ်ခုဖြစ်ကြောင်း။
  • လုပ်နည်းပိုင်းဆိုင်ရာအရနှင့် သီလဝါအထူးစီးပွားရေးဇုန်၏ လုပ်ပိုင်ခွင့်ရမြေ ၅,၀၀၀ ကျော်ဧကတွင် ခွင့်ပြုရောင်းချပြီး မြေနေရာများအားလုံးအနက် ကျန်ရှိမြေနေရာများနှင့် လုပ်ငန်းအမြန်အကောင်အထည်ဖော်နိုင်ရန် စီမံခန့်ခွဲမှုကော်မတီက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးရန်လိုကြောင်း။
  • အထူးစီးပွားရေးဇုန် အဆင့်လိုက်စီမံကိန်းများပြီးစီးပါက အလုပ်အကိုင်အခွင့်အလမ်း လက်ရှိ ၁၃,၃၀၀ ကျော်မှ ၃ သိန်းကျော်ခန့် ဖော်ဆောင်ပေးနိုင်မည်ဖြစ်၍ စနစ်တကျ ပေါင်းစပ်ညှိနှိုင်း အကောင်အထည်ဖော်ဆောင်ရွက်ရန်လိုကြောင်း။
  • ဇုန်နေရာအလိုက် သတ်မှတ်ပေးထားသော ကုန်ကြမ်းကုန်ချောပစ္စည်းများ မှန်မှန်ကန်ကန်တင်သွင်းခြင်း၊ တင်ပို့ခြင်းရှိမရှိ စစ်ဆေးနိုင်ရန် X- Ray Machine များ တပ်ဆင် စစ်ဆေးကြပ်မတ်ရန် လိုအပ်ကြောင်း။
  • နိုင်ငံတကာရင်းနှီးမြှုပ်နှံသူများ ပိုမိုစိတ်ဝင်စားစေရန်လည်း Myanmar Japan Thilawer Development (MJTD) မှ Bro-chure များ၊ Media များ၊ Website များမှ ယခုထက် ပိုမိုဆွဲဆောင်ရန်လိုအပ်ကြောင်း။
  • ပြည်တွင်းမှထွက်ရှိသည့် စိန်တစ်လုံးသရက်နှင့် ထောပတ်ပဲကဲ့သို့ သီးနှံများကို ဇုန်အတွင်း၌ CAN စနစ်ဖြင့် ပြုပြင်ထုတ်လုပ်နိုင်ရေး စိတ်ဝင်စားမှုရှိသည့် ကုမ္ပဏီများကိုလည်း အမြန်ဆုံးဖြစ်မြောက်စေရေး လိုအပ်သည်များကို ကူညီဆောင်ရွက်လမ်းညွှန်ပေးရန်လိုကြောင်း၊ သို့မှသာ စိန်တစ်လုံးသရက်သီးနှင့် ထောပတ်ပဲ စိုက်ပျိုးသူများအတွက် ဈေးကွက်အနှိမ်ခံရမှုမှ လွတ်ကင်းမည့် အကျိုးရှိစေနိုင်မည်ဖြစ်၍ အမြန်ဆုံးအကောင်အထည်ဖော်နိုင်ရေး စီမံကြရမည်ဖြစ်ကြောင်း။
  • သီလဝါအထူးစီးပွားရေးဇုန်တွင် သုံးစွဲနေသော လျှပ်စစ်ဓာတ်အားကို Gas မှ LNG ကဲ့သို့ နိုင်ငံခြားငွေဖြင့်ဝယ်ယူသုံးစွဲမှုကို အစားထိုးနိုင်ရေး ဆိုလာနှင့် လေအား လျှပ်စစ်ထုတ်ယူနိုင်မှုကို ကုမ္ပဏီတစ်ခုချင်း သို့မဟုတ် ဇုန်အလိုက် ထုတ်လုပ်နိုင်ပါက နိုင်ငံတော်နှင့် ပုဂ္ဂလိကကုမ္ပဏီများမှ လျှပ်စစ်ဓာတ်အား ရယူသုံးစွဲမှုကို လျှော့ချနိုင်မည် ဖြစ်သလို နိုင်ငံတော်အတွက်လည်း အခြားလျှပ်စစ်ဓာတ်အား လိုအပ်သည့်နေရာများကို ပိုမိုဖြည့်ဆည်းပေးနိုင်မည်ဖြစ်ကြောင်း။
  • ၎င်းအပြင်နိုင်ငံတော်မှ ရသင့်ရထိုက်သော အခွန်အခများ မဆုံးရှုံးစေရေးနှင့် ရင်းနှီးမြှုပ်နှံမှုအသစ်များ ထပ်မံဖိတ်ခေါ်သွားရန်လည်းလိုကြောင်း။
  • နိုင်ငံတော်၏ ပထမဆုံးနှင့် အောင်မြင်မှုအရှိဆုံး စံပြအထူးစီးပွားရေးဇုန်ဖြစ်ရန် ယခုထက်အောင်မြင်အောင်ကြိုးပမ်းဆောင်ရွက်ရန်လိုကြောင်းဖြင့် ပြောကြားခဲ့ပါသည်။

ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် ခင်းကျင်းပြသထားသည့် သီလဝါအထူးစီးပွားရေးဇုန်မှ ထုတ်လုပ်သောကုန်ပစ္စည်းများနှင့် သီလဝါအထူးစီးပွားရေးဇုန်အတွင်းရှိ လျှပ်စစ်ကေဘယ်များ ထုတ်လုပ်သည့် L S- GaonCable Myanmar စက်ရုံနှင့် ဓာတ်မြေဩဇာထုတ်လုပ်သည့် စီပီ ဆင်ဖြူတော်စက်ရုံများ၏ လုပ်ငန်းဆောင်ရွက်မှုများအား လှည့်လည်ကြည့်ရှု၍ တာဝန်ရှိသူများအား လိုအပ်သည်များမှာကြားခဲ့ပါ သည်။

သီလဝါအထူးစီးပွားရေးဇုန်၌ နိုင်ငံပေါင်း ၂၁ နိုင်ငံမှ ကုမ္ပဏီပေါင်း ၉၄ ခု လာရောက်ရင်းနှီး မြှုပ်နှံခဲ့ရာမှ ၂၀၂၁ ခုနှစ်၊ ကိုဗစ်-၁၉ တတိယလှိုင်းကာလ၌ ၈၉ ခု ယာယီရပ်ဆိုင်းခဲ့ရာမှ လုပ်ငန်းအဖွဲ့နှင့် စီမံခန့်ခွဲမှုကော်မတီတို့၏ စည်းရုံးဆောင်ရွက်ခဲ့မှုကြောင့် ကုမ္ပဏီစုစုပေါင်း ၈၂ ခုမှ လုပ်ငန်းလည်ပတ်ရပြီး ကျန်ရှိကုမ္ပဏီများအနေဖြင့်လည်း မကြာမီပြန်လည် ဆောင်ရွက်ကြမည်ဖြစ်ကြောင်း သိရှိရပါသည်။

  • ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်မှစတင်၍ မြန်မာနိုင်ငံအစိုးရနှင့် ဂျပန်နိုင်ငံအစိုးရ ပူးပေါင်းဆောင်ရွက်မှုဖြင့် ထူထောင်ခဲ့သည့် သီလဝါအထူးစီးပွားရေးဇုန်သည် ၈ နှစ် တာကာလအတွင်း ရင်းနှီးမြှုပ်နှံမှု စုစုပေါင်း အမေရိကန် ဒေါ်လာ ၂ ဒသမ ၁၂ ဘီလီယံရှိ။
  • အထူးစီးပွားရေးဇုန် အဆင့်လိုက်စီမံကိန်းများပြီးစီးပါက အလုပ်အကိုင်အခွင့်အလမ်း လက်ရှိ ၁၃,၃၀၀ ကျော်မှ ၃ သိန်းကျော်ခန့် ဖော်ဆောင်ပေးနိုင်မည်ဖြစ်။
  • သီလဝါအထူးစီးပွားရေးဇုန်၌ နိုင်ငံပေါင်း ၂၁ နိုင်ငံမှ ကုမ္ပဏီပေါင်း ၉၄ ခု လာရောက်ရင်းနှီး မြှုပ်နှံခဲ့ရာမှ ၂၀၂၁ ခုနှစ်၊ ကိုဗစ်-၁၉ တတိယလှိုင်းကာလ၌ ၈၉ ခု ယာယီရပ်ဆိုင်းခဲ့ရာမှ လုပ်ငန်းအဖွဲ့နှင့် စီမံခန့်ခွဲမှုကော်မတီတို့၏ စည်းရုံးဆောင် ရွက်ခဲ့မှုကြောင့် ကုမ္ပဏီစုစုပေါင်း ၈၂ ခုမှ လုပ်ငန်းလည်ပတ်ရပြီး ကျန်ရှိ ကုမ္ပဏီများအနေဖြင့်လည်း မကြာမီပြန်လည်ဆောင်ရွက်ကြမည်ဖြစ်။

Add new comment